သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားက ပင္လယ္ျပင္ထဲ အေျမာက္က်ည္ ၁၃၀ ေက်ာ္ ပစ္ခတ္ခဲ့


ေျမာက္ကိုရီးယားႏုိင္ငံ၊ ေဟဂ်ဴးရြာမွာေတြ႔ရတဲ့ ကမ္း႐ိုးတန္းအေျမာက္တပ္ (L) ရွိတဲ့ လိႈဏ္ဂူ ၂ ခု။

[[Zawgyi/Unicode]]

ေျမာက္ကိုရီးယားက သူ႔ႏိုင္ရဲ႕ အေရွ႕နဲ႔အေနာက္ဘက္က င္လယ္ျပင္ထဲ အေျမာက္က်ည္ ၁၃၀ ေက်ာ္ကို ဒီကေန႔ ဒီဇင္ဘာ ၅ ရက္ေန႔မွာ ပစ္ခတ္ခဲ့တယ္လို႔ ေျပာပါတယ္။ ေတာင္ကိုရီးယားနယ္စပ္မွာ စစ္ေရးေလ့က်င့္ေၾကာင္း စုံစမ္းသိရွိရတဲ့အတြက္ အခုလို ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။

တခ်ိဳ႕အေျမာက္ဆံေတြဟာ ႏွစ္ႏိုင္ငံ ေရပိုင္နက္ၾကားက ၾကားခံနယ္ေျမထဲကို က်ေရာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။ ဒါဟာ ကိုရီးယားႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ေလ်ာ့က်ေရးအတြက္ ရည္႐ြယ္ခ်က္နဲ႔ ၂၀၁၈ ခုႏွစ္မွာ ရရွိထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာက်တယ္လို႔ ေတာင္ကိုရီးယားကေျပာပါတယ္။

အခုလို အေျမာက္ေတြပစ္ခတ္တဲ့အတြက္ ေျမာက္ကိုရီးယားဘက္ကို သတိေပးခ်က္ေတြ အႀကိမ္ႀကိမ္ေပးဖို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

နယ္ႏိုင္ငံနယ္စပ္အနီး ေတာင္ကိုရီးယားဘက္က လက္နက္နဲ႔အလားသ႑ာန္တူတဲ့အရာေတြ ဒါဇင္နဲ႔ခ်ီၿပီး ပစ္ခတ္ခဲ့တယ္ဆိုတာကို စုံစမ္းသိရွိရၿပီးတဲ့ေနာက္ ေျမာက္ကိုရီးယားဘက္က ဒီ အေျမာက္ေတြကို ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားစစ္ဘက္ တာဝန္ရွိသူေျပာတာကို ကိုးကားၿပီး အစိုးရပိုင္ KCNA သတင္းမွာ ေဖာ္ျပပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္စစ္တပ္ေတြဟာ ႏွစ္ႏိုင္ငံနယ္စပ္အနီးက Cheorwon ခ႐ိုင္အတြင္း ေျမျပင္ကေန ေဝဟင္ပစ္တဲ့ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ေနၾကတာပါ။ ဒီ စစ္ေရးေလ့က်င့္မႈဟာ မနက္ျဖန္ အဂၤါေန႔မွာလည္း ဆက္လုပ္ဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

မြောက်ကိုရီးယားက ပင်လယ်ပြင်ထဲ အမြောက်ကျည် ၁၃၀ ကျော် ပစ်ခတ်ခဲ့

မြောက်ကိုရီးယားက သူ့နိုင်ရဲ့ အရှေ့နဲ့အနောက်ဘက်က င်လယ်ပြင်ထဲ အမြောက်ကျည် ၁၃၀ ကျော်ကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနယ်စပ်မှာ စစ်ရေးလေ့ကျင့်ကြောင်း စုံစမ်းသိရှိရတဲ့အတွက် အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တချို့အမြောက်ဆံတွေဟာ နှစ်နိုင်ငံ ရေပိုင်နက်ကြားက ကြားခံနယ်မြေထဲကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ဒါဟာ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ လျော့ကျရေးအတွက် ရည်ရွယ်ချက်နဲ့ ၂၀၁၈ ခုနှစ်မှာ ရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာကျတယ်လို့ တောင်ကိုရီးယားကပြောပါတယ်။

အခုလို အမြောက်တွေပစ်ခတ်တဲ့အတွက် မြောက်ကိုရီးယားဘက်ကို သတိပေးချက်တွေ အကြိမ်ကြိမ်ပေးဖို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နယ်နိုင်ငံနယ်စပ်အနီး တောင်ကိုရီးယားဘက်က လက်နက်နဲ့အလားသဏ္ဍာန်တူတဲ့အရာတွေ ဒါဇင်နဲ့ချီပြီး ပစ်ခတ်ခဲ့တယ်ဆိုတာကို စုံစမ်းသိရှိရပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က ဒီ အမြောက်တွေကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားစစ်ဘက် တာဝန်ရှိသူပြောတာကို ကိုးကားပြီး အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေဟာ နှစ်နိုင်ငံနယ်စပ်အနီးက Cheorwon ခရိုင်အတွင်း မြေပြင်ကနေ ဝေဟင်ပစ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ မနက်ဖြန် အင်္ဂါနေ့မှာလည်း ဆက်လုပ်ဖို့ ရှိနေပါတယ်။

XS
SM
MD
LG