သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယ ၃၀၀ ေလာက္ ျမဝတီမွာ လွည့္ဖ်ား အလုပ္ခိုင္းခံေနရ


ျမန္မာႏိုင္ငံနယ္စပ္ ျမဝတီၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံ မဲေဆာက္ထိစပ္နယ္ေျမ။ (ယခင္မွတ္တမ္း)


[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္ ျမန္မာႏိုင္ငံအတြင္းပိုင္း ျမဝတီၿမိဳ႕အနီးမွာ အိႏၵိယႏိုင္ငံသား ၃၀၀ ေလာက္ IT နည္းပညာနဲ႔သက္ဆိုင္တဲ့ အလုပ္ေကာင္းရမယ္ဆိုၿပီး လိမ္ညာေခၚယူ ဖမ္းဆီး အလုပ္ခိုင္းခံေနရတဲ့အေၾကာင္း အိႏၵိယ အစိုးရအရာရွိေတြက ေျပာပါတယ္။ သူတို႔ဟာ ထိုင္းႏိုင္ငံမွာ IT နည္းပညာနဲ႔ အလုပ္ေတြရမယ္ ဆိုၿပီး ျမန္မာႏိုင္ငံထဲမွာ အဓမၼ အလုပ္လုပ္ေနရတာလို႔ ေျပာပါတယ္။ ဒီအလုပ္သမားေတြကို ျပန္ေခၚႏိုင္ေရး အိႏၵိယအစိုးရအရာရွိေတြ ႀကိဳးပမ္းေနပါတယ္။ ထိုင္းနယ္စပ္ကေန မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

“ ျမဝတီၿမိဳ႕မွာ အဖမ္းခံထားရၿပီး တရားမဝင္အလုပ္ေတြ အြန္လိုင္းကလုပ္ဖို႔ အတင္းအၾကပ္ အခိုင္းခံေနရပါတယ္၊ ကယ္တင္ေပးပါ” ဆိုၿပီး အကူအညီေတာင္းထားတဲ့ အိႏၵိယႏိုင္ငံသားတခ်ဳိ႕က အေရးေပၚ အကူအညီေတာင္းတဲ့ဗြီဒီယို အိႏၵိယအစိုးရအရာရွိေတြ လက္ခံရရွိထားတဲ့အေၾကာင္း The Times of India သတင္းစာအပါအဝင္ တျခား သတင္းေတြမွာ ေဖၚျပပါတယ္။ အဖမ္းခံထားရတဲ့ အိႏၵိယႏိုင္ငံသား ၃၀၀ ေလာက္ရွိၿပီး သူတို႔ဟာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တခ်ဳိ႕ ထိန္းခ်ဳပ္တဲ့ေနရာမွာ အဖမ္းခံထားရတယ္လို႔ ေရးသားထားေပမယ့္ ဘယ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ဆိုတာ တိတိက်က်ေဖၚျပျခင္း မရွိပါဘူး။ သူတို႔ကို ဖမ္းထားတဲ့ အလုပ္ရွင္ေတြဟာ မေလးရွားႏိုင္ငံသား တ႐ုတ္လူမ်ဳိးေတြျဖစ္ေၾကာင္း အဖမ္းခံရတဲ့ အိႏၵိယႏိုင္ငံသားတခ်ဳိ႕ ေျပာဆိုတာကိုလည္း အိႏၵိယ သတင္းေတြမွာ ေရးပါတယ္။

သူတို႔ကို ထိုင္းႏိုင္ငံထဲမွာ IT နည္းပညာနဲ႔ပတ္သက္တဲ့ လစာေကာင္းအလုပ္ေတြရမယ္ဆိုၿပီး ေခၚခဲ့တာေၾကာင့္ ထြက္လာခဲ့ၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံထဲ ေခၚသြားၿပီး တရားမဝင္အလုပ္ေတြ အတင္းအၾကပ္ အလုပ္ခိုင္းခံေနရတဲ့အေၾကာင္း ေျပာဆိုတာကို သတင္းစာမွာေရးပါတယ္။ တရက္ကို အလုပ္ခ်ိန္ ၁၅ နာရီေလာက္ အြန္လိုင္းက တရားမဝင္အလုပ္ေတြလုပ္ေနရၿပီး ခိုင္းတဲ့အတိုင္းမလုပ္ရင္ လွ်ပ္စစ္နဲ႔တို႔တာ အပါအဝင္ ညွင္းပန္းႏွိပ္စက္တာေတြလည္း ခံရတဲ့အေၾကာင္းလည္း အကူအညီေတာင္းတဲ့ ဗြီဒီယိုမွာ အိႏၵိယႏိုင္ငံသားတခ်ဳိ႕က ေျပာဆိုထားပါတယ္။

အိႏၵိယႏိုင္ငံ ေတာင္ပိုင္း Tamil Nadu ျပည္နယ္ ျပည္ပေရးရာဝန္ႀကီး V Muraleedharan ကေတာ့ အဖမ္းခံထားရသူေတြထဲမွာ Tamil Nadu ျပည္နယ္က အိႏၵိယႏိုင္ငံသား ၅၀ ေလာက္ ပါဝင္တယ္လို႔ ေေျပာပါတယ္။ ဒါ႕ေၾကာင့္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Vinay Kumar ကို ဆက္သြယ္ၿပီး အိႏၵိယႏိုင္ငံသားေတြ ျပန္လႊတ္ေပးေရး ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ ေျပာဆိုပါတယ္။ ၿပီးခဲ့တဲ့ ဂ်ဴလိုင္လဆန္းကတည္းက ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ထိုင္းႏိုင္ငံမွာ လခေကာင္းေကာင္းရမယ္ဆိုၿပီး အလုပ္အကိုင္နဲ႔ ဖ်ားေယာင္းေခၚယူေနတာေတြကိုသတိထားဖို႔ အိႏၵိယႏိုင္ငံသားေတြကို သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံေတာင္ပိုင္း Tamil Nadu ျပည္နယ္ဝန္ႀကီးခ်ဳပ္ M.K. Stalin ကေတာ့ အိႏၵိယအစိုးရဝန္ႀကီးခ်ဳပ္ကတဆင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာအာဏာပိုင္ေတြနဲ႔ညွိႏႈိင္းၿပီး အိႏၵိယႏိုင္ငံသားေတြကို ကယ္တင္ဖို႔ ေတာင္းဆိုထားေၾကာင္း ေျပာပါတယ္။

ဒီလို ထိုင္းျမန္မာနယ္စပ္မွာ အိႏၵိယႏိုင္ငံသားေတြ အဖမ္းခံရ၊ အလုပ္ခိုင္းခံေနရတယ္ဆိုတဲ့သတင္းနဲ႔ ပတ္သက္လို႔ VOA အေနနဲ႔ သီးျခားအတည္ျပဳခ်က္မရေသးသလို နယ္စပ္အေျခစိုက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ဳိ႕ကလည္း ဒီသတင္းနဲ႔ပတ္သက္လို႔ မွတ္ခ်က္တစုံတရာေပးဖို႔ ျငင္းဆိုပါတယ္။ VOA အေနနဲ႔ ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အိန္ဒိယ ၃၀၀ လောက် မြဝတီမှာ လှည့်ဖျား အလုပ်ခိုင်းခံနေရ

ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းပိုင်း မြဝတီမြို့အနီးမှာ အိန္ဒိယနိုင်ငံသား ၃၀၀ လောက် IT နည်းပညာနဲ့သက်ဆိုင်တဲ့ အလုပ်ကောင်းရမယ်ဆိုပြီး လိမ်ညာခေါ်ယူ ဖမ်းဆီး အလုပ်ခိုင်းခံနေရတဲ့အကြောင်း အိန္ဒိယ အစိုးရအရာရှိတွေက ပြောပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ IT နည်းပညာနဲ့ အလုပ်တွေရမယ် ဆိုပြီး မြန်မာနိုင်ငံထဲမှာ အဓမ္မ အလုပ်လုပ်နေရတာလို့ ပြောပါတယ်။ ဒီအလုပ်သမားတွေကို ပြန်ခေါ်နိုင်ရေး အိန္ဒိယအစိုးရအရာရှိတွေ ကြိုးပမ်းနေပါတယ်။ ထိုင်းနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

“မြဝတီမြို့မှာ အဖမ်းခံထားရပြီး တရားမဝင်အလုပ်တွေ အွန်လိုင်းကလုပ်ဖို့ အတင်းအကြပ် အခိုင်းခံနေရပါတယ်၊ ကယ်တင်ပေးပါ” ဆိုပြီး အကူအညီတောင်းထားတဲ့ အိန္ဒိယနိုင်ငံသားတချို့က အရေးပေါ် အကူအညီတောင်းတဲ့ဗွီဒီယို အိန္ဒိယအစိုးရအရာရှိတွေ လက်ခံရရှိထားတဲ့အကြောင်း The Times of India သတင်းစာအပါအဝင် တခြား သတင်းတွေမှာ ဖေါ်ပြပါတယ်။ အဖမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ရှိပြီး သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ ထိန်းချုပ်တဲ့နေရာမှာ အဖမ်းခံထားရတယ်လို့ ရေးသားထားပေမယ့် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုတာ တိတိကျကျဖေါ်ပြခြင်း မရှိပါဘူး။ သူတို့ကို ဖမ်းထားတဲ့ အလုပ်ရှင်တွေဟာ မလေးရှားနိုင်ငံသား တရုတ်လူမျိုးတွေဖြစ်ကြောင်း အဖမ်းခံရတဲ့ အိန္ဒိယနိုင်ငံသားတချို့ ပြောဆိုတာကိုလည်း အိန္ဒိယ သတင်းတွေမှာ ရေးပါတယ်။

သူတို့ကို ထိုင်းနိုင်ငံထဲမှာ IT နည်းပညာနဲ့ပတ်သက်တဲ့ လစာကောင်းအလုပ်တွေရမယ်ဆိုပြီး ခေါ်ခဲ့တာကြောင့် ထွက်လာခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံထဲ ခေါ်သွားပြီး တရားမဝင်အလုပ်တွေ အတင်းအကြပ် အလုပ်ခိုင်းခံနေရတဲ့အကြောင်း ပြောဆိုတာကို သတင်းစာမှာရေးပါတယ်။ တရက်ကို အလုပ်ချိန် ၁၅ နာရီလောက် အွန်လိုင်းက တရားမဝင်အလုပ်တွေလုပ်နေရပြီး ခိုင်းတဲ့အတိုင်းမလုပ်ရင် လျှပ်စစ်နဲ့တို့တာ အပါအဝင် ညှင်းပန်းနှိပ်စက်တာတွေလည်း ခံရတဲ့အကြောင်းလည်း အကူအညီတောင်းတဲ့ ဗွီဒီယိုမှာ အိန္ဒိယနိုင်ငံသားတချို့က ပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် ပြည်ပရေးရာဝန်ကြီး V Muraleedharan ကတော့ အဖမ်းခံထားရသူတွေထဲမှာ Tamil Nadu ပြည်နယ်က အိန္ဒိယနိုင်ငံသား ၅၀ လောက် ပါဝင်တယ်လို့ ေပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar ကို ဆက်သွယ်ပြီး အိန္ဒိယနိုင်ငံသားတွေ ပြန်လွှတ်ပေးရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဂျူလိုင်လဆန်းကတည်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထိုင်းနိုင်ငံမှာ လခကောင်းကောင်းရမယ်ဆိုပြီး အလုပ်အကိုင်နဲ့ ဖျားယောင်းခေါ်ယူနေတာတွေကိုသတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်ဝန်ကြီးချုပ် M.K. Stalin ကတော့ အိန္ဒိယအစိုးရဝန်ကြီးချုပ်ကတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်ဖို့ တောင်းဆိုထားကြောင်း ပြောပါတယ်။

ဒီလို ထိုင်းမြန်မာနယ်စပ်မှာ အိန္ဒိယနိုင်ငံသားတွေ အဖမ်းခံရ၊ အလုပ်ခိုင်းခံနေရတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်မရသေးသလို နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ VOA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG