သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန႔္မွာ စက္သုံးဆီျပတ္လပ္ေန


[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ နန႔္ယားေက်း႐ြာမွာရွိတဲ့ စစ္ေဆးေရးဂိတ္ေတြကေန စက္သုံးဆီ သယ္ယူတာကို ပိတ္ပင္ထားသလို ဖားကန႔္ၿမိဳ႕မွာရွိတဲ့ အေရာင္းဆိုင္ အေတာ္မ်ားမ်ားမွာလည္း ေရာင္းခ်ခြင့္ ပိတ္လိုက္တာေၾကာင့္ စက္သုံးဆီ ျပတ္လပ္ေနရပါတယ္။ လက္ရွိအခ်ိန္မွာ ဓါတ္ဆီတဂါလံေဈးဟာ ၂ ေသာင္းေလာက္အထိ ျမင့္တက္ေနၿပီး ေဒသခံေတြ သြားလာေရးအတြက္ အခက္အခဲျဖစ္ေနၾကပါတယ္။ ဖားကန႔္ၿမိဳ႕က အေျခအေနကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ဖားကန႔္ေဒသအတြင္း စက္သုံးဆီသယ္တာေတြကို ဒီလလယ္ေလာက္က စတင္ပိတ္ပင္ခဲ့တာပါ။ အဓိကပိတ္ပင္တားဆီးတဲ့ေနရာဟာ မိုးေကာင္း-ဖားကန႔္လမ္းပိုင္းရွိ နန႔္ယားစစ္ေဆးဂိတ္မွာျဖစ္တယ္လို႔ ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ ဒီနန႔္ယားစခန္းမွာ ဌာေနျပည္သူ႔စစ္နဲ႔ တပ္မေတာ္သားေတြကပဲ အဲဒီမွာ စစ္ေဆးတာရွိတယ္။ သူတို႔က အခုက ဆန္ေတြလည္း သယ္လို႔ မရဘူး။ ဓါတ္ဆီလည္း သယ္လို႔ မရဘူး။ တပတ္ေက်ာ္ေနၿပီ။ တခ်ိဳ႕ေတြက ဒီမွာ ေက်ာက္ေျမတူးၾကတာေပ့ါေနာ္။ အဲဒီမွာ ေလွာင္ထားတာ နည္းနည္းပါးပါး အဲဒါပဲ ရွိတယ္။ ဖားကန႔္မွာဆိုရင္ေတာ့ ေရာင္းေတာင္ မေရာင္းေပးဘူးတဲ့။”

အျခားေဒသခံတဦးကလည္း ဖားကန႔္ၿမိဳ႕ေပၚက ဆိုင္အေတာ္မ်ားမ်ား ပိတ္ထားရေၾကာင္း ေျပာပါတယ္။

“ ဆိုင္ေတြလည္း ပိတ္ထားၾကတာ ေတြ႔တယ္။ အခု က်ေနာ္ ဖားကန႔္ထဲ လွည့္ခဲ့တာ။ ဖားကန႔္ထဲကဆိုင္ေတြက ေတာ္ေတာ္မ်ားမ်ားေတာ့ ပိတ္ထားတာေပါ့။ ဆီမရွိလို႔။ အခု က်ေနာ္တို႔ တဂါလံကို ၂ ေသာင္းနဲ႔ ဝယ္ေနရတာပ။ ႏိုင္တီတူးေနာ္။ ဒါေတာင္။”

ဓါတ္ဆီ ႏိုင္တီဖိုက္က တဂါလံကို ၂ ေသာင္း ၂ ေထာင္၊ တလီတာကို ၅ ေထာင္၊ ငါ့ေထာင့္ငါးရာနဲ႔ ေရာင္းခ်ေနေၾကာင္း ေျပာပါတယ္။ ေဒသခံအမ်ိဳးသမီးတဦးကေတာ့ စက္သုံးဆီရွားပါးလာတာေၾကာင့္ ၿခိဳးၿခံေခြၽတာၿပီး သြားလာေနရေၾကာင္း ေျပာပါတယ္။

“ အခက္အခဲရွိတာေတာ့ ေျပာမေနနဲ႔ေတာ့။ ဆိုင္ေတြမွာ ဓါတ္ဆီလည္း မေရာင္းခိုင္းဘူး။ ဒီဇယ္လည္း မေရာင္းခိုင္းဘူး။ အဲဒီအခါက် ျပတ္သြားၿပီ၊ မရွိေတာ့ဘူးေပါ့။ တကယ္လည္း ဆိုင္ေတြက အမ်ားပိုင္းကေတာ့ ပိတ္ထားတာ ေတြ႕ရတယ္ေပါ့။ ေတာ္ေတာ္ေလးေတာ့ အက်ပ္အတည္းေတာ့ ရွိတာေပါ့။ မတတ္ႏိုင္တဲ့အဆုံးကေတာ့ ၿခိဳးၿခံေခြၽတာၿပီး သြားေန၊ လာေနတဲ့ သေဘာရွိတာေပါ့။”

ဆန္နဲ႔ ေဆးဝါးသယ္ယူမႈ ကန႔္သတ္တာရွိေပမယ့္ လက္ရွိအေျခအေနမွာ ေဒသခံေတြအေပၚ ဆိုးဆိုးဝါးဝါး ထိခိုက္တာ မရွိေၾကာင္း နဲ႔ စက္သုံးဆီ သယ္ယူတာကို တားျမစ္တာဟာ KIA အတြက္ အခြန္အေကာက္ရႏိုင္တဲ့ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းကို ကန႔္သတ္ခ်င္လို႔ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္တာေတြ ရွိပါတယ္။ ဒီလို ကန႔္သတ္တာဟာ ဒီလ ၂၃ ရက္ေန႔ အနန႔္ပါကို ေလေၾကာင္းကေန တိုက္ခိုက္မႈအၿပီးမွာ ပိုမိုတင္းက်ပ္လာတာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလအတြင္း ျမန္မာႏိုင္ငံအဝွမ္း စက္သုံးဆီ အခက္အခဲျဖစ္ခ်ိန္ကလည္း ဖားကန႔္ၿမိဳ႕မွာ စက္သုံးဆီ ရွားပါးျပတ္လပ္ၿပီး ေစ်းႏႈန္း ျမင့္တက္တာေတြ ျဖစ္ခဲ့ဖူးပါတယ္။

ဖားကန႔္မွာ စက္သုံးဆီျပတ္လပ္ေန.mp3
please wait

No media source currently available

0:00 0:02:17 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဖားကန့်မှာ စက်သုံးဆီပြတ်လပ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကနေ စက်သုံးဆီ သယ်ယူတာကို ပိတ်ပင်ထားသလို ဖားကန့်မြို့မှာရှိတဲ့ အရောင်းဆိုင် အတော်များများမှာလည်း ရောင်းချခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ ပြတ်လပ်နေရပါတယ်။ လက်ရှိအချိန်မှာ ဓါတ်ဆီတဂါလံဈေးဟာ ၂ သောင်းလောက်အထိ မြင့်တက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်အခဲဖြစ်နေကြပါတယ်။ ဖားကန့်မြို့က အခြေအနေကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဖားကန့်ဒေသအတွင်း စက်သုံးဆီသယ်တာတွေကို ဒီလလယ်လောက်က စတင်ပိတ်ပင်ခဲ့တာပါ။ အဓိကပိတ်ပင်တားဆီးတဲ့နေရာဟာ မိုးကောင်း-ဖားကန့်လမ်းပိုင်းရှိ နန့်ယားစစ်ဆေးဂိတ်မှာဖြစ်တယ်လို့ ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနန့်ယားစခန်းမှာ ဌာနေပြည်သူ့စစ်နဲ့ တပ်မတော်သားတွေကပဲ အဲဒီမှာ စစ်ဆေးတာရှိတယ်။ သူတို့က အခုက ဆန်တွေလည်း သယ်လို့ မရဘူး။ ဓါတ်ဆီလည်း သယ်လို့ မရဘူး။ တပတ်ကျော်နေပြီ။ တချို့တွေက ဒီမှာ ကျောက်မြေတူးကြတာပေ့ါနော်။ အဲဒီမှာ လှောင်ထားတာ နည်းနည်းပါးပါး အဲဒါပဲ ရှိတယ်။ ဖားကန့်မှာဆိုရင်တော့ ရောင်းတောင် မရောင်းပေးဘူးတဲ့။”

အခြားဒေသခံတဦးကလည်း ဖားကန့်မြို့ပေါ်က ဆိုင်အတော်များများ ပိတ်ထားရကြောင်း ပြောပါတယ်။

“ ဆိုင်တွေလည်း ပိတ်ထားကြတာ တွေ့တယ်။ အခု ကျနော် ဖားကန့်ထဲ လှည့်ခဲ့တာ။ ဖားကန့်ထဲကဆိုင်တွေက တော်တော်များများတော့ ပိတ်ထားတာပေါ့။ ဆီမရှိလို့။ အခု ကျနော်တို့ တဂါလံကို ၂ သောင်းနဲ့ ဝယ်နေရတာပ။ နိုင်တီတူးနော်။ ဒါတောင်။”

ဓါတ်ဆီ နိုင်တီဖိုက်က တဂါလံကို ၂ သောင်း ၂ ထောင်၊ တလီတာကို ၅ ထောင်၊ ငါ့ထောင့်ငါးရာနဲ့ ရောင်းချနေကြောင်း ပြောပါတယ်။ ဒေသခံအမျိုးသမီးတဦးကတော့ စက်သုံးဆီရှားပါးလာတာကြောင့် ခြိုးခြံချွေတာပြီး သွားလာနေရကြောင်း ပြောပါတယ်။

“ အခက်အခဲရှိတာတော့ ပြောမနေနဲ့တော့။ ဆိုင်တွေမှာ ဓါတ်ဆီလည်း မရောင်းခိုင်းဘူး။ ဒီဇယ်လည်း မရောင်းခိုင်းဘူး။ အဲဒီအခါကျ ပြတ်သွားပြီ၊ မရှိတော့ဘူးပေါ့။ တကယ်လည်း ဆိုင်တွေက အများပိုင်းကတော့ ပိတ်ထားတာ တွေ့ရတယ်ပေါ့။ တော်တော်လေးတော့ အကျပ်အတည်းတော့ ရှိတာပေါ့။ မတတ်နိုင်တဲ့အဆုံးကတော့ ခြိုးခြံချွေတာပြီး သွားနေ၊ လာနေတဲ့ သဘောရှိတာပေါ့။”

ဆန်နဲ့ ဆေးဝါးသယ်ယူမှု ကန့်သတ်တာရှိပေမယ့် လက်ရှိအခြေအနေမှာ ဒေသခံတွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိကြောင်း နဲ့ စက်သုံးဆီ သယ်ယူတာကို တားမြစ်တာဟာ KIA အတွက် အခွန်အကောက်ရနိုင်တဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ကန့်သတ်ချင်လို့ ဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိပါတယ်။ ဒီလို ကန့်သတ်တာဟာ ဒီလ ၂၃ ရက်နေ့ အနန့်ပါကို လေကြောင်းကနေ တိုက်ခိုက်မှုအပြီးမှာ ပိုမိုတင်းကျပ်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံအဝှမ်း စက်သုံးဆီ အခက်အခဲဖြစ်ချိန်ကလည်း ဖားကန့်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG