သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာ္လၿမိဳင္ၿမိဳ႕မွာ ႐ိုဟင္ဂ်ာ အေယာက္ ၂၀ ေက်ာ္ ဖမ္းမိ


ရခိုင္ျပည္နယ္ ေျမာက္ဖ်ားဘက္က ႏိုင္ငံသားအေထာက္အထားမဲ့ ဖမ္းဆီးခံခဲ့ရသူမ်ား။ (ဓာတ္ပုံ - ပုသိမ္သား ဦးေဇာ္'s facebok - ဇန္နဝါရီ ၂၇၊ ၂၀၂၁)

[[Zawgyi/Unicode]]

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ခရစ္စမတ္ေန႔ဒီဇင္ဘာ ၂၅ ရက္ေန႔က ရခိုင္ျပည္နယ္ဘက္ကလာတဲ့ ႐ိုဟင္ဂ်ာအေယာက္ ၂၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရတယ္လို႔ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္တြင္းက မြတ္စလင္ေတြဟာ လူကုန္ကူးသူေတြရဲ႕ ပစ္မွတ္ျဖစ္လာေနေပမယ့္ ကာကြယ္ေပးႏိုင္မႈ အားနည္းေနတယ္လို႔ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားေနသူေတြက ေထာက္ျပေနၾကပါတယ္။ ဒီသတင္း ရန္ကုန္ကေပးပို႔လာတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ခရစ္စမတ္ေန႔ဒီဇင္ဘာ ၂၅ ရက္ေန႔က မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕လႈိင္ရပ္ကြက္၊ အုတ္ဖိုလမ္းက ငါးထပ္တိုက္မွာ မြတ္စလင္အေယာက္ ၂၀ ေက်ာ္ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ ဖမ္းဆီးခံရသူေတြဟာ အမ်ိဳးသား ၁၃ ေယာက္နဲ႔ အမ်ိဳးသမီး ၁၁ ဦးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ထိန္းသိမ္းစစ္ေဆးေနတယ္လို႔ ႐ိုဟင္ဂ်ာအေရးကူညီေပးေနသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

“အမ်ိဳးသားလည္း ပါတယ္။ သူတို႔ထြက္လာတာက ရေသ့ေတာင္က သမီးလွေက်း႐ြာ ရွိတယ္။ အဲမွာ လူေမွာင္ခိုပြဲစားေတြက လူစုၾကတယ္။ သူတို႔လာတာကေတာ့ ေမာင္ေတာ၊ ဘူးသီးေတာင္က ရခိုင္ျပည္နယ္ အနယ္နယ္အရပ္ရပ္က ႐ိုဟင္ဂ်ာေတြေပါ့။ အဲေနရာကိုလူစုၿပီး ပြဲစားေတြက ေခၚလာတယ္။ အဲမွာ သက္ဆိုင္ရာခ်ိတ္ဆက္ထားတဲ့လူေတြရဲ႕လုံၿခဳံေရးကိုယူၿပီးေတာ့ စက္ေလွေပၚတင္ၿပီးေတာ့ ဒီဘက္ကိုလာၾကတာေပါ့ေနာ္။ ေနာက္ ဧရာဝတီကိုေရာက္တယ္။ တခ်ိဳ႕စက္ေလွေတြက ဖမ္းမိတာရွိတယ္။ တခ်ိဳ႕ကက်ေတာ့ မဖမ္းမိတာရွိတယ္။ သူတို႔ကို လူအုပ္စုခြဲထားၿပီးေတာ့ ပြဲစားေတြအဆက္နဲ႔ ေခၚထားတယ္။ အဲဒီကေန ကားေတြနဲ႔သယ္တာေပါ့ေနာ္။ သြားခ်င္တဲ့ေနရာေတြကေတာ့ အထူးသျဖင့္ မေလးရွားတို႔ တခ်ိဳ႕ေတြက်ေတာ့ ရန္ကုန္ေပါ့။”

ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ ႐ိုဟင္ဂ်ာေတြဟာ ေဒသကူးခြင့္မရွိတာမို႔ လူကုန္ကူးေတြကတဆင့္ ရန္ကုန္နဲ႔ တျခားျပည္ပႏိုင္ငံေတြကို တရားမဝင္ ထြက္ခြာဖို႔ ႀကိဳးစားၾကရာမွာ မၾကာခဏဆိုသလို ဖမ္းဆီးခံၾကရပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္စခန္းေတြကေန နည္းအမ်ိဳးမ်ိဳးနဲ႔ ထြက္ခြာသြားလာမႈေတြက ရွိေနဆဲျဖစ္တယ္လို႔ မြတ္ဆလင္အသိုင္းအဝိုင္းကေျပာပါတယ္။ ရခိုင္ေဒသတြင္းမွာ သူတို႔ကို ခရီးသြားလာခြင့္ပိတ္ပင္တာ၊ ကန႔္သတ္ထားတာေတြေၾကာင့္လည္း ဒါေတြက လူကုန္ကူးသူေတြရဲ႕ မ်က္စိက်စရာ အေျခအေနတခုျဖစ္ေနတယ္လို႔ သူတို႔ေတြကို ကူညီေပးေနသူကေျပာပါတယ္။

“လူေမွာင္ခိုပြဲစားသမားေတြက မ်က္စိက်စရာ ဘာမွ အတားအဆီး အဟန႔္အတားမရွိျဖစ္ေနတယ္။ သူတို႔က လြတ္လြတ္လပ္လပ္လုပ္ကိုင္ခြင့္ရတဲ့သေဘာ ျဖစ္ေနတယ္။ ရွင္းရွင္းေျပာရရင္တေၾကာင္းေပါ့။ လူေမွာင္ခိုပြဲစားေတြရဲ႕စားခြက္ စားက်က္လိုျဖစ္ေနတယ္။ အဲစားက်က္က အတားအဆီးမရွိတဲ့သေဘာျဖစ္ေနတယ္။ အတားအဆီးမရွိတဲ့သေဘာက သက္ဆိုင္ရာလုံၿခဳံေရးတာဝန္ယူသူေတြက ဘယ္သူမွမတားဆီးၾကဘူး။ ထြက္ခ်င္သလိုထြက္၊ ဝင္ခ်င္သလိုဝင္ အဲလိုပုံစံျဖစ္ေနတယ္။ ဝင္လို႔ေတာ့ မရဘူး။ ထြက္တဲ့ပုံစံလို ျဖစ္ေနတယ္၊အဲလိုျဖစ္ေနတယ္။”

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ရန္ကုန္၊ လွည္းကူးၿမိဳ႕နယ္ ဘာလားေက်း႐ြာအနီးမွာ ေသဆုံးေနတဲ့ ႐ိုဟင္ဂ်ာ ၁၃ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေတြ႕ရွိခဲ့ပါတယ္။ သူတို႔ေတြဟာ ရခိုင္ျပည္နယ္ဘက္ကေနထြက္ေျပးလာၿပီး လူပြဲစားေတြေခၚေဆာင္လာခ်ိန္ အသက္ရႈၾကပ္လို႔ ေသခဲ့တာျဖစ္တယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ ျပန္ထားပါတယ္။

စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းနဲ႔ မေကြးတိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ ဖမ္းဆီးခံရတဲ့ ႐ိုဟင္ဂ်ာ ၁,၀၀၀ နီးပါးရွိၿပီျဖစ္တယ္လို႔ ႐ိုဟင္ဂ်ာအေရးလုပ္ေနသူေတြကေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလက္မခံထားပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မော်လမြိုင်မြို့မှာ ရိုဟင်ဂျာ အယောက် ၂၀ ကျော် ဖမ်းမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်တွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပေမယ့် ကာကွယ်ပေးနိုင်မှု အားနည်းနေတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းက ငါးထပ်တိုက်မှာ မွတ်စလင်အယောက် ၂၀ ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၁၁ ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ရိုဟင်ဂျာအရေးကူညီပေးနေသူတဦးက ဗွီအိုအေကိုပြောပါတယ်။

“အမျိုးသားလည်း ပါတယ်။ သူတို့ထွက်လာတာက ရသေ့တောင်က သမီးလှကျေးရွာ ရှိတယ်။ အဲမှာ လူမှောင်ခိုပွဲစားတွေက လူစုကြတယ်။ သူတို့လာတာကတော့ မောင်တော၊ ဘူးသီးတောင်က ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်က ရိုဟင်ဂျာတွေပေါ့။ အဲနေရာကိုလူစုပြီး ပွဲစားတွေက ခေါ်လာတယ်။ အဲမှာ သက်ဆိုင်ရာချိတ်ဆက်ထားတဲ့လူတွေရဲ့လုံခြုံရေးကိုယူပြီးတော့ စက်လှေပေါ်တင်ပြီးတော့ ဒီဘက်ကိုလာကြတာပေါ့နော်။ နောက် ဧရာဝတီကိုရောက်တယ်။ တချို့စက်လှေတွေက ဖမ်းမိတာရှိတယ်။ တချို့ကကျတော့ မဖမ်းမိတာရှိတယ်။ သူတို့ကို လူအုပ်စုခွဲထားပြီးတော့ ပွဲစားတွေအဆက်နဲ့ ခေါ်ထားတယ်။ အဲဒီကနေ ကားတွေနဲ့သယ်တာပေါ့နော်။ သွားချင်တဲ့နေရာတွေကတော့ အထူးသဖြင့် မလေးရှားတို့ တချို့တွေကျတော့ ရန်ကုန်ပေါ့။”

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ဒေသကူးခွင့်မရှိတာမို့ လူကုန်ကူးတွေကတဆင့် ရန်ကုန်နဲ့ တခြားပြည်ပနိုင်ငံတွေကို တရားမဝင် ထွက်ခွာဖို့ ကြိုးစားကြရာမှာ မကြာခဏဆိုသလို ဖမ်းဆီးခံကြရပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်စခန်းတွေကနေ နည်းအမျိုးမျိုးနဲ့ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းကပြောပါတယ်။ ရခိုင်ဒေသတွင်းမှာ သူတို့ကို ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ကန့်သတ်ထားတာတွေကြောင့်လည်း ဒါတွေက လူကုန်ကူးသူတွေရဲ့ မျက်စိကျစရာ အခြေအနေတခုဖြစ်နေတယ်လို့ သူတို့တွေကို ကူညီပေးနေသူကပြောပါတယ်။

“လူမှောင်ခိုပွဲစားသမားတွေက မျက်စိကျစရာ ဘာမှ အတားအဆီး အဟန့်အတားမရှိဖြစ်နေတယ်။ သူတို့က လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရတဲ့သဘော ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင်တကြောင်းပေါ့။ လူမှောင်ခိုပွဲစားတွေရဲ့စားခွက် စားကျက်လိုဖြစ်နေတယ်။ အဲစားကျက်က အတားအဆီးမရှိတဲ့သဘောဖြစ်နေတယ်။ အတားအဆီးမရှိတဲ့သဘောက သက်ဆိုင်ရာလုံခြုံရေးတာဝန်ယူသူတွေက ဘယ်သူမှမတားဆီးကြဘူး။ ထွက်ချင်သလိုထွက်၊ ဝင်ချင်သလိုဝင် အဲလိုပုံစံဖြစ်နေတယ်။ ဝင်လို့တော့ မရဘူး။ ထွက်တဲ့ပုံစံလို ဖြစ်နေတယ်၊အဲလိုဖြစ်နေတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်၊ လှည်းကူးမြို့နယ် ဘာလားကျေးရွာအနီးမှာ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်ဘက်ကနေထွက်ပြေးလာပြီး လူပွဲစားတွေခေါ်ဆောင်လာချိန် အသက်ရှုကြပ်လို့ သေခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ် ပြန်ထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁,၀၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလုပ်နေသူတွေကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံထားပါဘူးရှင်။

XS
SM
MD
LG