သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စက္တင္ဘာ ေနာက္ဆုံးပတ္အတြင္း ျမန္မာဒုကၡသည္ ၁,၈၀၀ မီဇိုရမ္ေရာက္ 


မီဇိုရမ်ပြည်နယ်


[[Zawgyi/Unicode]]

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္အတြင္းကို စက္တင္ဘာလ ေနာက္ဆုံးပတ္ တပတ္အတြင္းမွာတင္ စစ္ေဘးဒုကၡသည္ ေနာက္ထပ္ ၁၈၀၀ ေက်ာ္ ေရာက္ရွိၿပီး လက္ရွိမွာ ဒုကၡသည္ဦးေရ ၅ ေသာင္းနီးပါး ရွိလာၿပီျဖစ္ ေၾကာင္း UNHCR ေခၚ ကုလသမဂၢ ဒုကၡသည္မ်ားေရးရာ မဟာမင္းႀကီး ႐ုံးရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံအတြင္း မတည္ၿငိမ္မႈေတြနဲ႔ စစ္ေရးပဋိပကၡေတြေၾကာင့္ အလုံးအရင္းနဲ႔ ဝင္လာတမ်ိဳး မဟုတ္ေပမယ့္ တသုတ္ၿပီးတသုတ္ ေရာက္လာေနတယ္လို႔ ဒုကၡသည္ကူညီေရး အဖြဲ႔ေတြကလည္း ေျပာပါတယ္။ အိႏၵိယႏိုင္ငံေရာက္ စစ္ေျပးဒုကၡသည္ေတြရဲ႕ အေျခအေနကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားေရးရာ မဟာမင္းႀကီး႐ုံး UNHCR ရဲ႕ ေအာက္တိုဘာ ၃ ရက္ေန႔က ထုတ္ျပန္တဲ့ အစီရင္ခံစာ အရ ျမန္မာႏိုင္ငံ ဘက္ကေန အိႏၵိယႏိုင္ငံကို တိမ္းေရွာင္လာသူ ဒုကၡသည္ ၄၈,၀၀၀ ေက်ာ္ေနၿပီလို႔ ေဖာ္ျပပါတယ္။

စစ္ေျပးဒုကၡသည္ေတြ တပတ္အတြင္း ၁,၈၀၀ ေက်ာ္ ေရာက္လာတယ္ဆိုတဲ့ သတင္းနဲ႔ အိႏၵိယႏိုင္ငံေရာက္ ေခၚႏူးသုမ္ သတင္းဌာန အယ္ဒီတာ ကိုေရာဘတ္က အခုလို ေျပာပါတယ္။

“ မီဇိုရမ္မွာက အဲလို အလုံးအရင္းနဲ႔ ေရာက္လာတာေတာ့ မၾကားမိဘူးေပါ့ေနာ္။ ဒါေပမယ့္ ဒီ မီဇိုရမ္မွာကေတာ့ ေန႔စဥ္ေန႔တိုင္းပါပဲ။ ဒီနယ္စပ္ကေနတဆင့္ကေတာ့ ျမန္မာဘက္က လူေတြကေတာ့ ဝင္လာၾကတာပါပဲ။ မီဇိုရမ္ျပည္နယ္ေတာင္ပိုင္း ဆိုင္ဟားျပည္နယ္ဘက္ရယ္၊ ၿပီးေတာ့ ေလာင္တလိုင္နယ္စပ္ဘက္ကေန ဝင္လာၾကတဲ့ဟာေတြ ရွိတယ္။ ၿပီးေတာ့ ဒီဘက္ က်န္ဖိုင္းနယ္စပ္ဘက္ကေန ဝင္လာတာေတြ ရွိတယ္။ ေန႔စဥ္ေန႔တိုင္းကေတာ့ ဝင္ထြက္သြားလာတာေတြကေတာ့ ရွိေနတယ္ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း စစ္ေဘးေရွာင္အေနနဲ႔ ေျပးလာတဲ့ဟာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္။”

နယ္စပ္ေဒသေတြကေန ျမန္မာႏိုင္ငံသားေတြ စီးပြားေရး၊ လူမႈေရးအရ အျပန္အလွန္ ဝင္ထြက္သြားလာတာေတြ ရွိေနေၾကာင္းလည္း ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္ ဆိုင္ဟားခ႐ိုင္၊ က်ပီးေက်း႐ြာ စစ္ေရွာင္စခန္းတာဝန္ခံ ဦးေဖလီကာကေတာ့ ေဒသတြင္း အေျခအေနကို အခုလို ေျပာပါတယ္။

