သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း ၁ ဦးအသတ္ခံရမႈ ျမန္မာ ၁၅ ေယာက္ကို ဖမ္းဆီးစစ္ေဆး 


ထုိင္းႏုိင္ငံ၊ ရေနာင္းျပည္နယ္ထဲမွာ ထုိင္းႏိုင္ငံသား သက္ႀကီးရြယ္အိုတဦးအသတ္ခံထားရပံု ( ထုိင္းလူမႈကယ္ဆယ္ေရး/ဇူလိုင္ ၁၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ရေနာင္းျပည္နယ္မွာ ထိုင္းလႊတ္ေတာ္အမတ္ရဲ႕ လက္ေထာက္ရဲ႕ဖခင္ျပန္ေပးဆဲြအသတ္ခံရတာနဲ့ပတ္သက္လို႔ အနီးတ၀ိုက္မွာ အလုပ္လုပ္ေနတဲ့ ျမန္မာ ၁၅ ေယာက္ကို မသကၤာမႈနဲ႔ ဖမ္းဆီးစစ္ေဆးေနပါတယ္။ ထိုင္းအေျခစိုက္ ဗီအိုေအသတင္းေထာက္ မေအးေအးမာက ဆက္ၿပီး အျပည့္အစံု တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံ ရေနာင္းျပည္နယ္ ကရပူရီၿမိဳ႕နယ္၊ ပတ္က်န္အုပ္စု ဘန႔္ဟတ္တြန္ရပ္ကြက္မွာရိွတဲ့ ရာဘာၿခံတၿခံထဲကေရအိုင္မွာ ရေနာင္းလႊတ္ေတာ္အမတ္ရဲ႕လက္ေထာက္ ႏိုင္းထဝပ္က်ိဳင္ဒီနဲ႔ ပတ္က်န္ေက်းရြာအုပ္စုစီမံခန႔္ခြဲေရးမွဴး နန္းနရစ္မြန္းတို႔ရဲ႕ ဖခင္ႀကီးကုိ အသတ္ခံရတဲ့ပံုစံနဲ႔ ဇူလိုင္လ ၁၀ ရက္ေန႔က ရွာေဖြေတြ႕ရိွခဲ့ပါတယ္။ ေသဆံုးသူဟာ အသက္ ၈၁ ႏွစ္အရြယ္ သက္ႀကိီးရြယ္အုိတဦးျဖစ္ျပီး သူ႔ကို အဆက္သြယ္မရတာေႀကာင့္ မိသားစုဝင္ေတြက လိုက္လံစံုစမ္းခဲ့ၾကရာက အသတ္ခံထားရတဲ့ပံု အေလာင္းကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

ဖခင္ျဖစ္သူကုိ အဆက္အသြယ္မရျဖစ္ေနတုန္းမွာပဲ သားျဖစ္သူထံကို ျမန္မာႏိုင္ငံသားတဦး ဖုန္းဆက္ျပီး ေငြညွစ္ေတာင္းခံတာေတြလုပ္ခဲ့တယ္လို႔ မိသားစုက ေျပာၾကားထားပါတယ္။ ဒီေနာက္မွာ ေတာ့ အသတ္ခံထားရတဲ့ အေလာင္းကိုျပန္ရွာေတြ ့ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံသား ၁၅ ဦး ဖမ္းဆီးခံရတာျဖစ္တယ္လို႔ ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ့ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ က အလုပ္သမားေရးတာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“အဲဒီမွာက ျမန္မာေတြကအမ်ားႀကီးေလ။ ျမန္မာေတြအိမ္ေတြမွာ လုိက္ျပီးေမးျမန္းစံုစမ္းရင္းနဲ့ မသကၤာစရာေတြ ေတြ႔တယ္ေပါ့ေနာ္။ မသကၤာစရာေတြ႔တယ္ဆိုတာက သံသယျဖစ္ေနတဲ့ ျခံထဲက သူ႔အေဖရဲ ့အိမ္မွာလည္း ေသြးစေတြ ေတြ႔တာမ်ိဳး၊ သူ့အေဖက အျပင္သြားရင္ ယူေဆာင္သြားတဲ့အသံုးအေဆာင္ေတြကိုလည္း ယူေဆာင္သြားတာမရိွဘူး။ ေနာက္ ျမန္မာတေယာက္က သူ့ကို ဖုန္းဆက္တယ္။ သူ႔အေဖကုိ ျပန္ေပးဆဲြတယ္ဆိုတဲ့ပံုစံနဲ့ ၈ ေထာင္ေပးရမယ္ဆိုတာမ်ိဳး၊ ေနာက္တခါ ျမန္မာျပည္သားက အဲဒီဖုန္းနဲ႔ပဲ စာထပ္ပုိ့တယ္။ ဘတ္ တသန္းေပးရမယ္ဆိုတာမ်ိဳးေတြ ေရးထားတယ္။ အဲဒီဖုန္းကို သားျဖစ္သူက ဆက္သြယ္ေတာ့လည္း ဆက္သြယ္လို့မရဘူး။ ဖုန္းေတာ့ ဝင္တယ္တဲ့။ ခုနက မသကၤာဖြယ္ရာအေထာက္အထားေတြအရ ျပန္ေပးဆဲြတာဟုတ္ရဲ့လားေပါ့။ အခ်ိန္ဆဲြသလားဆုိျပီး လိုက္ရွာေတာ့ ရာဘာျခံေဘးက ေရအုိင္ထဲမွာအေလာင္းကုိ ပစ္ထားတာေတြ႔ ရတယ္။ အဲဒါေၾကာင့္ အနီးအနား ပတ္ဝန္းက်င္က ျမန္မာ ၁၅ ေယာက္ေလာက္ကို ဖမ္းဆီးစစ္ေဆးေနတယ္။”

အသတ္ခံထားရတဲ့အေလာင္းကိုေရအုိင္ထဲမွာ ေတြ႔ရွိခဲ့တာျဖစ္ျပီး လူသတ္မႈက်ဴးလြန္သူေတြကို ဖမ္းမိႏိုင္ဖုိ့အတြက္ကေတာ့ ရဲေတြက ဆက္ၿပီး စံုစမ္းစစ္ေဆးေနပါတယ္။ ဖမ္းဆီးခံထားရတဲ့ျမန္မာေတြထဲက ၃ ဦးကုိေတာ့ အဓိကသံသယရွိသူေတြအျဖစ္ ယူဆထားၾကျပီး ဆက္လက္စစ္ေဆးေနတယ္လို့ဆိုပါတယ္။

“မသကၤာစရာအျဖစ္ဆံုး ၃ ေယာက္ကိုေတာ့ ဖမ္းထားတယ္။ က်န္တဲ့သူေတြကိုလည္း ဆက္စစ္ေနပါတယ္။ အဲဒီျခံရဲ့ မ်က္ႏွာခ်င္းဆုင္အေရွ့မွာရွိတဲ့ျခံက ျမန္မာ၂ ေယာက္ကလည္း ေပ်ာက္ေနတယ္ေျပာတယ္။”

ေသဆုံးသူဟာ အသက္ ၈၁ ႏွစ္အ႐ြယ္ ႏိုင္းထႏူးက်ိဳင္ဒီ ဆုိသူျဖစ္ျပီး ျမန္မာႏိုင္ငံသားေတြနဲ့ရင္းႏွီးတဲ့ဆက္ဆံေရးရွိျပီး ျမန္မာႏိုင္ငံသားအလုပ္သမားေတြနဲ့ ရာဘာျခံထဲမွာ အတူေနထိုင္ေနတဲ့သူလို႔လည္း ေျပာပါတယ္။

အလားတူ ထိုင္းႏိုင္ငံ ဆုန္ခလာျပည္နယ္ ဟတ္ယိုင္ၿမိဳ႕နယ္မွာ ဇြန္လ ၁ ရက္က ထိုင္းႏိုင္ငံသား ၁ ဦးသတ္ၿပီး ေျမျမႇဳပ္အေလာင္းေဖ်ာက္တဲ့အမႈနဲ႔ပတ္သက္လို႔ တရားခံကိုဖမ္းဆီးႏိုင္ဖို့အတြက္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၃၀၀ ေက်ာ္ကုိ ထိုင္းအာဏာပိုင္ေတြကဖမ္ဆီးခဲ့ပါတယ္။ ဒီထဲက ျမန္မာႏိုင္ငံသားတခ်ိဳ့ကုိလည္း လူသတ္မႈနဲ့ တရားစဲြထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

ထိုင်း ၁ ဦးအသတ်ခံရမှု မြန်မာ ၁၅ ယောက်ကို ဖမ်းဆီးစစ်ဆေး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းပြည်နယ်မှာ ထိုင်းလွှတ်တော်အမတ်ရဲ့ လက်ထောက်ရဲ့ဖခင်ပြန်ပေးဆွဲအသတ်ခံရတာနဲ့ပတ်သက်လို့ အနီးတဝိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ၁၅ ယောက်ကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ထိုင်းအခြေစိုက် ဗီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ရနောင်းပြည်နယ် ကရပူရီမြို့နယ်၊ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရပ်ကွက်မှာရှိတဲ့ ရာဘာခြံတခြံထဲကရေအိုင်မှာ ရနောင်းလွှတ်တော်အမတ်ရဲ့လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်ကျေးရွာအုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်းတို့ရဲ့ ဖခင်ကြီးကို အသတ်ခံရတဲ့ပုံစံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတဦးဖြစ်ပြီး သူ့ကို အဆက်သွယ်မရတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ကြရာက အသတ်ခံထားရတဲ့ပုံ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူကို အဆက်အသွယ်မရဖြစ်နေတုန်းမှာပဲ သားဖြစ်သူထံကို မြန်မာနိုင်ငံသားတဦး ဖုန်းဆက်ပြီး ငွေညှစ်တောင်းခံတာတွေလုပ်ခဲ့တယ်လို့ မိသားစုက ပြောကြားထားပါတယ်။ ဒီနောက်မှာ တော့ အသတ်ခံထားရတဲ့ အလောင်းကိုပြန်ရှာတွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အဲဒီမှာက မြန်မာတွေကအများကြီးလေ။ မြန်မာတွေအိမ်တွေမှာ လိုက်ပြီးမေးမြန်းစုံစမ်းရင်းနဲ့ မသင်္ကာစရာတွေ တွေ့တယ်ပေါ့နော်။ မသင်္ကာစရာတွေ့တယ်ဆိုတာက သံသယဖြစ်နေတဲ့ ခြံထဲက သူ့အဖေရဲ့အိမ်မှာလည်း သွေးစတွေ တွေ့တာမျိုး၊ သူ့အဖေက အပြင်သွားရင် ယူဆောင်သွားတဲ့အသုံးအဆောင်တွေကိုလည်း ယူဆောင်သွားတာမရှိဘူး။ နောက် မြန်မာတယောက်က သူ့ကို ဖုန်းဆက်တယ်။ သူ့အဖေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ပုံစံနဲ့ ၈ ထောင်ပေးရမယ်ဆိုတာမျိုး၊ နောက်တခါ မြန်မာပြည်သားက အဲဒီဖုန်းနဲ့ပဲ စာထပ်ပို့တယ်။ ဘတ် တသန်းပေးရမယ်ဆိုတာမျိုးတွေ ရေးထားတယ်။ အဲဒီဖုန်းကို သားဖြစ်သူက ဆက်သွယ်တော့လည်း ဆက်သွယ်လို့မရဘူး။ ဖုန်းတော့ ဝင်တယ်တဲ့။ ခုနက မသင်္ကာဖွယ်ရာအထောက်အထားတွေအရ ပြန်ပေးဆွဲတာဟုတ်ရဲ့လားပေါ့။ အချိန်ဆွဲသလားဆိုပြီး လိုက်ရှာတော့ ရာဘာခြံဘေးက ရေအိုင်ထဲမှာအလောင်းကို ပစ်ထားတာတွေ့ ရတယ်။ အဲဒါကြောင့် အနီးအနား ပတ်ဝန်းကျင်က မြန်မာ ၁၅ ယောက်လောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်။”

အသတ်ခံထားရတဲ့အလောင်းကိုရေအိုင်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လူသတ်မှုကျူးလွန်သူတွေကို ဖမ်းမိနိုင်ဖို့အတွက်ကတော့ ရဲတွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဖမ်းဆီးခံထားရတဲ့မြန်မာတွေထဲက ၃ ဦးကိုတော့ အဓိကသံသယရှိသူတွေအဖြစ် ယူဆထားကြပြီး ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

“မသင်္ကာစရာအဖြစ်ဆုံး ၃ ယောက်ကိုတော့ ဖမ်းထားတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်စစ်နေပါတယ်။ အဲဒီခြံရဲ့ မျက်နှာချင်းဆုင်အရှေ့မှာရှိတဲ့ခြံက မြန်မာ၂ ယောက်ကလည်း ပျောက်နေတယ်ပြောတယ်။”

သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် နိုင်းထနူးကျိုင်ဒီ ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့ ရာဘာခြံထဲမှာ အတူနေထိုင်နေတဲ့သူလို့လည်း ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသား ၁ ဦးသတ်ပြီး မြေမြှုပ်အလောင်းဖျောက်တဲ့အမှုနဲ့ပတ်သက်လို့ တရားခံကိုဖမ်းဆီးနိုင်ဖို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေကဖမ်ဆီးခဲ့ပါတယ်။ ဒီထဲက မြန်မာနိုင်ငံသားတချို့ကိုလည်း လူသတ်မှုနဲ့ တရားစွဲထားပါတယ်ရှင်။

XS
SM
MD
LG