သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္နယ္နဲ႔တိုင္း ေနရာအေတာ္မ်ားမ်ားမွာ မိုးမ်ား ေရလွ်ံေန


ရန္ကုန္ၿမိဳ႕စြန္ရပ္ကြက္တခုအတြက္ မိုးရြာၿပီး လမ္းေတြေပၚ ေရလွ်ံေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျပည္နယ္နဲ႔တိုင္း ေနရာအေတာ္မ်ားမ်ားမွာ မိုးမ်ားတာရဲ႕ေနာက္ဆက္တြဲ ေရႀကီးေရလွ်ံတာေတြ ဒီရက္ပိုင္းထဲ ဆက္တိုက္ျဖစ္ႏိုင္ တာေၾကာင့္ သဘာဝေဘး သတိရွိၾကဖို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာနက သတိေပးထားပါတယ္။ တခ်ိဳ႕ေနရာေတြမွာ မိုးမ်ားၿပီး ေနအိမ္ေတြထဲအထိ ေရနစ္ျမဳပ္တာေတြရွိခဲ့လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေဘးလြတ္ရာဆီေ႐ႊ႕ေျပာင္းၿပီး စားေသာက္ေရးအတြက္ ကူညီတာေတြလည္း ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ျမန္မာျပည္ေနရာ အေတာ္မ်ားမ်ားမွာ မိုးႀကီးေလျပင္းတာရဲ႕ ေနာက္ဆက္တြဲ ေရႀကီးေရလွ်ံတာေတြလည္း ဒီရက္ပိုင္းထဲ ျဖစ္ခဲ့ပါတယ္။ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလအားေကာင္းေနၿပီး ေနာက္ေန႔ေတြအထိ မိုးမ်ားႏိုင္တဲ့အေျခအေနကို မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားေရးမႉး ဦးလွထြန္းက VOA ကို ေျပာပါတယ္။

"ထူးျခားမိုးေလဝသ အေျခအေနေတြ မၾကာခဏျဖစ္ေနတာေတြ ရွိတယ္။ ဆိုေတာ့ ဒီရက္ပိုင္းကိုေတာ့ အထူးသတိျပဳဖို႔ေပါ့။ အထူးသတိျပဳဖို႔ ဆိုတာကေတာ့ အဓိကအားျဖင့္ မိုးမ်ားၿပီး ေရႀကီးေရလွ်ံမႈေတြ ျဖစ္တာတို႔၊ ေျမၿပိဳ ေတာင္ၿပိဳတာေတြကို သတိထားၾကဖို႔ေပါ့။ ႀကိဳတင္သတိျပဳရမွာကေတာ့ ဒီရက္ပိုင္းမွာ ဘဂၤလားပင္လယ္ေအာ္မွာလည္း ေလာေလာဆယ္ေတာ့ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေနတာရွိတယ္။ မနက္ျဖန္ေလာက္ဆိုရင္ေတာ့ မုန္တိုင္းငယ္ျဖစ္မယ္။ သူ႔ေၾကာင့္ မုတ္သုံေလအားေကာင္းၿပီးေတာ့ ကမ္း႐ိုးတန္းေဒသေတြ မိုးမ်ားမယ့္ အေျခအေနရွိတယ္။ ကမ္း႐ိုးတန္းေဒသဆိုတာကေတာ့ ရခိုင္ျပည္နယ္၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္၊ ပဲခူး၊ မြန္၊ ကရင္၊ တနသၤာရီ ေပါ့ေလ။ အဲဒီေနရာေတြမွာ မိုးမ်ားမယ့္အေျခအေနရွိေတာ့ ဒီရက္ပိုင္းေတြမွာ သတိျပဳရမယ္။"

ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီနဲ႔ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနာက္ ၂ ရက္အထိ မိုးပိုမ်ားႏိုင္တယ္လို႔ ေျပာပါတယ္။

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာေတာ့ ဩဂုတ္လ ၁၅ ရက္၊ ၿပီးခဲ့တဲ့ တနလၤာေန႔ညကစၿပီး သာမန္ထက္ မိုးပိုမ်ားတဲ့ အေျခအေနေၾကာင့္ အနိမ့္ပိုင္းရပ္ကြက္ေတြမွာ ေရနစ္ျမဳပ္တာေတြ ျဖစ္ခဲ့ပါတယ္။ အဲဒီေနရာေတြဟာ မိုးမ်ားတိုင္း ေရျမဳပ္ေနက်ေနရာေတြ ျဖစ္ေပမယ့္ အခုလို မိုးဆက္တိုက္႐ြာတဲ့အခ်ိန္မွာ အေတာ္ေလးဆိုး႐ြားခဲ့တယ္လို႔ ကူညီကယ္ဆယ္ေပးခဲ့သူေတြက ေျပာပါတယ္။ ေရနစ္ျမဳပ္တဲ့ေနရာေတြမွာ ဩဂုတ္လ ၁၈ ရက္၊ ဒီကေန႔ကစၿပီး ေရျပန္က်ေနေပမယ့္ ခ်က္ျပဳတ္စားေသာက္ဖို႔ ခက္ခဲေနလို႔ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္ၿပီးေဆာင္႐ြက္ေနတယ္လို႔ ကူညီေပးေနသူတဦးက VOA ကို ေျပာပါတယ္။

"တခ်ိဳ႕ဆိုရင္ အိမ္ေတြကျမဳပ္ေတာ့ ေဘးလြတ္ရာကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္။ တခ်ိဳ႕က်ေတာ့လည္း ေနအိမ္မွာပဲ ေနၿပီး မိုးက်တဲ့အခ်ိန္ထိ ေစာင့္တဲ့အေနအထားေတြ ျဖစ္ခဲ့တာေပါ့ေနာ္။ ကယ္ဆယ္ေရးစခန္းရယ္လို႔ေတာ့ ဖြင့္သြားတဲ့ အေနအထား မရွိဘူး။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက နစ္ျမဳပ္တဲ့ရပ္ကြက္ေတြက ေနအိမ္မွာပဲေနတဲ့အခါက်ေတာ့ ခ်က္ျပဳတ္စားေသာက္ေရးမွာ အဓိက အခက္အခဲေတြ ျဖစ္သြားတယ္။ မိုး႐ြာတဲ့အခါက်ေတာ့ အျပင္ထြက္ၿပီး ဆန္၊ ဆီ ဝယ္ဖို႔ခက္တယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ျမဳပ္သြားတဲ့ အေနအထားဆိုေတာ့ ခ်က္ျပဳတ္စားေသာက္ဖို႔ အဆင္မေျပေတာ့ ထမင္းထုပ္ေတြ ေဝငွလႉဒါန္းရတဲ့ အေျခအေနေတြ ျဖစ္ခဲ့တာေပါ့။"

မြန္ျပည္နယ္မွာ ၂၀၁၈၊ ၂၀၁၉ တုန္းကလည္း ၂ ႏွစ္ဆက္တိုက္ မိုးႀကီးေရလွ်ံတဲ့ အေျခအေန ဆိုးဆိုး႐ြား႐ြား ႀကဳံခဲ့ရဖူးတယ္လို႔ ေျပာပါတယ္။ အခု ၂၀၂၂ ခုႏွစ္မွာ အဲဒီ ဆိုး႐ြားခဲ့တဲ့ႏွစ္ေတြအတိုင္း မိုးမ်ားေရႀကီးတာခ်င္းတူေပမယ့္ ႀကိဳတင္ျပင္ဆင္ႏိုင္ခဲ့လို႔ ထင္သေလာက္ ဒုကၡမေရာက္ခဲ့ဘူးလို႔ ကူညီေပးသူေတြက ေျပာပါတယ္။ ေနာက္ႏွစ္ေတြမွာလည္း ဒီလို သဘာဝေဘးအႏၲရာယ္ ဆက္ၿပီး ႀကဳံေတြ႕ လာႏိုင္သလားဆိုတာ ေသခ်ာမသိႏိုင္ေပမယ့္ ဒီအေျခအေနေတြကို နမူနာယူၿပီး ျပင္ဆင္ထားႏိုင္ဖို႔ကို ကူညီေပးေနသူတဦးက အႀကဳံျပဳထားပါတယ္။

"မိုးတြင္းေရာက္ၿပီဆိုတာနဲ႔ ဒီသဘာဝေဘးက မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ဘက္ေတြက အၿမဲတမ္းဆိုးဆိုး႐ြား႐ြား ခံစားရတဲ့အေနအထားက ျဖစ္ေနတာေပါ့ေနာ္။ အဲလိုအေနအထားေတြ ျဖစ္လာရင္ အခုေတြ႕ႀကဳံရတဲ့ အေတြ႕အႀကဳံေတြကို သိၿပီးေတာ့ ျပင္ဆင္ႏိုင္ရင္ ပိုအဆင္ေျပသြားတာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕ေတြ၊ လာလႉမယ့္သူေတြကိုပဲ အမ်ားႀကီးမေမွ်ာ္လင့္ၾကဖို႔ လိုတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအခ်ိန္က လူတိုင္းလူတိုင္း စီးပြားေရး၊ လူမႈေရးကအစ အဘက္ဘက္မွာနိမ့္က်ၿပီး ဆိုး႐ြားတဲ့ အေနအထားေတြ ျဖစ္ေနေတာ့ ဒီလိုေတြပဲ ေနာက္ႀကဳံလာတဲ့အခါက်ရင္ ကိုယ္စီကိုယ္ငွ ျပဳျပင္စရာ လုပ္စရာေတြကို ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ သဘာဝေဘးအႏၲရာယ္ ခံစားရမႈကို နည္းနည္းေလွ်ာ့ခ်ၿပီး အဆင္ေျပႏိုင္မယ္လို႔ ထင္ပါတယ္။"

ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္၊ ဂ်ိေတၱာရပ္ကြက္မွာလည္း ဒီကေန႔ မနက္အေစာပိုင္းတုန္းက ေလျပင္းတိုက္ခတ္ၿပီး ေနအိမ္ ၂ လုံးနဲ႔ စက္ေလွ ၁ စီးပ်က္စီးသြားတယ္လို႔ ေဒသတြင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္တြင္းက ေရေၾကာင္းခရီးစဥ္ေတြကိုလည္း ရာသီဥတုအေျခအေနေၾကာင့္ ယာယီရပ္နားထားပါတယ္။

ေလဖိအားနည္းရပ္ဝန္းရဲ႕ အရွိန္ေၾကာင့္ ျပည္နယ္နဲ႔တိုင္း ေနရာအေတာ္မ်ားမ်ားမွာ မိုးႀကီးေလျပင္းတိုက္တာ၊ ေရႀကီးတာနဲ႔ ေျမၿပိဳတာ ဒီလို သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္ႏိုင္လို႔ သတိရွိၾကဖို႔ကို မိုးဇလက အသိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးများ ရေလျှံနေ

ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးများတာရဲ့နောက်ဆက်တွဲ ရေကြီးရေလျှံတာတွေ ဒီရက်ပိုင်းထဲ ဆက်တိုက်ဖြစ်နိုင် တာကြောင့် သဘာဝဘေး သတိရှိကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ တချို့နေရာတွေမှာ မိုးများပြီး နေအိမ်တွေထဲအထိ ရေနစ်မြုပ်တာတွေရှိခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာဆီရွှေ့ပြောင်းပြီး စားသောက်ရေးအတွက် ကူညီတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာပြည်နေရာ အတော်များများမှာ မိုးကြီးလေပြင်းတာရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံတာတွေလည်း ဒီရက်ပိုင်းထဲ ဖြစ်ခဲ့ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေပြီး နောက်နေ့တွေအထိ မိုးများနိုင်တဲ့အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက VOA ကို ပြောပါတယ်။

"ထူးခြားမိုးလေဝသ အခြေအနေတွေ မကြာခဏဖြစ်နေတာတွေ ရှိတယ်။ ဆိုတော့ ဒီရက်ပိုင်းကိုတော့ အထူးသတိပြုဖို့ပေါ့။ အထူးသတိပြုဖို့ ဆိုတာကတော့ အဓိကအားဖြင့် မိုးများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တာတို့၊ မြေပြို တောင်ပြိုတာတွေကို သတိထားကြဖို့ပေါ့။ ကြိုတင်သတိပြုရမှာကတော့ ဒီရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာလည်း လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတာရှိတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ မုန်တိုင်းငယ်ဖြစ်မယ်။ သူ့ကြောင့် မုတ်သုံလေအားကောင်းပြီးတော့ ကမ်းရိုးတန်းဒေသတွေ မိုးများမယ့် အခြေအနေရှိတယ်။ ကမ်းရိုးတန်းဒေသဆိုတာကတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ ပေါ့လေ။ အဲဒီနေရာတွေမှာ မိုးများမယ့်အခြေအနေရှိတော့ ဒီရက်ပိုင်းတွေမှာ သတိပြုရမယ်။"

ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အထိ မိုးပိုများနိုင်တယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ ဩဂုတ်လ ၁၅ ရက်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ညကစပြီး သာမန်ထက် မိုးပိုများတဲ့ အခြေအနေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ မိုးများတိုင်း ရေမြုပ်နေကျနေရာတွေ ဖြစ်ပေမယ့် အခုလို မိုးဆက်တိုက်ရွာတဲ့အချိန်မှာ အတော်လေးဆိုးရွားခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေက ပြောပါတယ်။ ရေနစ်မြုပ်တဲ့နေရာတွေမှာ ဩဂုတ်လ ၁၈ ရက်၊ ဒီကနေ့ကစပြီး ရေပြန်ကျနေပေမယ့် ချက်ပြုတ်စားသောက်ဖို့ ခက်ခဲနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်နေတယ်လို့ ကူညီပေးနေသူတဦးက VOA ကို ပြောပါတယ်။

"တချို့ဆိုရင် အိမ်တွေကမြုပ်တော့ ဘေးလွတ်ရာကို ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးခဲ့ရတယ်။ တချို့ကျတော့လည်း နေအိမ်မှာပဲ နေပြီး မိုးကျတဲ့အချိန်ထိ စောင့်တဲ့အနေအထားတွေ ဖြစ်ခဲ့တာပေါ့နော်။ ကယ်ဆယ်ရေးစခန်းရယ်လို့တော့ ဖွင့်သွားတဲ့ အနေအထား မရှိဘူး။ ဒါပေမယ့် တော်တော်များများက နစ်မြုပ်တဲ့ရပ်ကွက်တွေက နေအိမ်မှာပဲနေတဲ့အခါကျတော့ ချက်ပြုတ်စားသောက်ရေးမှာ အဓိက အခက်အခဲတွေ ဖြစ်သွားတယ်။ မိုးရွာတဲ့အခါကျတော့ အပြင်ထွက်ပြီး ဆန်၊ ဆီ ဝယ်ဖို့ခက်တယ်။ တော်တော်များများလည်း မြုပ်သွားတဲ့ အနေအထားဆိုတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတော့ ထမင်းထုပ်တွေ ဝေငှလှူဒါန်းရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပေါ့။"

မွန်ပြည်နယ်မှာ ၂၀၁၈၊ ၂၀၁၉ တုန်းကလည်း ၂ နှစ်ဆက်တိုက် မိုးကြီးရေလျှံတဲ့ အခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရဖူးတယ်လို့ ပြောပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာ အဲဒီ ဆိုးရွားခဲ့တဲ့နှစ်တွေအတိုင်း မိုးများရေကြီးတာချင်းတူပေမယ့် ကြိုတင်ပြင်ဆင်နိုင်ခဲ့လို့ ထင်သလောက် ဒုက္ခမရောက်ခဲ့ဘူးလို့ ကူညီပေးသူတွေက ပြောပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလို သဘာဝဘေးအန္တရာယ် ဆက်ပြီး ကြုံတွေ့ လာနိုင်သလားဆိုတာ သေချာမသိနိုင်ပေမယ့် ဒီအခြေအနေတွေကို နမူနာယူပြီး ပြင်ဆင်ထားနိုင်ဖို့ကို ကူညီပေးနေသူတဦးက အကြုံပြုထားပါတယ်။

"မိုးတွင်းရောက်ပြီဆိုတာနဲ့ ဒီသဘာဝဘေးက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေက အမြဲတမ်းဆိုးဆိုးရွားရွား ခံစားရတဲ့အနေအထားက ဖြစ်နေတာပေါ့နော်။ အဲလိုအနေအထားတွေ ဖြစ်လာရင် အခုတွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို သိပြီးတော့ ပြင်ဆင်နိုင်ရင် ပိုအဆင်ပြေသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ၊ လာလှူမယ့်သူတွေကိုပဲ အများကြီးမမျှော်လင့်ကြဖို့ လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က လူတိုင်းလူတိုင်း စီးပွားရေး၊ လူမှုရေးကအစ အဘက်ဘက်မှာနိမ့်ကျပြီး ဆိုးရွားတဲ့ အနေအထားတွေ ဖြစ်နေတော့ ဒီလိုတွေပဲ နောက်ကြုံလာတဲ့အခါကျရင် ကိုယ်စီကိုယ်ငှ ပြုပြင်စရာ လုပ်စရာတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ သဘာဝဘေးအန္တရာယ် ခံစားရမှုကို နည်းနည်းလျှော့ချပြီး အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။"

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်မှာလည်း ဒီကနေ့ မနက်အစောပိုင်းတုန်းက လေပြင်းတိုက်ခတ်ပြီး နေအိမ် ၂ လုံးနဲ့ စက်လှေ ၁ စီးပျက်စီးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်းက ရေကြောင်းခရီးစဉ်တွေကိုလည်း ရာသီဥတုအခြေအနေကြောင့် ယာယီရပ်နားထားပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးကြီးလေပြင်းတိုက်တာ၊ ရေကြီးတာနဲ့ မြေပြိုတာ ဒီလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်လို့ သတိရှိကြဖို့ကို မိုးဇလက အသိပေးထားပါတယ်။

XS
SM
MD
LG