သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာင္ေတာေျမာက္ပိုင္း တိုက္ပြဲ ျပင္းထန္၊ ေဒသခံတခ်ိဳ႕ ထြက္ေျပးေနရ


ေမာင္ေတာၿမိဳ႕နယ္အတြင္း ကင္းလွည့္ေနတဲ့ စစ္နဲ႔ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၁၆)

[[Zawgyi/Unicode]]


ရခိုင္ျပည္နယ္ ေမာင္ေတာေျမာက္ပိုင္းက ေတာင္ၿပိဳဗ်ဴဟာအနီးမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ ေဒသခံတခ်ိဳ႕ ေဘးလြတ္ရာကို ထြက္ေျပး ေနၾကရပါတယ္။ တေက်ာ့ျပန္တိုက္ပြဲေတြ ျပင္းထန္လာတဲ့အခ်ိန္ ျမန္မာစစ္တပ္ဘက္က လုံၿခဳံေရး တင္းက်ပ္ စစ္ေဆး ဖမ္းဆီးတာေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီလအတြင္းမွာပဲ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ ဖမ္ဆီးစစ္ေဆးခံေရသူ ဆယ္ဦးထက္မနည္း ရွိၿပီး တျခားၿမိဳ႕နယ္ေတြမွာလည္း ဖမ္းဆီးခံရသူေတြ ရွိေနတယ္လို႔ ေဒသခံေတြကေျပာ ဆိုၾကပါတယ္။ ရခိုင္ျပည္နယ္အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္း က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာေျမာက္ပိုင္းက ေတာင္ၿပိဳဗ်ဴဟာအနီး ကြမ္းသီးပင္ မြတ္ဆလင္ ေက်း ႐ြာအနီးမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား မေန႔က တိုက္ပြဲအႀကီးအက်ယ္ ျဖစ္ပြားခဲ့တယ္လို႔ တိုက္ပြဲျဖစ္ပြားေနတဲ့အနီးတဝိုက္ေက်း႐ြာ ေဒသခံတဦးက ေျပာပါတယ္။

“ ေတာင္ၿပိဳဧရိယာအပိုင္ေနာ္၊ ကြမ္းသီးပင္ေခ်ာင္း အဲဒီမွာ မနက္ပိုင္း ၁၁နာရီ ၅၀ ကေနၿပီးေတာ့ တပ္ေတာ္နဲ႔ စကစ တိုက္ပြဲျဖစ္ၾကတယ္ေပါ့ေနာ္၊ ၁နာရီ ၂၀ ေလာက္ေတာင္ ၾကာခဲ့တယ္။ သူတို႔က အခုဆိုရင္ လက္နက္ငယ္နဲ႔ေတာင္ သိပ္ၿပီးမပစ္ေတာ့ဘူး။ ေတာင္ၿပိဳ လက္နက္ႀကီးစခန္းက ကူပစ္ေပးတယ္ေလ။”

AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ေမာင္ေတာေျမာက္ပိုင္းမွာ မၾကာခဏဆိုသလို စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတဲ့အေၾကာင္း ေဒသခံရြာသားေတြက ေျပာဆိုပါတယ္။ တိုက္ပြဲေၾကာင့္ အနီးအနားေက်း႐ြာေတြက ေဒသခံတခ်ိဳ႕ ေဘးလြတ္ရာကို ထြက္ေျပးေနၾကပါတယ္။ တခ်ိန္တည္းမွာပဲ ျမန္မာစစ္တပ္က ရခိုင္ျပည္ နယ္တြင္း စစ္ေရးဂိတ္ေတြ တိုးျမင့္ခ်ၿပီး အသြားအလာေတြကို စစ္ေဆးလာသလို AA အဖြဲ႕နဲ႔ ဆက္စပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးတာေတြလည္းတိုးလာေနတာပါ။

ေက်ာက္ျဖဴၿမိဳ႕နယ္မွာဆိုရင္ ဒီရက္ပိုင္းအတြင္း ဖမ္းဆီးခံရသူေတြ ၁၀ ဦးထက္မနည္းရွိၿပီး ညပိုင္းေတြမွာ ဝင္ေရာက္ဖမ္းဆီးတာမ်ားတယ္ လို႔လည္းေက်ာက္ျဖဴေဒသ ခံတဦးကေျပာ ပါတယ္။

“ အခုဆိုရင္ ေက်ာက္ျဖဴၿမိဳ႕နယ္က အဖမ္းခံရတာ ၁၀ ေယာက္ေက်ာ္ေလာက္ရွိၿပီေပါ့ေနာ္။ အရင္က ဖမ္းထားတာေတြလည္းရွိမယ္။ ဒီတရက္ႏွစ္ရက္အတြင္းမွာပဲ က်ေနာ္သိသေလာက္ ဆိုလို႔ရွိရင္ ၆ ေယာက္ ၇ ေယာက္အထိ အဖမ္းခံလိုက္ရတယ္ေပါ့ေနာ္၊ ရမ္းၿဗဲကလည္း ဟိုေန႔က သတင္းအရဆိုရင္ ႏွစ္ေယာက္အဖမ္းခံရတယ္။ ေနာက္ၿပီးေတာ့ ေက်ာက္ျဖဴ၊ ရမ္းၿဗဲ၊ ေတာင္ကုတ္ စတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီဘက္က ညပိုင္းကင္းလွည့္တာေတြ ဧည့္စာရင္းစစ္တာေတြ ဒီလုပ္ငန္းစဥ္ေတြမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကိုေတာင္ မေခၚေတာ့ဘူး။ စစ္ေကာင္စီတပ္သားေတြကပဲ အဓိက ဖမ္းဆီးတာေတြကို လုပ္ေနတယ္။”

ဒါအျပင့္ ရခိုင္ျပည္နယ္က ေျမာက္ဦး မင္းျပား ေက်ာက္ျဖဴ ေတာင္ကုတ္ ရမ္းၿဗဲ သတဲ့ၿမိဳ႕ နယ္ေတြမွာလည္း ဒီလအတြင္း ဖမ္းဆီးခံရသူေတြ ရွိတဲ့အေၾကာင္း ေဒသခံေတြ ေျပာဆိုၾကပါတယ္။ ျမန္မာစစ္တပ္ဘက္ကေတာ့ ဖမ္းဆီးေနတာေတြနဲ႔ ပတ္သက္လို႔ သတင္းထုတ္ျပန္တာ မရွိသလို အတည္ျပဳေျပာဆိုတာ မရွိပါဘူး။

ရခိုင္ ေဒသခံေတြကေတာ့ အခုလို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးေနတာေတြဟာ AA အဖြဲ႕အေပၚ ေထာက္ခံမႈေလ်ာ့နည္းေအာင္နဲ႔ မေထာက္ခံရဲေအာင္ ၿခိမ္းေျခာက္တဲ့ လုပ္ရပ္လို႔ ျမင္ပါတယ္။

“လက္ရွိလုပ္ေနတဲ့ ျပည္သူေတြကို ဖမ္းတယ္။ သံသယရွိတဲ့သူေတြကိုဖမ္းတယ္၊ ေနာက္ၿပီး ေတာ့ ဆက္စပ္တဲ့ သူေတြကို ဖမ္းဆီးတယ္ဆိုတာကေတာ့ AAအေပၚမွာ လူေတြ ေထာက္ခံမႈ က်ဆင္းလာေအာင္ ေနာက္တခုကေတာ့ စစ္ေကာင္စီကို ပိုၿပီးေတာ့ အေၾကာက္တရား လြမ္းမိုး လာေအာင္ အဓိကလုပ္တာကပို ေျပာလို႔ရတယ္ေပါ့ေနာ္။”

ဖမ္းဆီးေနတာေတြနဲ႔ ပတ္သက္ၿပီး အတည္ျပဳခ်က္ရဖို႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနကို ဆက္သြယ္ခဲ့ေပမယ့္လည္း တုံ႔ျပန္ေျဖၾကားျခင္း မရွိပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို ေငြေၾကး ေထာက္ပံ့တာေတြ မလုပ္ဖို႔ ရခိုင္ျပည္နယ္မွာရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို ေခၚယူၿပီး ျမန္မာစစ္တပ္က ဒီရက္ပိုင္းထဲမွာပဲ သတိေပးထားပါတယ္။ ဒါ႔အျပင္ ေမာင္ေတာၿမိဳ႕နယ္ အပါအဝင္ ရခိုင္က ၿမိဳ႕နယ္တခ်ိဳ႕ကို ခရီးသြားလာခြင့္နဲ႔ ကုန္စည္သည္ယူခြင့္ေတြ ပိတ္ထားတာေၾကာင့္ ေဒသခံေတြ စားဝတ္ေနေရး အခက္ႀကဳံေနရပါတယ္။
#ေမာင္ေတာေျမာက္ပိုင္း #တိုက္ပြဲျပင္းထန္ #ေအေအ #စစ္ေကာင္စီတပ္ #လံုၿခံဳေရးတင္းၾကပ္

==============

[[Unicode]]

မောင်တောမြောက်ပိုင်း တိုက်ပွဲ ပြင်းထန်၊ ဒေသခံတချို့ ထွက်ပြေးနေရ

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက တောင်ပြိုဗျူဟာအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေး နေကြရပါတယ်။ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန် မြန်မာစစ်တပ်ဘက်က လုံခြုံရေး တင်းကျပ် စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလအတွင်းမှာပဲ ကျောက်ဖြူမြို့နယ်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်ဆီးစစ်ဆေးခံရေသူ ဆယ်ဦးထက်မနည်း ရှိပြီး တခြားမြို့နယ်တွေမှာလည်း ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ ဒေသခံတွေကပြော ဆိုကြပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက တောင်ပြိုဗျူဟာအနီး ကွမ်းသီးပင် မွတ်ဆလင် ကျေး ရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား မနေ့က တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားနေတဲ့အနီးတဝိုက်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ တောင်ပြိုဧရိယာအပိုင်နော်၊ ကွမ်းသီးပင်ချောင်း အဲဒီမှာ မနက်ပိုင်း ၁၁နာရီ ၅၀ ကနေပြီးတော့ တပ်တော်နဲ့ စကစ တိုက်ပွဲဖြစ်ကြတယ်ပေါ့နော်၊ ၁နာရီ ၂၀ လောက်တောင် ကြာခဲ့တယ်။ သူတို့က အခုဆိုရင် လက်နက်ငယ်နဲ့တောင် သိပ်ပြီးမပစ်တော့ဘူး။ တောင်ပြို လက်နက်ကြီးစခန်းက ကူပစ်ပေးတယ်လေ။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး မောင်တောမြောက်ပိုင်းမှာ မကြာခဏဆိုသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အကြောင်း ဒေသခံရွာသားတွေက ပြောဆိုပါတယ်။ တိုက်ပွဲကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်က ရခိုင်ပြည် နယ်တွင်း စစ်ရေးဂိတ်တွေ တိုးမြင့်ချပြီး အသွားအလာတွေကို စစ်ဆေးလာသလို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတွေလည်းတိုးလာနေတာပါ။

ကျောက်ဖြူမြို့နယ်မှာဆိုရင် ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေ ၁၀ ဦးထက်မနည်းရှိပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးတာများတယ် လို့လည်းကျောက်ဖြူဒေသ ခံတဦးကပြော ပါတယ်။

“ အခုဆိုရင် ကျောက်ဖြူမြို့နယ်က အဖမ်းခံရတာ ၁၀ ယောက်ကျော်လောက်ရှိပြီပေါ့နော်။ အရင်က ဖမ်းထားတာတွေလည်းရှိမယ်။ ဒီတရက်နှစ်ရက်အတွင်းမှာပဲ ကျနော်သိသလောက် ဆိုလို့ရှိရင် ၆ ယောက် ၇ ယောက်အထိ အဖမ်းခံလိုက်ရတယ်ပေါ့နော်၊ ရမ်းဗြဲကလည်း ဟိုနေ့က သတင်းအရဆိုရင် နှစ်ယောက်အဖမ်းခံရတယ်။ နောက်ပြီးတော့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က ညပိုင်းကင်းလှည့်တာတွေ ဧည့်စာရင်းစစ်တာတွေ ဒီလုပ်ငန်းစဉ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုတောင် မခေါ်တော့ဘူး။ စစ်ကောင်စီတပ်သားတွေကပဲ အဓိက ဖမ်းဆီးတာတွေကို လုပ်နေတယ်။”

ဒါအပြင့် ရခိုင်ပြည်နယ်က မြောက်ဦး မင်းပြား ကျောက်ဖြူ တောင်ကုတ် ရမ်းဗြဲ သတဲ့မြို့ နယ်တွေမှာလည်း ဒီလအတွင်း ဖမ်းဆီးခံရသူတွေ ရှိတဲ့အကြောင်း ဒေသခံတွေ ပြောဆိုကြပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသလို အတည်ပြုပြောဆိုတာ မရှိပါဘူး။

ရခိုင် ဒေသခံတွေကတော့ အခုလို ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးနေတာတွေဟာ AA အဖွဲ့အပေါ် ထောက်ခံမှုလျော့နည်းအောင်နဲ့ မထောက်ခံရဲအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

“လက်ရှိလုပ်နေတဲ့ ပြည်သူတွေကို ဖမ်းတယ်။ သံသယရှိတဲ့သူတွေကိုဖမ်းတယ်၊ နောက်ပြီး တော့ ဆက်စပ်တဲ့ သူတွေကို ဖမ်းဆီးတယ်ဆိုတာကတော့ AAအပေါ်မှာ လူတွေ ထောက်ခံမှု ကျဆင်းလာအောင် နောက်တခုကတော့ စစ်ကောင်စီကို ပိုပြီးတော့ အကြောက်တရား လွမ်းမိုး လာအောင် အဓိကလုပ်တာကပို ပြောလို့ရတယ်ပေါ့နော်။”

ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို ငွေကြေး ထောက်ပံ့တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး မြန်မာစစ်တပ်က ဒီရက်ပိုင်းထဲမှာပဲ သတိပေးထားပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ် အပါအဝင် ရခိုင်က မြို့နယ်တချို့ကို ခရီးသွားလာခွင့်နဲ့ ကုန်စည်သည်ယူခွင့်တွေ ပိတ်ထားတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။
#မောင်တောမြောက်ပိုင်း #တိုက်ပွဲပြင်းထန် #အေအေ #စစ်ကောင်စီတပ် #လုံခြုံရေးတင်းကြပ်

==============

XS
SM
MD
LG