သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေၾကာင့္ ရခိုင္ ေမာင္ေတာ- အငူေမာ္ ကားလမ္းပိတ္ထား


ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာေတြ႔ရတဲ့ လံုၿခံဳေရးတပ္ဖြဲ႔မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီနဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ၾကား ၿပီးခဲ့တဲ့ ရက္ပိုင္းကတိုက္ပြဲျဖစ္ပြားခဲ့ၿပီး ထိခိုက္က်ဆုံးမႈေတြရွိခဲ့တယ္ဆိုတာကို စစ္ေကာင္စီဘက္က ဝန္ခံေျပာဆိုပါတယ္။ ဒါေပမယ့္လည္း AA ဘက္က ေျပာသေလာက္ အေရအတြက္မမ်ားတဲ့အေၾကာင္း ျငင္းဆိုပါတယ္။ ေလာေလာဆယ္ေတာ့ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေမာင္ေတာ- အငူေမာ္ ကားလမ္းကို စစ္ေကာင္စီက ပိတ္ထားတာေၾကာင့္ ေဒသခံေတြ အခက္ႀကံဳေနရတာပါ။ ရခိုင္ေဒသအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေမာင္ေတာၿမိဳ႕နယ္က အငူေမာ္-ေမာင္ေတာ ကားလမ္းကို စစ္ေကာင္စီက ၾသဂုတ္လ ၁၃ ၇က္ေန႔ကတည္းက ပိတ္ထားတာေၾကာင့္ ေဒသခံေတြ သြားေရးလာေရး အခက္ႀကံဳေနရပါတယ္။ ထြက္ေျပး တိမ္းေရွာင္လာၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ရေသ့ေတာင္ေဒသခံေတြ စားဝတ္ေနေရး အခက္အခဲ ေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ထြက္ေျပးလာသူေတြက ေျပာပါတယ္။

ပိတ္ထားတဲ့ကားလမ္းဟာ စစ္ေတြၿမိဳ႕ရဲ႕တဘက္ကမ္း ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္ကေန ေမာင္ေတာေဒသအတြက္ စားေသာက္ကုန္ေတြ အဓိက ပို႔ေဆာင္ေပးေနတဲ့ ကုန္သြယ္ေရးလမး္ေၾကာင္းျဖစ္ပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္ေဟာင္း ဦးေမာင္အုန္းက လမ္းအေျခအေန VOA ကို အခုလို ရွင္းျပပါတယ္။

“အဲဒီလမ္းကကုန္ပစၥည္းေတြ အဓိကလာတယ္ေလ။ အခုဆိုရင္ ကားလမ္းပိတ္လိုက္ေတာ့ လာမယ့္အစီအစဥ္လည္းမရွိေတာ့ဘူး။ သြားလို႔လည္းမရ၊ လာလို႔လည္းမရဘူးေလ။ အဲဒါေၾကာင့္ စားဝတ္ေနေရးအတြက္ ကုန္ပစၥည္းေတြက ေစ်းတက္ၿပီးေတာ့ စားဝတ္ေနေရး အခက္အခဲျဖစ္ၾကတာေပါ့။”

ဒါ့အျပင္ ေမာင္ေတာၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီဘက္က စစ္ကားေတြ၊ ရဟတ္ ယာဥ္ေတြ၊ စစ္သေဘၤာေတြသံုးၿပီး လူအင္အား၊ လက္နက္ခဲယမ္းေတြ ျဖည့္တင္းေနတာေတြေၾကာင့္ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္တယ္လုိ႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ထုတ္ျပန္ ထားပါတယ္။

AA ရဲ႕ထုတ္ျပန္ခ်က္ဟာ တည္ၿငိမ္ေနတဲ့ရခိုင္ျပည္နယ္ကို မတည္ၿငိမ္ျဖစ္ေစခ်င္တဲ့ သေဘာျဖစ္တာေၾကာင့္ စစ္ေကာင္စီဘက္ကလည္း လံုျခံုေရးအရ ေဆာင္ရြက္သင့္တာကို ေဆာင္ရြက္ေနတယ္လို႔လည္း စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ုပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“အခုလက္ရွိ္ တည္ၿငိမ္းေအးခ်မ္းေနတဲ့အေျခအေနကို မတည္ၿငိမ္မေအးခ်မ္းေအာင္ လုပ္ခ်င္ေနတဲ့သေဘာထားမ်ိုးေတြ ေတြ႔ရတယ္။ AA ဘက္က ဒီၾကားထဲမွာ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြ ရဲတပ္ဖြဲ႔ဝင္ေတြကို ဖမ္းဆီးတာေတြ လုပ္ေဆာင္ေနတာေတြေတြ႔ရတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ လံုၿခံဳေရးအရ လုပ္သင့္လုပ္ထိုက္တာကို လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။”

တိုက္ပြဲေတြအတြင္း AA ဘက္ကေရာ။ စစ္ေကာင္စီဘက္ကပါ ထိခိုက္က်ဆုံးမႈေတြရွိခဲ့ၿပီး စစ္ေကာင္စီတပ္သား ၄၀ ေလာက္ ထိုခိုက္က်ဆုံးခဲ့သလို စစ္လက္နက္ ပစၥည္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ AA ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တိုက္ပြဲျဖစ္ၿပီး ထိခိုက္ဒဏ္ရာရမႈေတြ ရွိခဲ့တယ္ဆိုတာကို ဝန္ခံေပမယ့္ AA ဘက္က ေျပာသေလာက္ မမ်ားဘူးလို႔ တုံ႔ျပန္ပါတယ္။ အတိအက်ေတာ့ ေျပာဆိုျခင္း မရွိပါဘူး။

ရေသ့ေတာင္ၿမိဳ႕နယ္ အငူေမာ္-ေမာင္ေတာ ကားလမ္းအနီးမွာရွိတဲ့ ဒံုးပိုက္ ေက်းရြာနဲ႔ ခ်ိန္ခါလီေက်းရြာအနီးမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲ ျဖစ္ပြားခဲ့တာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြ ေဘးလြတ္ရာကို ထြတ္ေျပးေနၾကရတာလည္းျဖစ္ပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ သံေခ်ာင္းေက်းရြာကို ထြက္ေျပးလာသူတဦးက VOA ကို အခုလို ေျပာပါတယ္။

အခုလို ရခိုင္ေဒသမွာ တေၾကာ့ျပန္တိုက္ပြဲေတြ ျပင္းထန္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကတာလည္းျဖစ္ပါတယ္။

“ခ်ိန္ခါလီကေတာ့ ဆရာေတာ္ကအစ အားလံုးထြက္ေျပးလာၾကတယ္။ ဒါေပမယ့္ အသက္ ၈၀ ေက်ာ္ အဘိုးတဦးေတာ့ က်န္ခဲ့တယ္၊ စားဝတ္ေနေရး ဘယ္လိုရွိမလဲ မသိဘူး။ ေသလား ရွင္လားလဲ မသိရဘူး။”

လက္ရွိမွာေတာ့ တိုက္ပြဲေၾကာင့္ ထြက္ေျပးလာၾကသူေတြဟာ ေဘးလြတ္ရာေက်းရြာေတြမွာ ဝင္ေရာက္ေနထုိင္ေနၾကရတာျဖစ္ၿပီး ရြာခံေတြက စားဝတ္ေနေရး ကိစၥေတြကို ကူညီထားတာေၾကာင့္ လတ္တေလာ အဆင္ေျပေနေပမယ့္ ေရရည္အတြက္ စားနပ္ရိကၡာ စိုးရိမ္စရာ ရွိတယ္လို႔ ထြက္ေျပးလာသူေတြကို ကူညီေနသူတဦးကေျပာပါတယ္။

“အခုေလာေလာဆယ္ကေတာ့ ပူစရာမလိုေသးဘူး၊ ေနာက္ေရရွည္ၾကာလာရင္ေတာ့ မနိုင္ေတာ့ဘူး။ က်ေနာ္တို႔ရြာမွာ အခုဆိုရင္ တအိမ္ကို ၂ ေယာက္ တာဝန္ယူၿပီးေတာ့ ေကြ်းထားတယ္။ ၁၀ ရက္ေလာက္ က်ေနာ္တို႔ ေကြ်းထားႏိုင္တယ္။”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုနွစ္ကစၿပီး ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကၿပီး စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနသူ ၄ ေသာင္းေက်ာ္အထိက်န္ရွိေနပါတယ္။ အခု တိုက္ပြဲေတြ တေၾကာ့ျပန္ျဖစ္ပြားလာတဲ့အတြက္ ေနရပ္စြန္႔ခြာ ထြက္ေျပးလာၾကတဲ့ စစ္ေဘးဒုကၡသည္ဦးေရး ထပ္တိုးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

တိုက်ပွဲကြောင့် ရခိုင် မောင်တော- အငူမော် ကားလမ်းပိတ်ထား

မြန်မာစစ်ကောင်စီနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပြီးခဲ့တဲ့ ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်ဆိုတာကို စစ်ကောင်စီဘက်က ဝန်ခံပြောဆိုပါတယ်။ ဒါပေမယ့်လည်း AA ဘက်က ပြောသလောက် အရေအတွက်မများတဲ့အကြောင်း ငြင်းဆိုပါတယ်။ လောလောဆယ်တော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တော- အငူမော် ကားလမ်းကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာပါ။ ရခိုင်ဒေသအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်က အငူမော်-မောင်တော ကားလမ်းကို စစ်ကောင်စီက သြဂုတ်လ ၁၃ ၇က်နေ့ကတည်းက ပိတ်ထားတာကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်ကြုံနေရပါတယ်။ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ထောင်နဲ့ချီတဲ့ ရသေ့တောင်ဒေသခံတွေ စားဝတ်နေရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

ပိတ်ထားတဲ့ကားလမ်းဟာ စစ်တွေမြို့ရဲ့တဘက်ကမ်း ရသေ့တောင်မြို့နယ် အငူမော်ကနေ မောင်တောဒေသအတွက် စားသောက်ကုန်တွေ အဓိက ပို့ဆောင်ပေးနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။ မောင်တောမြို့နယ် လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးမောင်အုန်းက လမ်းအခြေအနေ VOA ကို အခုလို ရှင်းပြပါတယ်။

“အဲဒီလမ်းကကုန်ပစ္စည်းတွေ အဓိကလာတယ်လေ။ အခုဆိုရင် ကားလမ်းပိတ်လိုက်တော့ လာမယ့်အစီအစဉ်လည်းမရှိတော့ဘူး။ သွားလို့လည်းမရ၊ လာလို့လည်းမရဘူးလေ။ အဲဒါကြောင့် စားဝတ်နေရေးအတွက် ကုန်ပစ္စည်းတွေက ဈေးတက်ပြီးတော့ စားဝတ်နေရေး အခက်အခဲဖြစ်ကြတာပေါ့။”

ဒါ့အပြင် မောင်တောမြို့နယ်ဘက်မှာ စစ်ကောင်စီဘက်က စစ်ကားတွေ၊ ရဟတ် ယာဉ်တွေ၊ စစ်သင်္ဘောတွေသုံးပြီး လူအင်အား၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ထုတ်ပြန် ထားပါတယ်။

AA ရဲ့ထုတ်ပြန်ချက်ဟာ တည်ငြိမ်နေတဲ့ရခိုင်ပြည်နယ်ကို မတည်ငြိမ်ဖြစ်စေချင်တဲ့ သဘောဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း လုံခြုံရေးအရ ဆောင်ရွက်သင့်တာကို ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ တည်ငြိမ်းအေးချမ်းနေတဲ့အခြေအနေကို မတည်ငြိမ်မအေးချမ်းအောင် လုပ်ချင်နေတဲ့သဘောထားမျိုးတွေ တွေ့ရတယ်။ AA ဘက်က ဒီကြားထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာတွေတွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။”

တိုက်ပွဲတွေအတွင်း AA ဘက်ကရော။ စစ်ကောင်စီဘက်ကပါ ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ လောက် ထိုခိုက်ကျဆုံးခဲ့သလို စစ်လက်နက် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်ဆိုတာကို ဝန်ခံပေမယ့် AA ဘက်က ပြောသလောက် မများဘူးလို့ တုံ့ပြန်ပါတယ်။ အတိအကျတော့ ပြောဆိုခြင်း မရှိပါဘူး။

ရသေ့တောင်မြို့နယ် အငူမော်-မောင်တော ကားလမ်းအနီးမှာရှိတဲ့ ဒုံးပိုက် ကျေးရွာနဲ့ ချိန်ခါလီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွတ်ပြေးနေကြရတာလည်းဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် သံချောင်းကျေးရွာကို ထွက်ပြေးလာသူတဦးက VOA ကို အခုလို ပြောပါတယ်။

အခုလို ရခိုင်ဒေသမှာ တကြော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

“ချိန်ခါလီကတော့ ဆရာတော်ကအစ အားလုံးထွက်ပြေးလာကြတယ်။ ဒါပေမယ့် အသက် ၈၀ ကျော် အဘိုးတဦးတော့ ကျန်ခဲ့တယ်၊ စားဝတ်နေရေး ဘယ်လိုရှိမလဲ မသိဘူး။ သေလား ရှင်လားလဲ မသိရဘူး။”

လက်ရှိမှာတော့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြသူတွေဟာ ဘေးလွတ်ရာကျေးရွာတွေမှာ ဝင်ရောက်နေထိုင်နေကြရတာဖြစ်ပြီး ရွာခံတွေက စားဝတ်နေရေး ကိစ္စတွေကို ကူညီထားတာကြောင့် လတ်တလော အဆင်ပြေနေပေမယ့် ရေရည်အတွက် စားနပ်ရိက္ခာ စိုးရိမ်စရာ ရှိတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီနေသူတဦးကပြောပါတယ်။

“အခုလောလောဆယ်ကတော့ ပူစရာမလိုသေးဘူး၊ နောက်ရေရှည်ကြာလာရင်တော့ မနိုင်တော့ဘူး။ ကျနော်တို့ရွာမှာ အခုဆိုရင် တအိမ်ကို ၂ ယောက် တာဝန်ယူပြီးတော့ ကျွေးထားတယ်။ ၁၀ ရက်လောက် ကျနော်တို့ ကျွေးထားနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေသူ ၄ သောင်းကျော်အထိကျန်ရှိနေပါတယ်။ အခု တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွားလာတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်ဦးရေး ထပ်တိုးနေပါတယ်။

XS
SM
MD
LG