သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားအေရး လုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးမည္


ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္လိုက္တဲ့ ဒံုးက်ည္ ဂ်ပန္ႏုိင္ငံကိုေက်ာ္ျဖတ္သြားရာလမ္းေၾကာင္း။

[[Zawgyi/Unicode]]

ဂ်ပန္ႏိုင္ငံကိုေက်ာ္ျဖတ္ၿပီး ပဲ့ထိန္းတပ္ဒုံးက်ည္တစ္စင္းကို ေျမာက္ကိုရီးယားက စမ္းသပ္ပစ္ခတ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ဒီေန႔ဗုဒၶဟူးေန႔မွာ အေရးေပၚအစည္းအေဝးတရပ္ကို က်င္းပမွာ ျဖစ္ပါတယ္။ ဒီတံခါးဖြင့္အစည္းအေဝးကိုက်င္းပဖို႔ အေမရိကန္ ျပည္ေထာင္စုက ေတာင္းဆိုခဲ့တာပါ။

“ဥပေဒနဲ႔မညီ၊ ေျမာက္ကိုရီးယားက ပဲ့ထိန္းတပ္ဒုံးက်ည္နဲ႔ လူေတြအစုလိုက္အၿပဳံလိုက္ေသေစႏိုင္တဲ့လက္နက္ေတြ ျဖစ္ေပၚတိုးတက္ေအာင္ လုပ္ေနတဲ့အစီအစဥ္ကို က်မတို႔ ကန႔္သတ္ရပါမယ္” လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က လူမႈစာမ်က္ႏွာတြစ္တာမွာ ေရးထားပါတယ္။

“အေမရိကန္သမၼတနဲ႔ ဂ်ပန္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔ဟာ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္မႈကို အျပင္းထန္ဆုံး ရႈတ္ခ်လိုက္ပါတယ္။ ဒီပစ္လႊတ္မႈဟာ ဂ်ပန္ျပည္သူေတြကို အႏၲရာယ္ေစၿပီး ေဒသကို မတည္မၿငိမ္ျဖစ္ေစကာ၊ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ရွင္းရွင္း ခ်ိဳးေဖာက္တာ ျဖစ္တယ္” လို႔အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာ ေျပာပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ဒုံးက်ည္ပစ္လြတ္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္တပ္ တို႔ဟာ ဒီေန႔ဗုဒၶဟူးေန႔မနက္ပိုင္းမွာ ပင္လယ္ဝါထဲကို ေလ့က်င့္ေရးအေနနဲ႔ ဒုံးက်ည္ေတြ ႀကဲခ်ခဲ့ပါတယ္။

အဂၤါေန႔ မနက္ ၇ နာရီ ၂၂ မိနစ္ က ပစ္လႊတ္ခဲ့တဲ့ ေျမာက္ကိုရီးယား ဒုံးက်ည္ ဟာ တာလတ္ပစ္ ပဲ့ထိန္းတပ္ ဒုံးက်ည္ (IRBM) ျဖစ္ၿပီး၊ ေျမာက္ကိုရီးယား ေျမာက္ပိုင္း Jagang ေဒသ က ပစ္လႊတ္ခဲ့ေၾကာင္း ၄၅၀၀ ကီလိုမီတာ အကြာအေဝး ကို အျမင့္ ၉၇၀ ကီလိုမီတာ က ပ်ံသန္းသြားခဲ့ေၾကာင္း ေတာင္ကိုရီးယား လက္နက္တပ္ဖြဲ႕မ်ား ပူးတြဲ စစ္ဦးစီခ်ဳပ္ က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးမည်

ဂျပန်နိုင်ငံကိုကျော်ဖြတ်ပြီး ပဲ့ထိန်းတပ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အစည်းအဝေးတရပ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒီတံခါးဖွင့်အစည်းအဝေးကိုကျင်းပဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုခဲ့တာပါ။

“ဥပဒေနဲ့မညီ၊ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ လူတွေအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့လက်နက်တွေ ဖြစ်ပေါ်တိုးတက်အောင် လုပ်နေတဲ့အစီအစဉ်ကို ကျမတို့ ကန့်သတ်ရပါမယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က လူမှုစာမျက်နှာတွစ်တာမှာ ရေးထားပါတယ်။

“အမေရိကန်သမ္မတနဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။ ဒီပစ်လွှတ်မှုဟာ ဂျပန်ပြည်သူတွေကို အန္တရာယ်စေပြီး ဒေသကို မတည်မငြိမ်ဖြစ်စေကာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းရှင်း ချိုးဖောက်တာ ဖြစ်တယ်” လို့အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ် တို့ဟာ ဒီနေ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ပင်လယ်ဝါထဲကို လေ့ကျင့်ရေးအနေနဲ့ ဒုံးကျည်တွေ ကြဲချခဲ့ပါတယ်။

အင်္ဂါနေ့ မနက် ၇ နာရီ ၂၂ မိနစ် က ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည် ဟာ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် (IRBM) ဖြစ်ပြီး၊ မြောက်ကိုရီးယား မြောက်ပိုင်း Jagang ဒေသ က ပစ်လွှတ်ခဲ့ကြောင်း ၄၅၀၀ ကီလိုမီတာ အကွာအဝေး ကို အမြင့် ၉၇၀ ကီလိုမီတာ က ပျံသန်းသွားခဲ့ကြောင်း တောင်ကိုရီးယား လက်နက်တပ်ဖွဲ့များ ပူးတွဲ စစ်ဦးစီချုပ် က ပြောပါတယ်။

XS
SM
MD
LG