သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာင္ေတာခရိုင္ပညာေရးမွဴး ဓါးထိုးသတ္ခံရမႈေၾကာင့္ လုံျခံဳေရးစိုးရိမ္ေန


ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ ရံုးခန္းထဲမွာ ဓားနဲ႔တုိက္ခုိက္ခံရၿပီးကြယ္လြန္သြားတဲ့ ခရိုင္ပညာေရးမႉး ေဒါက္တာျမင့္ျမင့္စန္းရဲ႕စ်ာပန။ (ေအာက္တိုဘာ ၃၊ ၂၀၂၂/ဓာတ္ပံု-မင္းႏုိင္ ဖဘ)

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေမာင္ေတာ ေျမာက္ပိုင္းမွာ မေန႔က ညေနပိုင္းက ပညာေရးမႉးတဦး အမည္မသိ လူတခ်ဳိ႕ ဓားထိုးတိုက္ခိုက္တာခံရၿပီး ေသဆုံးသြားတဲ့အေၾကာင္း ေဒသခံေတြနဲ႔ ပညာေရး ၀န္ထမ္းေတြက ေျပာပါတယ္။ ေမာင္ေတာေဒသမွာရွိတဲ့ ပညာေရးဝန္ထမ္းေတြအတြက္ ေဘးကင္းလုံၿခဳံမႈမရွိေတာ့ဘူးဆိုၿပီး စိုးရိမ္ေနရေၾကာင္း ဆရာ ဆရာမေတြက ေျပာၾကပါတယ္။ ရခိုင္ျပည္နယ္အတြင္း ပညာေရးဝန္ထမ္းေတြရဲ႕ လံုၿခံဳေရးအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

မေန႔ညေနပိုင္းက ေမာင္ေတာခ႐ိုင္ပညာေရးမႉး ေဒါက္တာ ျမင့္ျမင့္စန္းကို အမည္မသိ လူသုံးေယာက္က ႐ုံးထဲဝင္ၿပီး ဓားနဲ႔ထိုး တိုက္ခိုက္တာေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။ ဘယ္သူဘယ္ဝါ၊ ဘယ္အဖြဲ႔အစည္းကတိ္ုက္ခိုက္တယ္ဆိုတာ အခုအထိ အတိအက် မသိရေသးပါဘူး။ အခုလို ျဖစ္စဥ္ေၾကာင့္ ေမာင္ေတာေျမာက္ပိုင္းမွာ တာဝန္က်ေနတဲ့ ဆရာဆရာမေတြၾကား စိုးရိမ္မႈျမင့္ေနတာပါ။ ေမာင္ေတာေျမာက္ ပိုင္းက ေက်း႐ြာတခုမွာ တာဝန္က်ေနတဲ့ ဆရာမတဦးကေတာ့ ေက်ာင္းယူနီေဖာင္း ေတာင္ မဝတ္ရဲေလာက္ေအာင္ စိုးရိမ္ေနတယ္လို႔ ေျပာပါတယ္။

“ ဘယ္လိုထင္မွာလဲ-လုံၿခဳံတယ္လို႔။ ကိုယ့္ဖာသာကိုယ္ေတာင္ ေက်ာင္းစိမ္းမဝတ္ ရဲေတာ့ဘူး။ စိတ္ေတြကအဲလိုျဖစ္သြားတယ္၊ ျဖစ္လိုက္တဲ့အခ်ိန္တိုင္းမွာ ျပန္ေပးဆြဲတုန္းကဆိုရင္လည္း ေက်ာင္း ဆရာ ဆရာမေတြ၊ မေန႔က ျဖစ္တဲ့ကိစၥမွာလည္း ပညာေရးဌာနက ဆုံးၿပီေပါ့။ အထက္လူႀကီးကိုေတာင္ အဲလိုလုပ္တယ္ဆိုရင္ ကိုယ့္ကိုလည္း လာလုပ္မလားေပါ့၊ ယူနီေဖာင္းဝတ္လိုက္ရင္ ကိုယ့္ကို လာလုပ္မလားအဲလိုအပဲ စဥ္းစာေနေတာ့တယ္။”

ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ဆရာ ဆရာမအမ်ားစု ဟာ တျခား ေဒသကလာၿပီးေတာ့ တာဝန္ထမ္းေဆာင္ေနၾကတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ တိုက္ပြဲေတြေၾကာင့္ ေမာင္ေတာအပါဝင္ ၿမိဳ႕နယ္တခ်ိဳ႕ကို စစ္တပ္ဘက္က သြားလာေရးပိတ္ထားၿပီး စာသင္ေက်ာင္းေတြတခ်ိဳ႕လည္း ပိတ္ထားရတယ္လို႔ ပညာေရးဝန္ထမ္းေတြကေျပာၾကပါတယ္။

ေမာင္ေတာေျမာက္ပိုင္းက ေက်း႐ြာတခ်ိဳ႕မွာ တာဝန္က်ေနတဲ့ ဆရာ ဆရာမေတြဆိုရင္လည္း တာဝန္အရ သင္ၾကားေပးေနရေပမယ့္ အသက္အႏၲရာယ္စိုးရိမ္ေနရတယ္လို႔ ေက်ာင္းဆရာတဦးကေျပာပါတယ္။

“ စာေတာ့ သင္ေနရတယ္။ ဒါေပမယ့္ စိတ္ေျဖာင့္ေျဖာင့္ႀကီးနဲ႔ သင္ရတာေတာ့မရွိဘူး။ စိုးရိမ္စိတ္ေတြနဲ႔ ေနရတာမ်ားတယ္။ ဘယ္ေန႔ ဘာျဖစ္လာမယ္မွန္းမသိၿပီးေတာ့ ေမာင္ေတာ ေျမာက္ပိုင္းတခုလုံးကလည္း တိုက္ပြဲေတြ ျဖစ္ေနတယ္။ ၿပီးေတာ့ မေန႔ကလိုျဖစ္တယ္ဆိုရင္ေပါ့- သြားလာရတဲ့လမ္းကလည္း ဆရာ ဆရာမေတြအတြက္ အရမ္း အႏၲရာယ္မ်ားတယ္။ တာဝန္အရသာ သြားၿပီးေတာ့ သင္ေနၾကရတာ။”

ၿပီးခဲ့တဲ့ ဇြန္လ ၂၂ ရက္ေန႔ကလည္း ေမာင္ေတာေျမာက္ပိုင္းမွာတာဝန္ထမ္းေဆာင္ေနတဲ့ ပညာေရးဝန္ထမ္းႏွစ္ဦးကို ျပန္ေပးဆြဲခံခဲ့ရပါတယ္။ ျပန္လည္လြတ္ေျမာက္လာခဲ့ေပမယ့္ ဘယ္အဖြဲ႔အစည္းက ေခၚသြားခဲ့တယ္ဆိုတာကို ထုတ္ေဖၚႏိုင္ျခင္း ေျပာဆိုျခင္း မရွိပါဘူး။ လက္ရွိမွာလည္း ပညာေရးဝန္ထမ္းေတြ အသတ္ခံရတဲ့ သတင္းေတြေၾကာင့္ ဆရာဆရာမေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္လို႔ စိုးရိမ္ေနၾကတာပါ။ ေဒသခံ ဆရာမတဦးက VOA ကို အခုလို ေျပာပါတယ္။

“က်မတို႔ရဲ႕ ေနာက္ထပ္ ပညာေရးဝန္ထမ္းတဦးတေယာက္ မဆုံးရႈံးခ်င္ေတာ့ဘူး။ လုံလုံၿခံဳၿခံဳနဲ႔ သြားလာလႈပ္ရွားလို႔ရေစခ်င္တယ္ေလ။ ေမာင္ေတာမွာဆိုတာက ေမာင္ေတာ ေဒသခံေတြထက္ ဧည့္သည္ေတြက ပိုမ်ားတယ္ေလ၊ အခုဒီလိုျဖစ္ သြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး သူတို႔ လာရဲေတာ့မွာ မဟုတ္ဘူး၊ တာဝန္မထမ္းေဆာင္ရဲေတာ့ဘူး အဲလိုျဖစ္သြားမယ္။”

လက္ရွိရခိုင္ျပည္နယ္က ေမာင္ေတာၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ စာသင္ေက်ာင္းေတြပိတ္ ထားရပါတယ္။ ပညာေရးဝန္ထမ္းေတြ ရင္ဆိုင္ေနရတဲ့ မလုံၿခဳံမႈေတြအေၾကာင္း ပညာေရးဌာနတာဝန္ရွိသူေတြကို ေမးျမန္းဖို႔ဆက္သြယ္ခဲ့ေပမယ့္လည္း အေၾကာင္းတစုံတရာ တုံ႔ျပန္မႈမရခဲ့ပါဘူး။ ေမာင္ေတာၿမိဳ႕မွာ ရခိုင္လက္နက္ကိုင္ အဖြဲ႕ AA နဲ႔ ျမန္မာစစ္တပ္ၾကား ၿပီးခဲ့တဲ့ ၾသဂုတ္လ ဒုတိယပတ္ေလာက္က စၿပီး တိုက္ပြဲေတြျဖစ္ပြားခဲ့တာပါ။ အၾကမ္းဖက္မႈေတြ၊ အရပ္သားေတြ ေသေၾကမႈေတြအတြက္ AA ဘက္က ျမန္မာစစ္တပ္ကို အျပစ္တင္ေလ့ရွိသလို စစ္တပ္ကလည္း AA လက္နက္ကိုင္အဖြဲ႕နဲ႔ ARSA အစြန္းေရာက္အဖြဲ႕ရဲ႕ လက္ခ်က္ဆိုၿပီး တု႔ံျပန္ေျပာဆိုေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မောင်တောခရိုင်ပညာရေးမှူး ဓါးထိုးသတ်ခံရမှုကြောင့် လုံခြုံရေးစိုးရိမ်နေ

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မောင်တော မြောက်ပိုင်းမှာ မနေ့က ညနေပိုင်းက ပညာရေးမှူးတဦး အမည်မသိ လူတချို့ ဓားထိုးတိုက်ခိုက်တာခံရပြီး သေဆုံးသွားတဲ့အကြောင်း ဒေသခံတွေနဲ့ ပညာရေး ဝန်ထမ်းတွေက ပြောပါတယ်။ မောင်တောဒေသမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေအတွက် ဘေးကင်းလုံခြုံမှုမရှိတော့ဘူးဆိုပြီး စိုးရိမ်နေရကြောင်း ဆရာ ဆရာမတွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

မနေ့ညနေပိုင်းက မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို အမည်မသိ လူသုံးယောက်က ရုံးထဲဝင်ပြီး ဓားနဲ့ထိုး တိုက်ခိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကတိုက်ခိုက်တယ်ဆိုတာ အခုအထိ အတိအကျ မသိရသေးပါဘူး။ အခုလို ဖြစ်စဉ်ကြောင့် မောင်တောမြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ဆရာဆရာမတွေကြား စိုးရိမ်မှုမြင့်နေတာပါ။ မောင်တောမြောက် ပိုင်းက ကျေးရွာတခုမှာ တာဝန်ကျနေတဲ့ ဆရာမတဦးကတော့ ကျောင်းယူနီဖောင်း တောင် မဝတ်ရဲလောက်အောင် စိုးရိမ်နေတယ်လို့ ပြောပါတယ်။

“ ဘယ်လိုထင်မှာလဲ-လုံခြုံတယ်လို့။ ကိုယ့်ဖာသာကိုယ်တောင် ကျောင်းစိမ်းမဝတ် ရဲတော့ဘူး။ စိတ်တွေကအဲလိုဖြစ်သွားတယ်၊ ဖြစ်လိုက်တဲ့အချိန်တိုင်းမှာ ပြန်ပေးဆွဲတုန်းကဆိုရင်လည်း ကျောင်း ဆရာ ဆရာမတွေ၊ မနေ့က ဖြစ်တဲ့ကိစ္စမှာလည်း ပညာရေးဌာနက ဆုံးပြီပေါ့။ အထက်လူကြီးကိုတောင် အဲလိုလုပ်တယ်ဆိုရင် ကိုယ့်ကိုလည်း လာလုပ်မလားပေါ့၊ ယူနီဖောင်းဝတ်လိုက်ရင် ကိုယ့်ကို လာလုပ်မလားအဲလိုအပဲ စဉ်းစာနေတော့တယ်။”

မောင်တောမြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာ ဆရာမအများစု ဟာ တခြား ဒေသကလာပြီးတော့ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် မောင်တောအပါဝင် မြို့နယ်တချို့ကို စစ်တပ်ဘက်က သွားလာရေးပိတ်ထားပြီး စာသင်ကျောင်းတွေတချို့လည်း ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေကပြောကြပါတယ်။

မောင်တောမြောက်ပိုင်းက ကျေးရွာတချို့မှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေဆိုရင်လည်း တာဝန်အရ သင်ကြားပေးနေရပေမယ့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ကျောင်းဆရာတဦးကပြောပါတယ်။

“ စာတော့ သင်နေရတယ်။ ဒါပေမယ့် စိတ်ဖြောင့်ဖြောင့်ကြီးနဲ့ သင်ရတာတော့မရှိဘူး။ စိုးရိမ်စိတ်တွေနဲ့ နေရတာများတယ်။ ဘယ်နေ့ ဘာဖြစ်လာမယ်မှန်းမသိပြီးတော့ မောင်တော မြောက်ပိုင်းတခုလုံးကလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြီးတော့ မနေ့ကလိုဖြစ်တယ်ဆိုရင်ပေါ့- သွားလာရတဲ့လမ်းကလည်း ဆရာ ဆရာမတွေအတွက် အရမ်း အန္တရာယ်များတယ်။ တာဝန်အရသာ သွားပြီးတော့ သင်နေကြရတာ။”

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက ခေါ်သွားခဲ့တယ်ဆိုတာကို ထုတ်ဖေါ်နိုင်ခြင်း ပြောဆိုခြင်း မရှိပါဘူး။ လက်ရှိမှာလည်း ပညာရေးဝန်ထမ်းတွေ အသတ်ခံရတဲ့ သတင်းတွေကြောင့် ဆရာဆရာမတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတာပါ။ ဒေသခံ ဆရာမတဦးက VOA ကို အခုလို ပြောပါတယ်။

“ကျမတို့ရဲ့ နောက်ထပ် ပညာရေးဝန်ထမ်းတဦးတယောက် မဆုံးရှုံးချင်တော့ဘူး။ လုံလုံခြုံခြုံနဲ့ သွားလာလှုပ်ရှားလို့ရစေချင်တယ်လေ။ မောင်တောမှာဆိုတာက မောင်တော ဒေသခံတွေထက် ဧည့်သည်တွေက ပိုများတယ်လေ၊ အခုဒီလိုဖြစ် သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ လာရဲတော့မှာ မဟုတ်ဘူး၊ တာဝန်မထမ်းဆောင်ရဲတော့ဘူး အဲလိုဖြစ်သွားမယ်။”

လက်ရှိရခိုင်ပြည်နယ်က မောင်တောမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေပိတ် ထားရပါတယ်။ ပညာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ မလုံခြုံမှုတွေအကြောင်း ပညာရေးဌာနတာဝန်ရှိသူတွေကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းတစုံတရာ တုံ့ပြန်မှုမရခဲ့ပါဘူး။ မောင်တောမြို့မှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်လောက်က စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အကြမ်းဖက်မှုတွေ၊ အရပ်သားတွေ သေကြေမှုတွေအတွက် AA ဘက်က မြန်မာစစ်တပ်ကို အပြစ်တင်လေ့ရှိသလို စစ်တပ်ကလည်း AA လက်နက်ကိုင်အဖွဲ့နဲ့ ARSA အစွန်းရောက်အဖွဲ့ရဲ့ လက်ချက်ဆိုပြီး တုံ့ပြန်ပြောဆိုလေ့ရှိပါတယ်။

XS
SM
MD
LG