သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ဆီတင်သင်္ဘောပေါက်ကွဲမှု မြန်မာ ၇ ဦး အပါအဝင် ၈ ဦးသေ 


ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ပေါက်ကွဲသေဆုံးခဲ့ရတဲ့ မြန်မာအလုပ်သမား ၇ ဦးရဲ့ကျန်ရစ်သူမိသားစုဝင်များ။ (ဓာတ်ပုံ-ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ဘန်ကောက်မြို့။ ဇန်နဝါရီ ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ပေါက်ကွဲသေဆုံးခဲ့ရတဲ့ မြန်မာအလုပ်သမား ၇ ဦးရဲ့ကျန်ရစ်သူမိသားစုဝင်များ။ (ဓာတ်ပုံ-ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ဘန်ကောက်မြို့။ ဇန်နဝါရီ ၁၇၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 ပေါက်ကွဲခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦး အပါအဝင် လူ ၈ ဦးသေဆုံးခဲ့ပြီး မြန်မာ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိမ်းသိမ်းဖို့ရပ်နားထားတဲ့ဆီတင်ယာဉ်သင်္ဘောတစင်း ဇန်နဝါရီလ ၁၇ ရက်နေ့က ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအတွင်း မြန်မာ ၇ ဦးအပါအဝင် လူ ၈ ဦးသေဆုံးခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“ပြုပြင်ထိန်းသိမ်းဖို့အတွက် ရပ်နားထားတဲ့ဆီတင်သင်္ဘောပေါ့ဗျာ၊ အဲဒီသင်္ဘောက ပေါက်ကွဲတဲ့အတွက်ပေါ့၊ သင်္ဘောက ပိုက်လိုင်းကိုဂဟေဆော်ဖို့ သင်္ဘောကလုပ်သား ၃၀ လောက်က အလုပ်လုပ်နေကြတာပေါ့။ အဲဒီလိုလုပ်နေရင်းနဲ့ ဆီလက်ကျန်ကနေတဆင့် မီးလောင်ပေါက်ကွဲခဲ့တာပေါ့။ အဲဒီလို ပေါက်ကွဲတာကြောင့် အလုပ်သမား ၇ ယောက်လောက်က ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ ပျောက်သွားပါတယ်။ အဲဒီထဲက မနေ့က မြန်မာအလုပ်သမား ၁ ယောက်ကို အလောင်းတွေ့တယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က မောင်ပိုက်ထွေးရဲ့အလောင်းကိုတွေ့တယ်။ ဆက်လက်ပြီး ဒီနေ့ ရှာတွေ့တာကတော့ ဇန်နဝါရီလ ၁၈ ရက်မှာ နောက်ထပ် မြန်မာအလုပ်သမား အလောင်း ၆ လောင်းနဲ့ ထိုင်းအလုပ်သမားတယောက်အလောင်းကို တွေ့တယ်။”

မြန်မာအလုပ်သမား ၇ ဦးသေဆုံးခဲ့ကြောင်း ဘန်ကောက်မြို့မြန်မာသံရုံးကလည်းထုတ်ပြန်ခဲ့ပြီး သေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုတော့ ဥပဒေပါ အာမခံကြေး၊ ဆုကြေး၊ နစ်နာကြေးတွေရအောင် ဆောင်ရွက်ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ တွေ့ဆုံပြီး၊ အားပေးစကား ပြောပြီး မြန်မာသံရုံးက ထိုင်းအလုပ်သမားဝန်ကြီးဌာနက လူတွေနဲ့ပူးပေါင်းဆောင်ရွက် သေဆုံးသူတွေရဲ့နစ်နာကြေးတွေ၊ ဆုကြေးတွေ အမြန်ဆုံးရဖို့အတွက် ဆောင်ရွက်ပေးမယ်လို့အားပေးစကားပြောခဲ့တယ်။ သေဆုံးသူတွေရဲ့မိသားစုတွေကိုလည်း ဘတ် ၅ ထောင်စီပေးပြီး အားပေးစကားပြောခဲ့တယ်။”

သေဆုံးသူအများစုကတော့ သင်္ဘောပြင်ဆင်နေတဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG