သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတိုပစ်ပဲ့ထိန်းဒုံး မြောက်ကိုရီးယား နောက်ထပ်ပစ်လွှတ် 


North Korea Missile Launch
North Korea Missile Launch

[[Zawgyi/Unicode]]

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းမစ်ဇိုင်းဒုံးတစင်းကို အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီနေ့ ကြာသပတေးနေ့မှာ ထပ်မံစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာကို စစ်ရေးနည်းနဲ့ ပြင်းထန်စွာတုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုပြီးနောက် နာရီအနည်းအကြာမှာ အခုလိုပစ်ခတ်လိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းခြေ Wonsan ဒေသကနေ မနက် ၁၀ နာရီ ၄၈ မိနစ်မှာ ဒီ မစ်ဇိုင်းဒုံးကိုပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်အကြားက ပင်လယ်ပြင်ထဲကိုကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောဆိုပါတယ်။ ဒီပစ်ခတ်မှုအတွက် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ချက်ခြင်းရှုတ်ချခဲ့ပြီး ဒေသဆိုင်ရာတည်ငြိမ်ရေးကို ခြိမ်းခြောက်တာဖြစ်တယ်လို့ပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui ကပြောဆိုရာမှာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်ဟာ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း မခန့်မှန်းနိုင်လောက်အောင် ပိုမိုတင်းမာသွားစေတယ်လို့ ကြာသတေးနေ့ အစောပိုင်းမှာပဲ ပြောဆိုခဲ့တယ်။

တာတိုပစ်ပဲ့ထိန်းဒုံး မြောက်ကိုရီးယား နောက်ထပ်ပစ်လွှတ် .mp3
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG