သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီ ေကာ့ကရိတ္လမ္း လုံျခံဳေရး စိတ္မခ်ရေသး


ျမ၀တီ-ေကာ့ကရိတ္အာရွလမ္းမွာတဲြကားတစီး မီးေလာင္ေနပံု။ (Photo-CJ ၂၅-၁၀-၂၂)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ပိတ္ထားတဲ့ ျမဝတီ-ေကာ့ကရိတ္လမ္း ျပန္ပြင့္သြားၿပီဆိုေပမယ့္လည္း ကုန္ ကားေတြ၊ ခရီးသည္ယာဥ္ေတြကို လက္နက္ကိုင္အဖြဲ႔တခ်ိဳ႕က ပစ္ခတ္၊ တိုက္ခိုက္တာေတြရွိေနၿပီး အရပ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ လုံၿခဳံေရး အေျခအေန စိုးရိမ္ေနရဆဲမို႔ မြန္နဲ႔ ကရင္ျပည္နယ္ဘက္ကို ခရီးသြားလာမယ့္သူေတြ ဂ႐ုတစိုက္ သြားလာၾကဖို႔ ေဒသခံေတြ လူမႈကူညီေရးအဖြဲ႕ေတြက သတိေပးေနၾကပါတယ္။ မြန္နဲ႔ ကရင္ျပည္နယ္အတြင္း လုံၿခဳံေရးအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံအေရွ႕ပိုင္း မြန္ျပည္နယ္နဲ႔ကရင္ျပည္နယ္ဘက္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း တိုက္ပြဲေတြ ခပ္စိပ္စိပ္ျပန္ျဖစ္လာၿပီး လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ၿပီး လံုျခံဳေရးပိုင္းမွာလည္း ရာႏႈန္းျပည့္စိတ္ခ်ရတဲ့အေျခအေန မရွိေသးေၾကာင္း ထိုင္း-ျမန္မာနယ္စပ္က လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"မေန႔က သူတို႔ကုန္ကားႏွစ္စီး မီးေလာင္သြားတယ္။ တက္လာတဲ့ ျမဝတီဘက္ကေလ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ပစ္ခတ္တဲ့... ျဖစ္သြားတဲ့ ကားေတြဆိုတာကလည္း အဲဒီမွာ သူတို႔နဲ႔ပတ္သက္နဲ႔အရည္ေတြ ပါေနလို႔ ျဖစ္ေကာင္း ျဖစ္လိမ့္မယ္ဗ်။ က်ေနာ့အျမင္ေပါ့ေနာ္။ အေျခအေနကေတာ့ ဒီ ၄၀: ၆၀ ေပါ့ေနာ္ စိုးရိမ္ရတဲ့ဘက္က ၄၀မွာရွိတာေပါ့။ ေကာင္းတဲ့ဘက္မွာေတာ့ ၆၀ ရာခိုင္ႏႈန္းေပါ့ေနာ္။"

ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာစစ္တပ္နဲ႔ KNLA နဲ႔ ပူေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲ ျပင္းထန္ခဲ့တာေၾကာင့္ ဒီအာရွလမ္းမႀကီးေပၚမွာ ကုန္တင္ယာဥ္နဲ႔ ခရီးသည္တင္ကားေတြ အမ်ားအျပား ပိတ္မိေနခဲ့ၾကပါတယ္။ အလားတူပဲ မြန္ျပည္နယ္၊ သထုံၿမိဳ႕ ဒီလမ္းပိုင္းေပၚမွာလည္း မေန႔ကညက ခရီးသည္တင္ယာဥ္တစီး ပစ္ခတ္ခံရၿပီး လူတဦးထိမွန္ခဲ့ပါတယ္။ လက္တေလာမွာ အေရးႀကီးအေျခအေနကလြဲလို႔ မြန္နဲ႔ ကရင္ေဒသေတြကို ခရီးသြားတာ ေရွာင္သင့္တယ္လို႔ သထုံလူမႈကူညီေရးအသင္း တာဝန္ရွိသူက ဗြီအိုေအကို ေျပာျပပါတယ္။

“ပစ္ခတ္မႈက ညဘက္ႀကီးဆိုေတာ့ လူအသြားအလာ သိပ္မရွိတဲ့အခ်ိန္ဆိုေတာ့ေလ ဘယ္သူပစ္လို႔ပစ္မွန္းကို အတိအက်မသိရဘူး အခုက။ ပစ္တာကေတာ့ အေသးနဲ႔ပဲ။ ေသနတ္ေလးနဲ႔ ပစ္သြားတယ္လို႔ေျပာတယ္။ ကားကေတာ့ သုံးေလးခ်က္ေလာက္ထိတယ္။ ဒါေပမယ့္ ခရီးသည္တေယာက္ပဲ ေျခေထာက္မွန္သြားတယ္။ အခုက ႏိုင္ငံေရးအေျခအေနအရ သိတဲ့အတိုင္းပဲ ဆိုေတာ့ ညဘက္ေတြက်ရင္ေတာ့ မသြားလာတာေတာ့ အေကာင္းဆုံးလို႔ ထင္တယ္။ ည ၇ နာရီေက်ာ္ ၈ နာရီဆိုရင္ေတာ့ ေရးနဲ႔သထုံၾကားကို မလာေစခ်င္ေတာ့ဘူး ကားေတြ။"

အရပ္သားေတြ ထိခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြအၾကား အျပန္အလွန္ အျပစ္ဖို႔တာေတြ ရွိေနပါတယ္။ ေဒသခံ ပရဟိတၱအဖြဲ႕တခု ျဖစ္တဲ့ ပုလဲျဖဴလူမႈကူညီေရးအသင္း တာဝန္ရွိသူကေတာ့ လတ္တေလာမွာ အရပ္သားေတြ ထိခိုက္ေနရတာနဲ႔ပတ္သက္လို႔ ဘယ္အဖြဲ႕က လုပ္ေဆာင္တယ္ဆိုတာ ေျပာရခက္ေၾကာင္း VOA ကို ေျပာပါတယ္။

" ႏွစ္ဘက္ပစ္တယ္ဆိုေတာ့ ဘယ္သူ႔ ဘယ္သူမွေျပာလို႔မရဘူးေလ။ ဘယ္သူမွ က်ည္ဆံမွာ နာမည္ေရးထားတာ မရွိဘူးေလ။ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ မသြားႏိုင္လည္း လူထုကငတ္မွာ။ အဲဒါေၾကာင့္ မိသားစုအေရး၊ စားဝတ္ေနေရး ၾကည့္ၿပီးေတာ့ပဲ သြားလာေနၾကတယ္လို႔ က်ေနာ္ျမင္တယ္။"

ေအာက္တိုဘာ ၁၉ နဲ႔ ၂၀ ရက္ကျဖစ္ခဲ့တဲ့ ျမဝတီနဲ႔ ေကာ့ကရိတ္ၾကားက တိုက္ပြဲေတြေၾကာင့္ ေဒသခံတခ်ိဳ႕ ေသဆုံးခဲ့သလို လက္နက္ႀကီးေၾကာင့္ လူေနအိမ္ ပ်က္စီးဆုံးရႈံးရတာလည္း ရွိပါတယ္။ လူေပါင္း ၁,၀၀၀ ေက်ာ္လည္း အာရွလမ္းမႀကီးရဲ႕ ျမဝတီ- ေကာ့ကရိတ္အပိုင္းမွာ ပိတ္မိခဲ့ၾကပါတယ္။ ေကာ့ကရိတ္နဲ႔ ျမဝတီ လမ္းမဟာ ထိုင္း-ျမန္မာ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးအတြက္ အဓိကက်ၿပီး ကုန္နဲ႔ ခရီးသည္ယာဥ္ အမ်ားအျပား ေန႔စဥ္ ျဖတ္သန္းသြားလာေနတဲ့ လမ္းမႀကီးေတြ ျဖစ္ပါတယ္။

ျမဝတီ ေကာ့ကရိတ္လမ္း လုံၿခဳံေရး စိတ္မခ်ရေသး.wav
please wait

No media source currently available

0:00 0:03:16 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြဝတီ ကော့ကရိတ်လမ်း လုံခြုံရေး စိတ်မချရသေး

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်ပိတ်ထားတဲ့ မြဝတီ-ကော့ကရိတ်လမ်း ပြန်ပွင့်သွားပြီဆိုပေမယ့်လည်း ကုန် ကားတွေ၊ ခရီးသည်ယာဉ်တွေကို လက်နက်ကိုင်အဖွဲ့တချို့က ပစ်ခတ်၊ တိုက်ခိုက်တာတွေရှိနေပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လုံခြုံရေး အခြေအနေ စိုးရိမ်နေရဆဲမို့ မွန်နဲ့ ကရင်ပြည်နယ်ဘက်ကို ခရီးသွားလာမယ့်သူတွေ ဂရုတစိုက် သွားလာကြဖို့ ဒေသခံတွေ လူမှုကူညီရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။ မွန်နဲ့ ကရင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်း မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး လုံခြုံရေးပိုင်းမှာလည်း ရာနှုန်းပြည့်စိတ်ချရတဲ့အခြေအနေ မရှိသေးကြောင်း ထိုင်း-မြန်မာနယ်စပ်က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"မနေ့က သူတို့ကုန်ကားနှစ်စီး မီးလောင်သွားတယ်။ တက်လာတဲ့ မြဝတီဘက်ကလေ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ပစ်ခတ်တဲ့... ဖြစ်သွားတဲ့ ကားတွေဆိုတာကလည်း အဲဒီမှာ သူတို့နဲ့ပတ်သက်နဲ့အရည်တွေ ပါနေလို့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်ဗျ။ ကျနော့အမြင်ပေါ့နော်။ အခြေအနေကတော့ ဒီ ၄၀: ၆၀ ပေါ့နော် စိုးရိမ်ရတဲ့ဘက်က ၄၀မှာရှိတာပေါ့။ ကောင်းတဲ့ဘက်မှာတော့ ၆၀ ရာခိုင်နှုန်းပေါ့နော်။"

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာစစ်တပ်နဲ့ KNLA နဲ့ ပူပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒီအာရှလမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ကားတွေ အများအပြား ပိတ်မိနေခဲ့ကြပါတယ်။ အလားတူပဲ မွန်ပြည်နယ်၊ သထုံမြို့ ဒီလမ်းပိုင်းပေါ်မှာလည်း မနေ့ကညက ခရီးသည်တင်ယာဉ်တစီး ပစ်ခတ်ခံရပြီး လူတဦးထိမှန်ခဲ့ပါတယ်။ လက်တလောမှာ အရေးကြီးအခြေအနေကလွဲလို့ မွန်နဲ့ ကရင်ဒေသတွေကို ခရီးသွားတာ ရှောင်သင့်တယ်လို့ သထုံလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဗွီအိုအေကို ပြောပြပါတယ်။

“ပစ်ခတ်မှုက ညဘက်ကြီးဆိုတော့ လူအသွားအလာ သိပ်မရှိတဲ့အချိန်ဆိုတော့လေ ဘယ်သူပစ်လို့ပစ်မှန်းကို အတိအကျမသိရဘူး အခုက။ ပစ်တာကတော့ အသေးနဲ့ပဲ။ သေနတ်လေးနဲ့ ပစ်သွားတယ်လို့ပြောတယ်။ ကားကတော့ သုံးလေးချက်လောက်ထိတယ်။ ဒါပေမယ့် ခရီးသည်တယောက်ပဲ ခြေထောက်မှန်သွားတယ်။ အခုက နိုင်ငံရေးအခြေအနေအရ သိတဲ့အတိုင်းပဲ ဆိုတော့ ညဘက်တွေကျရင်တော့ မသွားလာတာတော့ အကောင်းဆုံးလို့ ထင်တယ်။ ည ၇ နာရီကျော် ၈ နာရီဆိုရင်တော့ ရေးနဲ့သထုံကြားကို မလာစေချင်တော့ဘူး ကားတွေ။"

အရပ်သားတွေ ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် အပြစ်ဖို့တာတွေ ရှိနေပါတယ်။ ဒေသခံ ပရဟိတ္တအဖွဲ့တခု ဖြစ်တဲ့ ပုလဲဖြူလူမှုကူညီရေးအသင်း တာဝန်ရှိသူကတော့ လတ်တလောမှာ အရပ်သားတွေ ထိခိုက်နေရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ပြောရခက်ကြောင်း VOA ကို ပြောပါတယ်။

" နှစ်ဘက်ပစ်တယ်ဆိုတော့ ဘယ်သူ့ ဘယ်သူမှပြောလို့မရဘူးလေ။ ဘယ်သူမှ ကျည်ဆံမှာ နာမည်ရေးထားတာ မရှိဘူးလေ။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ မသွားနိုင်လည်း လူထုကငတ်မှာ။ အဲဒါကြောင့် မိသားစုအရေး၊ စားဝတ်နေရေး ကြည့်ပြီးတော့ပဲ သွားလာနေကြတယ်လို့ ကျနော်မြင်တယ်။"

အောက်တိုဘာ ၁၉ နဲ့ ၂၀ ရက်ကဖြစ်ခဲ့တဲ့ မြဝတီနဲ့ ကော့ကရိတ်ကြားက တိုက်ပွဲတွေကြောင့် ဒေသခံတချို့ သေဆုံးခဲ့သလို လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးဆုံးရှုံးရတာလည်း ရှိပါတယ်။ လူပေါင်း ၁,၀၀၀ ကျော်လည်း အာရှလမ်းမကြီးရဲ့ မြဝတီ- ကော့ကရိတ်အပိုင်းမှာ ပိတ်မိခဲ့ကြပါတယ်။ ကော့ကရိတ်နဲ့ မြဝတီ လမ်းမဟာ ထိုင်း-မြန်မာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျပြီး ကုန်နဲ့ ခရီးသည်ယာဉ် အများအပြား နေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ လမ်းမကြီးတွေ ဖြစ်ပါတယ်။

XS
SM
MD
LG