“ ဆိုင္ဟား ခ႐ိုင္မွာေတာ့ တျခား႐ြာမွာေတာ့ လက္နက္ကိုင္ပဋိပကၡျဖစ္ေနလို႔ ႐ြာတ႐ြာေတာ့ ဝင္လာတယ္လို႔ေတာ့ ၾကားတယ္။ ခန႔္မွန္းေျခကေတာ့ ၄၀၀- ၅၀၀ ပတ္ဝန္းက်င္လို႔ေျပာၾကတာပဲခင္ဗ်။”

က်ပီးေက်း႐ြာ စစ္ေရွာင္ဒုကၡသည္စခန္းမွာ ေလာေလာဆယ္ လူ ၉၀၀ နီးပါးေနထိုင္ပါတယ္။ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က ဆလိုင္းေတရကေတာ့ စက္တင္ဘာလအတြင္းမွာ ပလက္ဝေဒသဘက္က စစ္ေရွာင္ေတြ ေရာက္ရွိလာတာရွိေၾကာင္း အခုလို ေျပာပါတယ္။

“ပလက္ဝၿမိဳ႕နယ္ အဲဒီ AA နဲ႔ စစ္တပ္ျဖစ္တာ။ အဲဒီ ၿမိတ္ဝ ႐ြာသားေတြအားလုံး ေရာက္တာ ၅၀၀ ေက်ာ္လားေလ အဲဒီမွာ ေရာက္တာ။ ေရာက္ရွိၿပီးသားဆို ၅ ေသာင္းနီးပါး ရွိေနၿပီ။ အခ်က္အလက္ က်ေနာ္တို႔ ရထားတာရွိတာ ေပါ့ေနာ္။ က်ေနာ္တို႔ မီဇိုရမ္ထဲမွာေတာ့ ၄ ေသာင္းေက်ာ္။ ၅ ေသာင္းနီးပါးေပါ့ေနာ။ ၿပီးေတာ့ ဟို ေဒလီမွာ ေရာက္တဲ့သူေတြနဲ႔ ဆိုရင္ က်ေနာ္တို႔ ၅ ေသာင္းေက်ာ္ၿပီ။ အဲလို က်ေနာ္တို႔မွာ စာရင္းရွိထားတာေပါ့ေနာ။”

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို စစ္ေရွာင္စခန္းေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ရိကၡာအခက္အခဲမရွိေပမယ့္ အခုႏွစ္အတြင္းမွာေတာ့ ရိကၡာ၊ ေဆးဝါး စတဲ့အခက္အခဲေတြ ရင္ဆိုင္ေနရသလို ေဆာင္းရာသီေရာက္လာၿပီ ျဖစ္ တာေၾကာင့္ ေစာင္နဲ႔ အေႏြးထည္ေတြ လိုအပ္ေနေၾကာင္း ဒုကၡသည္အေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။ ဒုကၡသည္အမ်ားစုဟာ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ျခင္းထိေနတဲ့ မီဇိုရမ္ျပည္နယ္ထဲမွာ ေနထိုင္ေနၾကတာပါ။
ျမန္မာႏိုင္ငံအတြင္း မတည္ၿငိမ္တဲ့အေျခအေနေတြနဲ႔ ပဋိပကၡေတြေၾကာင့္ အိႏၵိယႏိုင္ငံထဲကို ဒုကၡသည္ေတြ ဒီထက္ ထပ္ေရာက္လာႏိုင္တယ္လို႔လည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR က ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စက်တင်ဘာ နောက်ဆုံးပတ်အတွင်း မြန်မာဒုက္ခသည် ၁,၈၀၀ မီဇိုရမ်ရောက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းကို စက်တင်ဘာလ နောက်ဆုံးပတ် တပတ်အတွင်းမှာတင် စစ်ဘေးဒုက္ခသည် နောက်ထပ် ၁၈၀၀ ကျော် ရောက်ရှိပြီး လက်ရှိမှာ ဒုက္ခသည်ဦးရေ ၅ သောင်းနီးပါး ရှိလာပြီဖြစ် ကြောင်း UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီး ရုံးရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အလုံးအရင်းနဲ့ ဝင်လာတမျိုး မဟုတ်ပေမယ့် တသုတ်ပြီးတသုတ် ရောက်လာနေတယ်လို့ ဒုက္ခသည်ကူညီရေး အဖွဲ့တွေကလည်း ပြောပါတယ်။ အိန္ဒိယနိုင်ငံရောက် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံ ဘက်ကနေ အိန္ဒိယနိုင်ငံကို တိမ်းရှောင်လာသူ ဒုက္ခသည် ၄၈,၀၀၀ ကျော်နေပြီလို့ ဖော်ပြပါတယ်။

စစ်ပြေးဒုက္ခသည်တွေ တပတ်အတွင်း ၁,၈၀၀ ကျော် ရောက်လာတယ်ဆိုတဲ့ သတင်းနဲ့ အိန္ဒိယနိုင်ငံရောက် ခေါ်နူးသုမ် သတင်းဌာန အယ်ဒီတာ ကိုရောဘတ်က အခုလို ပြောပါတယ်။

“ မီဇိုရမ်မှာက အဲလို အလုံးအရင်းနဲ့ ရောက်လာတာတော့ မကြားမိဘူးပေါ့နော်။ ဒါပေမယ့် ဒီ မီဇိုရမ်မှာကတော့ နေ့စဉ်နေ့တိုင်းပါပဲ။ ဒီနယ်စပ်ကနေတဆင့်ကတော့ မြန်မာဘက်က လူတွေကတော့ ဝင်လာကြတာပါပဲ။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဆိုင်ဟားပြည်နယ်ဘက်ရယ်၊ ပြီးတော့ လောင်တလိုင်နယ်စပ်ဘက်ကနေ ဝင်လာကြတဲ့ဟာတွေ ရှိတယ်။ ပြီးတော့ ဒီဘက် ကျန်ဖိုင်းနယ်စပ်ဘက်ကနေ ဝင်လာတာတွေ ရှိတယ်။ နေ့စဉ်နေ့တိုင်းကတော့ ဝင်ထွက်သွားလာတာတွေကတော့ ရှိနေတယ်ပေါ့နော်။ တချို့ကျတော့လည်း စစ်ဘေးရှောင်အနေနဲ့ ပြေးလာတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်။”

နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံသားတွေ စီးပွားရေး၊ လူမှုရေးအရ အပြန်အလှန် ဝင်ထွက်သွားလာတာတွေ ရှိနေကြောင်းလည်း ပြောပါတယ်။

မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်၊ ကျပီးကျေးရွာ စစ်ရှောင်စခန်းတာဝန်ခံ ဦးဖေလီကာကတော့ ဒေသတွင်း အခြေအနေကို အခုလို ပြောပါတယ်။

“ ဆိုင်ဟား ခရိုင်မှာတော့ တခြားရွာမှာတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေလို့ ရွာတရွာတော့ ဝင်လာတယ်လို့တော့ ကြားတယ်။ ခန့်မှန်းခြေကတော့ ၄၀၀- ၅၀၀ ပတ်ဝန်းကျင်လို့ပြောကြတာပဲခင်ဗျ။”

ကျပီးကျေးရွာ စစ်ရှောင်ဒုက္ခသည်စခန်းမှာ လောလောဆယ် လူ ၉၀၀ နီးပါးနေထိုင်ပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဆလိုင်းတေရကတော့ စက်တင်ဘာလအတွင်းမှာ ပလက်ဝဒေသဘက်က စစ်ရှောင်တွေ ရောက်ရှိလာတာရှိကြောင်း အခုလို ပြောပါတယ်။

“ပလက်ဝမြို့နယ် အဲဒီ AA နဲ့ စစ်တပ်ဖြစ်တာ။ အဲဒီ မြိတ်ဝ ရွာသားတွေအားလုံး ရောက်တာ ၅၀၀ ကျော်လားလေ အဲဒီမှာ ရောက်တာ။ ရောက်ရှိပြီးသားဆို ၅ သောင်းနီးပါး ရှိနေပြီ။ အချက်အလက် ကျနော်တို့ ရထားတာရှိတာ ပေါ့နော်။ ကျနော်တို့ မီဇိုရမ်ထဲမှာတော့ ၄ သောင်းကျော်။ ၅ သောင်းနီးပါးပေါ့နော။ ပြီးတော့ ဟို ဒေလီမှာ ရောက်တဲ့သူတွေနဲ့ ဆိုရင် ကျနော်တို့ ၅ သောင်းကျော်ပြီ။ အဲလို ကျနော်တို့မှာ စာရင်းရှိထားတာပေါ့နော။”

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ရှောင်စခန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကတော့ ရိက္ခာအခက်အခဲမရှိပေမယ့် အခုနှစ်အတွင်းမှာတော့ ရိက္ခာ၊ ဆေးဝါး စတဲ့အခက်အခဲတွေ ရင်ဆိုင်နေရသလို ဆောင်းရာသီရောက်လာပြီ ဖြစ် တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ခြင်းထိနေတဲ့ မီဇိုရမ်ပြည်နယ်ထဲမှာ နေထိုင်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်တွေ ဒီထက် ထပ်ရောက်လာနိုင်တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG