သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် နောက်ဆုံးအယူခံ တရားရုံးပယ်ချ 


မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် က ပူထရာဂျရာမြို့ ဖက်ဒရယ်တရားရုံးမှာ လာရောက်အမှုရင်ဆိုင်စဉ် သတင်းစာရှင်းလင်းပွဲကျင်းပပုံ။ (သြဂုတ် ၁၈၊ ၂၀၂၂)
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် က ပူထရာဂျရာမြို့ ဖက်ဒရယ်တရားရုံးမှာ လာရောက်အမှုရင်ဆိုင်စဉ် သတင်းစာရှင်းလင်းပွဲကျင်းပပုံ။ (သြဂုတ် ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ နောက်ဆုံးအယူခံ ပယ်ချခံလိုက်ရ ပါတယ်။ အခုလို ပယ်ချခံလိုက်ရတာကြောင့် သူ့အပေါ်ချမှတ်ထားတဲ့ထောင်ဒဏ်ကို ချက်ချင်း စတင်ကျခံရမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ ထောင်ချခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်သွားပါတယ်။

အစိုးရပိုင် 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေ အပါအဝင် တခြား အကျင့်ပျက်ခြစားမှုတွေနဲ့ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာပါ။ ဒီတကြိမ် လျှောက်လဲချက်အယူခံဟာ နောက်ဆုံးအကြိမ် ဖြစ်ပြီး သူ့အပေါ် ထောင်ဒဏ်စီရင်ချက် ချမှတ်ထားတာတွေကို ပြန်လည်စစ်ဆေးပြီး အမှုကို ပ,လပ်ပေးဖို့ ဝန်ကြီးချုပ်ဟောင်း Razak က မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် တရားသူကြီး ၅ ယောက်ပါ ဖက်ဒရယ်တရားရုံးက တညီတညွတ်တည်း ပယ်ချခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် Najib Razak ဟာ သူဝန်ကြီးချုပ်တာဝန်ယူစဉ် ၂၀၀၉ ခုနှစ်တုန်းက နိုင်ငံတော်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံနဲ့ စတင် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ်က ငွေတွေ ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံခဲ့ရတာပါ။

ကြားနာစစ်ဆေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် အာဏာအလွဲသုံးစားလုပ်မှု၊ တရားမဝင် ငွေကြေးလွဲပြောင်းမှု၊ 1MDB လက်အောက်ခံ SRC International ထံက အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး တရားမဝင်လက်ခံခဲ့မှုတို့အတွက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ထောင်ဒဏ် ၁၂ ချမှတ် အပြစ်ပေးခံခဲ့ရတာပါ။

ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း တလျှောက်လုံး ပြောဆိုပြီး အကြိမ်ကြိမ် အယူခံဝင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG