သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီၿမိဳ႕မွာ ပိုင္ရွင္မဲ့ကားတစီး ခ်ိန္ကိုက္မိုင္း ေထာင္ထားတာေတြ႔ 


ျမဝတီၿမိဳ႕ လင္းသီရိစတိုးဆုိင္ေရွ႕မွာ ဓာတ္ေငြ႔ရည္အိုးေလးအိုးနဲ႔တြဲခ်ည္ထားတဲ့ ခ်ိန္ကိုက္ဗံုးတင္ထားတဲ့ ပိုင္ရွင္မဲ့ကား။ (ေအာက္တုိဘာ ၁၈၊ ၂၀၂၂/ ဓာတ္ပံု-CJ)


[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရးတံတားအနီးက စတိုးဆိုင္တခုေရွ႕မွာ ခ်ိန္ကိုက္မိုင္း ေထာင္ထားတဲ့ကားတစီးကို ဒီကေန႔ ေန႔လယ္ပိုင္းမွာ အာဏာပိုင္ေတြက ရွင္းလင္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုးနဲ႔လည္းနီးတဲ့ အဲ့ဒီေနရာဟာ DKBA ေခါင္းေဆာင္ေဟာင္း ဗိုလ္မုတ္သုန္ ပိုင္တဲ့စတိုးဆိုင္ေရွ႕မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကတည္းက ရပ္ထားတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မဲေဆာက္ျမဝတီခ်စ္ၾကည္ေရးတံတားအနီးက DKBA ေခါင္းေဆာင္ေဟာင္း ဗုိလ္မုတ္သုန္ ပိုင္ဆုိင္တဲ့ လင္းသီရိစတိုးဆိုင္ေရွ႕မွာ ကားတစီးရပ္ထားတာၾကာေနတဲ့အတြက္ လမ္းသြားလမ္းလာေတြကဖယ္ရွားခိုင္းခဲ့တဲ့အခါ ဒီကားဟာ ပုိင္ရွင္မရွိတာကိုေတြ ႔ရတယ္လို႔ ဆိုပါတယ္။

ဒီေန႔မွာေတာ့ အာဏာပုိင္ေတြရွင္းလင္းခ်ိန္မွာကားေပၚမွာ ဂက္စ္အိုးေတြနဲ့အတူ ခ်ိန္ကိုက္မုိင္းေတြဆင္ထားတာကိုေတြ ႔ရတယ္လို့ ေဒသခံတဦးကေျပာျပပါတယ္။

“ကားက ၃ ရက္ေလာက္ရွိျပီတဲ့။ ဒီေန႔မွ အဲဒီဆုိင္ကေကာင္မေလးက သတိထားမိသြားတယ္။ သူ႔ကို သူမ်ားက ကားကိုဖယ္ခိုင္းတာေပါ့။ ကားႀကီးရပ္ထားတာကို ဖယ္ခိုင္းေတာ့ ကားထဲမွာဗံုးေတြတဲ့။ ဗိုလ္မုတ္သုန္ဆိုင္က သူတုိ႔ရဲေဘာ္ေတြေခၚခိုင္းေတာ့ အဲဒီမွာဗံုးေတြပါတယ္ေပါ့။ လာရွင္းေတာ့ အဲဒီမွာ ဂက္စ္အိုး ၄ အိုးေတြ႔တယ္။ လာရွင္းေတာ့ BGF ရဲေဘာ္ေတြကိုေတာ့ေတြ ႔တယ္။ အဲဒီနားက လူေတြအိမ္မွာမေနနဲ႔ ဆုိျပီး လာေရႊ႕ခိုင္းတယ္။ ခနေပါ့။ ေတာ္ၾကာေပါက္သြားမွာ စိုးလို့ပါ။”

ကားရပ္ထားတဲ့ေနရာဟာ DKBA ေခါင္းေဆာင္ေဟာင္းတဦးရဲ႕စတိုးဆိုင္ေရွ႕မွာျဖစ္သလို အနီးနားမွာေတာ့ အစုိးရဌာနဆိုင္ရာရံုးေတြ ဘဏ္ေတြ၊ စာသင္ေက်ာင္းေတြရွိတဲ့ေနရာျဖစ္တယ္လု႔ိလည္း ေျပာျပပါတယ္။

“ဗိုလ္မုတ္သုန္ဆိုင္ေပါ့။ လင္းသီရိက။ ေရွ႕တည့္တည့္မွာက ရဲစခန္းရဲ႕ ေမာ္ေတာ္ပီကယ္ရံုး၊ ျပီးရင္ လမ္း။ လမ္းျပီးရင္ စီးပြားဘဏ္။ ျပီးရင္ အေထြေထြ အုပ္ခ်ဳပ္ေရးရံုး။ ျပီးမွေက်ာင္းရွိတယ္။”

ဒီကားဟာလြန္ခဲ့တဲ့ ၃ ရက္ေလာက္က မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရးတံတားအနီးမွာ ေပါက္ကဲြမႈျဖစ္ျပီးကတည္းက ရပ္ထားတာလို့ ေဒသခံေတြကေျပာဆုိၾကျပီး အဲဒီညကေပါက္ကဲြမႈနဲ့ဆက္စပ္မလားဆိုတာ သံသယရွိေနႀကပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ျပီး ျမဝတီရဲစခန္းကတာဝန္ရွိသူေတြကိုဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ေအာက္တုိဘာလ (၁၁) ရက္ေန့က ျမဝတီၿမိဳ႕တံတားအနီးက ေစ်းဆုိင္တခုအတြင္းကုိ ဗံုးနဲ့ပစ္ခဲ့တာေၾကာင့္ လူတဦးေသဆံုးခဲ့ျပီး တခ်ိဳ့ ထိခုိက္ဒဏ္ရာရခဲ့ပါတယ္။ ေအာက္တုိဘာလ (၁၅) ရက္ေန႔ညကလည္း ထိုင္း-ျမန္မာ မဲေဆာက္ ျမဝတီခ်စ္ၾကည္ေရး တံတား (၁) အနီးမွာ ခ်ိန္ကိုက္မိုင္းေတြ ေပါက္ကဲြျပီး ကားေတြမီးေလာင္မႈ ျဖစ္ခဲ့ပါတယ္။ ဧျပီလ ၂၃ ရက္ေန့တုန္းကလည္း မဲေဆာက္ ျမဝတီခ်စ္ၾကည္ေရးတံတားအနီးမွာ ကားမိုင္းေပါက္ကဲြတာေၾကာင့္ ကားေတြမီးေလာင္ပ်က္စီးခဲ့ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ ျမဝတီၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္ကစၿပီး မၾကာခန ေပါက္ကဲြမႈေတြ ျဖစ္ခဲ့ပါတယ္။ ျမဝတီၿမိဳ႕ဟာ စစ္ေကာင္စီဘက္က လံုၿခံုေရးတင္းၾကပ္၊ တပ္အင္အားေတြလည္း ခ်ထားသလို တုိင္းရင္းသား လက္နက္ကုိုင္အဖဲြ႔ ၅ ဖဲြ႔ထက္မနည္း ရွိေနတဲ့ နယ္စပ္ၿမိဳ႕လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြဝတီမြို့မှာ ပိုင်ရှင်မဲ့ကားတစီး ချိန်ကိုက်မိုင်း ထောင်ထားတာတွေ့

ကရင်ပြည်နယ်၊ မြဝတီမြို့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအနီးက စတိုးဆိုင်တခုရှေ့မှာ ချိန်ကိုက်မိုင်း ထောင်ထားတဲ့ကားတစီးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့လည်းနီးတဲ့ အဲ့ဒီနေရာဟာ DKBA ခေါင်းဆောင်ဟောင်း ဗိုလ်မုတ်သုန် ပိုင်တဲ့စတိုးဆိုင်ရှေ့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီးက DKBA ခေါင်းဆောင်ဟောင်း ဗိုလ်မုတ်သုန် ပိုင်ဆိုင်တဲ့ လင်းသီရိစတိုးဆိုင်ရှေ့မှာ ကားတစီးရပ်ထားတာကြာနေတဲ့အတွက် လမ်းသွားလမ်းလာတွေကဖယ်ရှားခိုင်းခဲ့တဲ့အခါ ဒီကားဟာ ပိုင်ရှင်မရှိတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ အာဏာပိုင်တွေရှင်းလင်းချိန်မှာကားပေါ်မှာ ဂက်စ်အိုးတွေနဲ့အတူ ချိန်ကိုက်မိုင်းတွေဆင်ထားတာကိုတွေ့ရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

“ကားက ၃ ရက်လောက်ရှိပြီတဲ့။ ဒီနေ့မှ အဲဒီဆိုင်ကကောင်မလေးက သတိထားမိသွားတယ်။ သူ့ကို သူများက ကားကိုဖယ်ခိုင်းတာပေါ့။ ကားကြီးရပ်ထားတာကို ဖယ်ခိုင်းတော့ ကားထဲမှာဗုံးတွေတဲ့။ ဗိုလ်မုတ်သုန်ဆိုင်က သူတို့ရဲဘော်တွေခေါ်ခိုင်းတော့ အဲဒီမှာဗုံးတွေပါတယ်ပေါ့။ လာရှင်းတော့ အဲဒီမှာ ဂက်စ်အိုး ၄ အိုးတွေ့တယ်။ လာရှင်းတော့ BGF ရဲဘော်တွေကိုတော့တွေ့တယ်။ အဲဒီနားက လူတွေအိမ်မှာမနေနဲ့ ဆိုပြီး လာရွှေ့ခိုင်းတယ်။ ခနပေါ့။ တော်ကြာပေါက်သွားမှာ စိုးလို့ပါ။”

ကားရပ်ထားတဲ့နေရာဟာ DKBA ခေါင်းဆောင်ဟောင်းတဦးရဲ့စတိုးဆိုင်ရှေ့မှာဖြစ်သလို အနီးနားမှာတော့ အစိုးရဌာနဆိုင်ရာရုံးတွေ ဘဏ်တွေ၊ စာသင်ကျောင်းတွေရှိတဲ့နေရာဖြစ်တယ်လု့ိလည်း ပြောပြပါတယ်။

“ဗိုလ်မုတ်သုန်ဆိုင်ပေါ့။ လင်းသီရိက။ ရှေ့တည့်တည့်မှာက ရဲစခန်းရဲ့ မော်တော်ပီကယ်ရုံး၊ ပြီးရင် လမ်း။ လမ်းပြီးရင် စီးပွားဘဏ်။ ပြီးရင် အထွေထွေ အုပ်ချုပ်ရေးရုံး။ ပြီးမှကျောင်းရှိတယ်။”

ဒီကားဟာလွန်ခဲ့တဲ့ ၃ ရက်လောက်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီးကတည်းက ရပ်ထားတာလို့ ဒေသခံတွေကပြောဆိုကြပြီး အဲဒီညကပေါက်ကွဲမှုနဲ့ဆက်စပ်မလားဆိုတာ သံသယရှိနေကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြဝတီရဲစခန်းကတာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အောက်တိုဘာလ (၁၁) ရက်နေ့က မြဝတီမြို့တံတားအနီးက ဈေးဆိုင်တခုအတွင်းကို ဗုံးနဲ့ပစ်ခဲ့တာကြောင့် လူတဦးသေဆုံးခဲ့ပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာလ (၁၅) ရက်နေ့ညကလည်း ထိုင်း-မြန်မာ မဲဆောက် မြဝတီချစ်ကြည်ရေး တံတား (၁) အနီးမှာ ချိန်ကိုက်မိုင်းတွေ ပေါက်ကွဲပြီး ကားတွေမီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့တုန်းကလည်း မဲဆောက် မြဝတီချစ်ကြည်ရေးတံတားအနီးမှာ ကားမိုင်းပေါက်ကွဲတာကြောင့် ကားတွေမီးလောင်ပျက်စီးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ်ကစပြီး မကြာခန ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မြဝတီမြို့ဟာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်၊ တပ်အင်အားတွေလည်း ချထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ထက်မနည်း ရှိနေတဲ့ နယ်စပ်မြို့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG