သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံရေးအပြောင်းအလဲ မြန်မာ့အရေး ရိုက်ခတ်နိုင်


မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob 
မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob 

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလဆန်း ပုံမှန်ထက်စောပြီးကျင်းပဖို့မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းပေါ်မှာလည်း ရိုက်ခတ်နိုင်ကြောင်း The Diplomat သတင်းစာမှာ သုံးသပ်ရေးသားထားပါတယ်။

ရွေးကောက်ပွဲသစ်ကျင်းပဖို့အတွက် ပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မနေ့က ကြေညာပါတယ်။

ရက် ၆၀ အတွင်း ရွေးကောက်ပွဲကျင်းပတဲ့အခါ မြန်မာနိုင်ငံအရေး ပြတ်ပြတ်သားသား ဖိအားပေးဖို့ တောင်းဆိုနေတဲ့ လက်ရှိ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ရဲ့ တာဝန်ယူမှု ပြောင်းလဲသွားနိုင်တာကြောင့် မြန်မာနိုင်ငံအပေါ်ထားတဲ့ မလေးရှားနိုင်ငံရဲ့ မူဝါဒအပေါ် သက်ရောက်နိုင်တယ်ဆိုပြီး အကဲခတ်တွေက ခန့်မှန်းထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ရဲ့ ပါတီဖြစ်တဲ့ Parti Pribumi Bersatu Malaysia ခေါ် BERSATU တိုင်းရင်းသားပါတီဟာ မလေးရှား အောက်လွှတ်တော်အမတ် ၂၂၂ နေရာမှာ ၂၈ နေရာ ရရှိထားပါတယ်။ လက်ရှိအာဏာရ ညီညွတ်သော မလေးရှားအမျိုးသား အစည်းအရုံး UMNO ပါတီတွင်း လာဘ်စားမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်မှာ ပါတီငယ်လေးတွေကို အားထားပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအပြီး UMNO ပါတီရဲ့ ညွှန့်ပေါင်းအစိုးရပုံစံ ပြောင်းလဲသွားနိုင်သလို နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ရဲ့ BERSATU ပါတီအပေါ် ညွှန့်ပေါင်းအစိုးရအဖွဲ့အတွင်း ထောက်ခံမှုလည်း ကျဆင်းနေတယ်လို့ သုံးသပ်ရေးသားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနအတွင်း လက်ရှိမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးရင်တောင် မြန်မာ့အရေးအခိုင်အမာရပ်တည်တဲ့ နိုင်ငံခြားရေးဝန်ကြီး ပြောင်းသွားနိုင်တာကြောင့် မလေးရှားပြည်တွင်းရေးဟာ ဒေသတွင်း နိုင်ငံရေးအခြေအနေကို ရိုက်ခတ်နေတယ်ဆိုပြီး The Diplomat သတင်းစာက သုံးသပ်ရေးသားတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံရေးအပြောင်းအလဲ မြန်မာ့အရေး ရိုက်ခတ်နိုင်.mp3
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG