သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတဝန္း မိုးႀကီးႏိုင္ မိုးဇလသတိေပး၊ ဒုကၡသည္ေတြ က်န္းမာေရးအကူအညီလိုအပ္


ျမန္မာႏုိင္ငံအတြင္း မိုးႀကီးႏုိင္တဲ့အေျခအေန (ဓာတ္ပံု-မိုးဇလ/ဇူလိုင္ ၁၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္းဆက္ရွိေနလို႔ မုတ္သုံေလ အားေကာင္းၿပီး ေလျပင္းတိုက္ခတ္တာနဲ႔ မိုးႀကီးတာေတြ ႏိုင္ငံတဝန္းရွိေနမယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကား မႈဦးစီးဌာနက ဇူလိုင္လ ၁၀ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။ မုတ္သုံအားေကာင္းတဲ့ေနရာေတြမွာ စစ္အရွိန္ေၾကာင့္ တိုးလာေနတဲ့ စစ္ေဘးေရွာင္ေတြမွာ မိုးေရႀကီးတာရဲ႕ ေနာက္ဆက္တြဲ က်န္းမာေရးဆိုင္ရာျပႆနာေတြနဲ႔ ႀကဳံႏုိင္တာေၾကာင့္ အကူအညီလိုအပ္ေနတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

မုတ္သုံေလအားေကာင္းေနတာေၾကာင့္ ႏိုင္ငံတဝန္း ေဒသတခ်ိဳ႕မွာ မိုးထစ္ခ်ဳန္း႐ြာၿပီး ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရခိုင္၊ ခ်င္း၊ စစ္ကိုင္းတိုင္း၊ ကယားနဲ႔ မြန္တို႔မွာ ေနရာကြက္ၿပီးမိုးႀကီး ႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားပါတယ္။ မိုးႀကီးတာနဲ႔ ေနာက္ဆက္တြဲေရလႊမ္းမိုးတာေတြနဲ႔ လည္း ႀကဳံေတြ႕ႏိုင္ဖြယ္ရွိတယ္လို႔ မိုးဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က VOA ကိုေျပာပါတယ္။

“အဓိကကေတာ့မုတ္သုံေလ အားေကာင္းေနတယ္။ မုတ္သုံေလအားေကာင္းေနေတာ့ ကမ္း႐ိုးတန္း ေဒသေတြ မိုးမ်ားေနတာေပါ့။ အလယ္ပိုင္းမွာလည္း မိုးမ်ားႏိုင္တဲ့အေနအထားမ်ိဳးရွိပါတယ္။ မိုးမ်ားလာတာမို႔ ျမစ္ေတြ ေခ်ာင္းေတြမွာ ေရျပည့္ လာတာကို သတိထားဖို႔လိုတယ္။ ေနာက္တခုကေတာ့ မိုးႀကီးလာတာမို႔ လွ်ပ္တျပက္ေရႀကီးတာကိုသတိျပဳဖို႔လိုတယ္။ ေနာက္တခ်က္ကေတာ့ ေတာင္ကုန္းေတာင္ တန္းေဒသေတြမွာ ေျမၿပိဳမႈေဘးအႏၲရာယ္ေတြကိုသတိျပဳေစခ်င္တယ္။ အထူးသျဖင့္ ကမ္း႐ိုးတန္း ေဒသ ရခိုင္၊ မြန္၊ ကရင္ ၊ တနသၤာရီနဲ႔ ခ်င္း စတဲ့ေဒသေတြေပါ့ မိုးႀကီးမယ္။ ျမစ္ေရအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ျမစ္ငယ္ေခ်ာင္းငယ္နားေနသူေတြအေနနဲ႔ လွ်ပ္တျပက္ေရႀကီးမႈ အႏၲရာယ္ကိုသတိထားေစခ်င္ ပါတယ္။ ေတာင္ က်ေခ်ာင္းေရေတြကိုသတိျပဳဖို႔လိုအပ္ပါတယ္။”

အိႏၵိယႏိုင္ငံ၊ ၾသရိသကမ္းေျခအနီးျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ကုန္းတြင္းပိုင္းမွာ ဆက္လက္ရွိေနတာရဲ႕ အက်ိဳးဆက္ျဖစ္တယ္လို႔ မိုးဇလက ေဖၚျပထားပါတယ္။ ကုန္းျမင့္ပိုင္းမွာေနထိုင္သူေတြက ‌ေျမၿပိဳမႈအႏၲရာယ္ကိုသတိထားဖို႔လိုၿပီး ျမစ္ေခ်ာင္းေတြ အနီးေနထိုင္သူေတြအေနနဲ႔ ေရႀကီးေရလွ်ံတာကို သတိျပဳဖို႔ တိုက္တြန္းထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္းမွာပဲ မုတ္သုံအားေကာင္းေနတဲ့ ေနရာေတြမွာ စစ္အရွိန္ေၾကာင့္ တိုးလာေနတဲ့ စစ္ေဘးေရွာင္ေတြမွာ မိုးေရႀကီးတာရဲ႕ေနာက္ဆက္တြဲ က်န္းမာေရးဆိုင္ရာျပႆနာေတြနဲ႔ ႀကဳံေနရတယ္လို႔စစ္ေဘးေရွာင္ ကူညီသူေတြကေျပာပါတယ္။

ဒီျပႆနာေတြအတြက္ ေဒသတြင္း အလႉရွင္တခ်ိဳ႕ရဲ႕ အကူညီနဲ႔သာ ေျဖရွင္းေနရတယ္လို႔ ဆိုပါတယ္။ မိုးႀကီးလာတာေတြေၾကာင့္ သယ္ယူပို႔ေဆာင္ေရး ခက္ခဲေနတာမို႔ စားနပ္ရိကၡာနဲ႔ ေဆးဝါးလိုအပ္မႈေတြရွိေနတယ္လို႔ စစ္ေဘးသင့္ေနရာ တခုျဖစ္တဲ့ မင္းတပ္ၿမိဳ႕က ဒုကၡသည္ေတြကို ကူညီကယ္ဆယ္ေပးေနသူတဦးကေျပာပါတယ္။ မင္းတပ္ၿမိဳ႕ဟာ စစ္ေကာင္စီရဲ႕ထိုးစစ္ဒဏ္ေၾကာင့္ တၿမိဳ႕လုံးနီးပါး စစ္ေဘးသင့္ဒဏ္ခံခဲ့ရသလို လက္ရွိမွာလည္း ထိုးစစ္ဆင္ေနဆဲမို႔ ဒုကၡသည္ေတြပိုၿပီးအခက္အခဲေတြနဲ႔ရင္ဆိုင္လာရတယ္လို႔ ကူညီကယ္ဆယ္ ေပးေနသူတဦးကေျပာျပပါတယ္။

“ဒီကာလမွာ ဖ်ားနာတာအဓိကရွိပါတယ္။ ေနာက္ၿပီးရင္ ရိကၡာျပႆနာ အဓိကရွိပါတယ္။ ရိကၡာကဘယ္လိုျဖစ္လဲဆိုေတာ့ ဒီကာလမွာက ဝယ္ယူရတာေကာ သယ္ရတာေကာ အရမ္းခက္တယ္။ လမ္းပန္းဆက္သြယ္ေရး ပိုခက္ပါတယ္။ ခုဆို ေျမၿပိဳတယ္။ လမ္းသားေတြဆို ပဲ့က်တယ္။ ဒီကာလမွာ ဝမ္းေလွ်ာဝမ္းပ်က္နဲ႔ဖ်ားနာတာအရမ္းမ်ားတယ္။ က်န္းမာေရးဆို ေဆးဝါးသယ္သူေတြကို ဖမ္းတယ္။ ဆိုေတာ့ ေဆးဝါးသယ္ရတာ ခက္တယ္။ စစ္ေဘးေရွာင္ေတြၾကားထဲမွာ ရိကၡာျပတ္လတ္မႈနဲ႔ ေဆးဝါး ျပတ္လတ္မႈေတြမ်ားတယ္။ ေနာက္ကေလးေမြးကင္းစကေလးနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေသဆုံးမႈေတြ ပိုမ်ားေနတယ္။”

ထုတ္ျပန္ခ်က္အရ ဇူလိုင္လ ၁၀ ရက္ကေန ‌ဇူလိုင္ ၁၄ ရက္အတြင္း ကပၸလီပင္လယ္ျပင္နဲ႔ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလအား ေကာင္းေနလို႔ မိုးသည္းထန္စြာ႐ြာတာနဲ႔အတူ ေလျပင္းတိုက္တာနဲ႔ ‌ေျမၿပိဳတာေတြျဖစ္ေပၚႏိုင္တာေတြရွိ လို႔ အဲဒီရက္ေတြအထူးသတိထားဖို႔ မိုးဇလဘက္က ထုတ္ျပန္ထားပါတယ္။ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလား ပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းေနတာမို႔ တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္ ပင္လယ္ျပင္နဲ႔ ရခိုင္ကမ္း႐ိုးတန္းတေလွ်ာက္ ပင္လယ္ျပင္တို႔မွာ လႈိင္းႀကီးႏိုင္တာကိုလည္း အထူးသတိထားဖို႔ ထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

နိုင်ငံတဝန်း မိုးကြီးနိုင် မိုးဇလသတိပေး၊ ဒုက္ခသည်တွေ ကျန်းမာရေးအကူအညီလိုအပ်

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေလို့ မုတ်သုံလေ အားကောင်းပြီး လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ နိုင်ငံတဝန်းရှိနေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ မုတ်သုံအားကောင်းတဲ့နေရာတွေမှာ စစ်အရှိန်ကြောင့် တိုးလာနေတဲ့ စစ်ဘေးရှောင်တွေမှာ မိုးရေကြီးတာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ကြုံနိုင်တာကြောင့် အကူအညီလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မုတ်သုံလေအားကောင်းနေတာကြောင့် နိုင်ငံတဝန်း ဒေသတချို့မှာ မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်းတိုင်း၊ ကယားနဲ့ မွန်တို့မှာ နေရာကွက်ပြီးမိုးကြီး နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ မိုးကြီးတာနဲ့ နောက်ဆက်တွဲရေလွှမ်းမိုးတာတွေနဲ့ လည်း ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က VOA ကိုပြောပါတယ်။

“အဓိကကတော့မုတ်သုံလေ အားကောင်းနေတယ်။ မုတ်သုံလေအားကောင်းနေတော့ ကမ်းရိုးတန်း ဒေသတွေ မိုးများနေတာပေါ့။ အလယ်ပိုင်းမှာလည်း မိုးများနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ မိုးများလာတာမို့ မြစ်တွေ ချောင်းတွေမှာ ရေပြည့် လာတာကို သတိထားဖို့လိုတယ်။ နောက်တခုကတော့ မိုးကြီးလာတာမို့ လျှပ်တပြက်ရေကြီးတာကိုသတိပြုဖို့လိုတယ်။ နောက်တချက်ကတော့ တောင်ကုန်းတောင် တန်းဒေသတွေမှာ မြေပြိုမှုဘေးအန္တရာယ်တွေကိုသတိပြုစေချင်တယ်။ အထူးသဖြင့် ကမ်းရိုးတန်း ဒေသ ရခိုင်၊ မွန်၊ ကရင် ၊ တနင်္သာရီနဲ့ ချင်း စတဲ့ဒေသတွေပေါ့ မိုးကြီးမယ်။ မြစ်ရေအခြေအနေနဲ့ပတ်သက်ပြီးတော့ မြစ်ငယ်ချောင်းငယ်နားနေသူတွေအနေနဲ့ လျှပ်တပြက်ရေကြီးမှု အန္တရာယ်ကိုသတိထားစေချင် ပါတယ်။ တောင် ကျချောင်းရေတွေကိုသတိပြုဖို့လိုအပ်ပါတယ်။”

အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေအနီးဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကုန်းတွင်းပိုင်းမှာ ဆက်လက်ရှိနေတာရဲ့ အကျိုးဆက်ဖြစ်တယ်လို့ မိုးဇလက ဖေါ်ပြထားပါတယ်။ ကုန်းမြင့်ပိုင်းမှာနေထိုင်သူတွေက ‌မြေပြိုမှုအန္တရာယ်ကိုသတိထားဖို့လိုပြီး မြစ်ချောင်းတွေ အနီးနေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံတာကို သတိပြုဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ မုတ်သုံအားကောင်းနေတဲ့ နေရာတွေမှာ စစ်အရှိန်ကြောင့် တိုးလာနေတဲ့ စစ်ဘေးရှောင်တွေမှာ မိုးရေကြီးတာရဲ့နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ကြုံနေရတယ်လို့စစ်ဘေးရှောင် ကူညီသူတွေကပြောပါတယ်။

ဒီပြဿနာတွေအတွက် ဒေသတွင်း အလှူရှင်တချို့ရဲ့ အကူညီနဲ့သာ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။ မိုးကြီးလာတာတွေကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲနေတာမို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှုတွေရှိနေတယ်လို့ စစ်ဘေးသင့်နေရာ တခုဖြစ်တဲ့ မင်းတပ်မြို့က ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတဦးကပြောပါတယ်။ မင်းတပ်မြို့ဟာ စစ်ကောင်စီရဲ့ထိုးစစ်ဒဏ်ကြောင့် တမြို့လုံးနီးပါး စစ်ဘေးသင့်ဒဏ်ခံခဲ့ရသလို လက်ရှိမှာလည်း ထိုးစစ်ဆင်နေဆဲမို့ ဒုက္ခသည်တွေပိုပြီးအခက်အခဲတွေနဲ့ရင်ဆိုင်လာရတယ်လို့ ကူညီကယ်ဆယ် ပေးနေသူတဦးကပြောပြပါတယ်။

“ဒီကာလမှာ ဖျားနာတာအဓိကရှိပါတယ်။ နောက်ပြီးရင် ရိက္ခာပြဿနာ အဓိကရှိပါတယ်။ ရိက္ခာကဘယ်လိုဖြစ်လဲဆိုတော့ ဒီကာလမှာက ဝယ်ယူရတာကော သယ်ရတာကော အရမ်းခက်တယ်။ လမ်းပန်းဆက်သွယ်ရေး ပိုခက်ပါတယ်။ ခုဆို မြေပြိုတယ်။ လမ်းသားတွေဆို ပဲ့ကျတယ်။ ဒီကာလမှာ ဝမ်းလျှောဝမ်းပျက်နဲ့ဖျားနာတာအရမ်းများတယ်။ ကျန်းမာရေးဆို ဆေးဝါးသယ်သူတွေကို ဖမ်းတယ်။ ဆိုတော့ ဆေးဝါးသယ်ရတာ ခက်တယ်။ စစ်ဘေးရှောင်တွေကြားထဲမှာ ရိက္ခာပြတ်လတ်မှုနဲ့ ဆေးဝါး ပြတ်လတ်မှုတွေများတယ်။ နောက်ကလေးမွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုတွေ ပိုများနေတယ်။”

ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၀ ရက်ကနေ ‌ဇူလိုင် ၁၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား ကောင်းနေလို့ မိုးသည်းထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်တာနဲ့ ‌မြေပြိုတာတွေဖြစ်ပေါ်နိုင်တာတွေရှိ လို့ အဲဒီရက်တွေအထူးသတိထားဖို့ မိုးဇလဘက်က ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာမို့ တနင်္သာရီကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်တို့မှာ လှိုင်းကြီးနိုင်တာကိုလည်း အထူးသတိထားဖို့ ထုတ်ပြန်ထားပါတယ်ရှင်။
==============

XS
SM
MD
LG