သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ အိႏၵိယ ၾကားဝင္ေဆာင္ရြက္ေပးသင့္ (မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္)


အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္မွာေရာက္ေနၾကတဲ့ ခ်င္းတုိင္းရင္းသား ဒုကၡသည္ ကေလးမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

အိမ္နီးခ်င္းျမန္မာႏိုင္ငံအတြင္းမွာ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိဖို႔ အိႏၵိယအစိုးရအေနနဲ႔ စစ္အာဏာပိ္ုင္ေတြနဲ႔ေရာ တျခား တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ပါ ေတြ႔ဆုံ ေဆြးေႏြးသင့္တယ္လို႔ မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthanga က တိုက္တြန္းလိုက္ပါတယ္။

အိႏၵိယက ၿငိမ္းခ်မ္းေရးအတြက္ ၾကားဝင္ေဆာင္ရြက္ေပးသင့္တယ္လို႔ ျမန္မာႏိုင္ငံသား တခ်ိဳ႕ အုပ္စုေတြက ေတာင္းဆိုတာကို လက္ခံရရွိခဲ့ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က အိႏၵိယႏိုင္ငံအေျခစိုက္ The Week မဂၢဇင္းကို ေျပာပါတယ္။ စေနေန႔က ၿမိဳ႕ေတာ္ေဒလီကေန ျပန္အေရာက္မွာ သတင္းေထာက္ေတြနဲ႔ဝန္ႀကီးခ်ဳပ္ Zoramthanga က ေတြ႔ဆုံခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ အနည္းငယ္က သူဟာ အိႏၵိယအမ်ိဳးသားလုံၿခဳံေရးအႀကံေပး Ajit Doval နဲ႔ ၿငိမ္းခ်မ္းေရး ခရီးစဥ္တခုသြားဖူးခဲ့တယ္လို႔ သူက ဆိုပါတယ္။

အာဏာသိမ္းၿပီးကတည္းက ျမန္မာႏိုင္ငံဘက္က ဒုကၡသည္ ၃ ေသာင္းဝန္းက်င္ဟာ မီဇိုရမ္ ျပည္နယ္ အႏွံ႔အျပားမွာ သြားေရာက္ ခိုလႈံေနၾကရပါတယ္။ ဒုကၡသည္ အမ်ားစုျဖစ္တဲ့ ခ်င္းတိုင္းရင္းသားေတြဟာ မီဇိုရမ္မွာရွိတဲ့ မီဇိုးလူမ်ိဳးနဲ႔ မ်ိဳး႐ိုးဆင္းသက္ခဲ့ပုံေရာ ယဥ္ေက်းမႈပါ တူၾကတယ္လို႔ ဆိုပါတယ္။ ဒုကၡသည္ေတြရဲ႕ ေနေရးထိုင္ေရးနဲ႔ စားေရးေသာက္ေရးကို အစိုးရ၊ အင္န္ဂ်ီအိုေတြ၊ ဘုရားေက်ာင္းေတြနဲ႔ ေက်း႐ြာ အာဏာပိုင္ေတြက ပံ့ပိုးေပးေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာ့ငြိမ်းချမ်းရေးအတွက် အိန္ဒိယ ကြားဝင်ဆောင်ရွက်ပေးသင့် (မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်)

အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ အိန္ဒိယအစိုးရအနေနဲ့ စစ်အာဏာပိုင်တွေနဲ့ရော တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယက ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးသင့်တယ်လို့ မြန်မာနိုင်ငံသား တချို့ အုပ်စုတွေက တောင်းဆိုတာကို လက်ခံရရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံအခြေစိုက် The Week မဂ္ဂဇင်းကို ပြောပါတယ်။ စနေနေ့က မြို့တော်ဒေလီကနေ ပြန်အရောက်မှာ သတင်းထောက်တွေနဲ့ဝန်ကြီးချုပ် Zoramthanga က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်က သူဟာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval နဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တခုသွားဖူးခဲ့တယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဘက်က ဒုက္ခသည် ၃ သောင်းဝန်းကျင်ဟာ မီဇိုရမ် ပြည်နယ် အနှံ့အပြားမှာ သွားရောက် ခိုလှုံနေကြရပါတယ်။ ဒုက္ခသည် အများစုဖြစ်တဲ့ ချင်းတိုင်းရင်းသားတွေဟာ မီဇိုရမ်မှာရှိတဲ့ မီဇိုးလူမျိုးနဲ့ မျိုးရိုးဆင်းသက်ခဲ့ပုံရော ယဉ်ကျေးမှုပါ တူကြတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးကို အစိုးရ၊ အင်န်ဂျီအိုတွေ၊ ဘုရားကျောင်းတွေနဲ့ ကျေးရွာ အာဏာပိုင်တွေက ပံ့ပိုးပေးနေကြတာပါ။

XS
SM
MD
LG