သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာအဖမ်းခံရတဲ့ မြန်မာတွေအနက် နိုင်ငံရေးဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ အခက်အခဲရှိ (The Alliance of Chin Refugees) 


 မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းမိပြီးနေရပ်ပြန်ပို့ပေးဖို့ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေလို့ ယူဆရသူများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၁)။
 မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းမိပြီးနေရပ်ပြန်ပို့ပေးဖို့ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေလို့ ယူဆရသူများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၁)။

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံအတွင်းမှာကော မလေးရှားထိုင်းနယ်စပ်တွေမှာပါ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက်ရှိနေပြီး အဲဒီထဲက ရာဂဏန်းလောက်ဟာ မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်လာသူတွေ၊ နိုင်ငံရေးမှာတက်ကြွလှုပ်ရှားတာကြောင့်တိမ်းရှောင်လာခဲ့သူတွေဖြစ်လို့ အဖမ်းခံရပြီးနေရပ်ပြန်ပို့ခံရတဲ့အခါမှာ အခက်အခဲတွေရှိနေတယ်လို့မလေးရှားအခြေစိုက်The Alliance of Chin Refugees (ACR) ကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံအတွင်းမှာကော မလေးရှားထိုင်းနယ်စပ်တွေမှာပါ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေ ထောင်ဂဏန်းလောက်ရှိနေပြီး အများစုကတော့ အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေ ဖြစ်ပါတယ်။ အဲဒီထဲက ရာဂဏန်းလောက်ကတော့ မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်လာသူများ မြန်မာနိုင်ငံရေးအခြေအနေတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်လို့ အဖမ်းခံရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ နေရပ်ပြန်ပို့ခံရတဲ့အခါမှာအခက်အခဲတွေရှိတယ်လို့ မလေးရှားအခြေစိုက်The Alliance of Chin Refugees (ACR) အဖွဲဥက္ကဋ္ဌ ဆလိုင်းမောင်မောင်လတ်က VOA ကိုအခုလိုပြောပါတယ်။

“ထိုင်းမလေးနယ်စပ်တွေမှာ အဖမ်းခံရတဲ့လူတွေကိစ္စ ပိုပြီးစိုးရိမ်ရပါတယ်။ CDM သမားတွေလည်းပါတယ်။ နိုင်ငံရေးအခက်အခဲတွေ၊ လှုပ်ရှားမူတွေကြောင့် နေထိုင်လို့မရလို့ ဒီဘက်ကို ခိုလှုံဖို့ရောက်လာကြသူတွေလည်းပါတယ်။ ၁၀၀ မကဘူး။ နှစ်ရာ၊ သုံးရာလောက်ထိရှိတယ်။ CDM တွေဖြစ်ပြီး အဖမ်းခံရတယ်။ ပြီးတော့အချုပ်ထဲကျတယ်။ အချုပ်ကျချိန်မှာ UNHCR က ဘာမှမကူညီနိုင်ဘူး။ မလုပ်ပေးနိုင်ဘူးဆိုရင် ၃ လကြာပြီးရင် ထိန်းသိမ်းရေးစခန်းကို အပို့ခံရမယ်။ ထိန်းသိမ်းရေးစခန်းပို့တယ်ဆိုတာနဲ့ သူတို့ဟာမြန်မာပြည်ကိုပြန်ပို့ခံရနိုင်တယ်။”

အဖမ်းခံရသူတွေနဲ့ပတ်သက်လို့ မြန်မာပြည်ပြန်ပို့ခံရမယ်ဆိုရင် သူတို့အတွက် စိုးရိမ်ရတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ ပြန်ပို့ရင်တော့ မြန်မာပြည်မှာအတော်လေးဒုက္ခရောက်နိုင်တယ်။ ကျနော်တို့ အဖွဲ အစည်းတွေအနေနဲ့ ဘာမှလုပ်ပေးနိုင်စွမ်းမရှိဘူး။ မလေးရှားဥပဒေ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖြစ်တဲ့အတွက် ရဲမှုတော့မဟုတ်ဘူး UNHCR ကလည်း ထိန်းသိမ်းရေးစခန်းတွေသွားပြီး ကူညီနိုင်တာ မလုပ်နိုင်တော့ဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ပြီး လူသိရှင်ကြားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ တကယ်လို့ မြန်မာပြည်ပြန်ပို့မယ်ဆိုရင်သူတို့တွေရဲ့အသက်အန္တရာယ်အတွက်ကစိုးရိမ်ရတယ် ဆိုတော့ အဲဒီလူတွေအတွက် ကျနော်တို့လုပ်နိုင်တာကတော့ အတော်နည်းပါတယ်။လုပ်ဖို့ကတော့ ကျနော်တို့အဖွဲအစည်းတခုတည်းနဲ့လုပ်ဖို့မဖြစ်နိုင်ဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ UNHCR၊ ကွန်မြူနတီအဖွဲ့အစည်းတွေရယ်၊ INGO အကြီးအကဲတွေ ဝင်ပြီးပါနိုင်မယ်ဆိုမှ ပိုပြီးအဆင်ပြေပါမယ်။”

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်မှာ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတွေအပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာလည်း နေရပ်မပြန်ချင်ကြတဲ့အတွက် သူတို့အဖွဲ့ကို အကူညီတောင်းခံထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မလေးရှားမှာအဖမ်းအဆီးတွေပိုများလာနေပြီး နေအိမ်တွေထဲထိ လိုက်လံဖမ်းဆီးတာ၊ လူစည်းကားရာနေရာတွေကို ပိတ်ဆို့ဖမ်းဆီးတာလည်း ဆက်တိုက်လုပ်လာသလို ထိုင်းမလေးနယ်စပ်မြို့တွေမှာ ဖမ်းဆီးနေတဲ့အတွက်လည်း ထိုင်းကနေတဆင့် ဝင်လာကြတဲ့ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံနေရပါတယ်ရှင်။

===============

[[Unicode]]








XS
SM
MD
LG