သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မီဇိုရမ္တကၠသိုလ္မွာ ျမန္မာဘာသာစကားသင္တန္း စေတာ့မယ္ 


ျမန္မာနဲ႔နယ္ခ်င္းကပ္ အိႏၵိယအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကဒုကၡသည္ ေသာင္းနဲ႔ခ်ီထြက္ေျပးခိုလႈံေနတဲ့ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္မွာရွိတဲ့ မီဇိုရမ္တကၠသိုလ္မွာ ဒီပလိုမာေပးမယ့္ ျမန္မာဘာသာစကားသင္တန္းကို ေအာက္တိုဘာလကစတင္ သင္ၾကားပို႔ခ်ေတာ့မွာျဖစ္ပါတယ္။

ခ်င္းေရးရာတကၠသိုလ္ ICA နဲ႔ မီဇိုရမ္တကၠသိုလ္ MZU တို႔ ပူးေပါင္းစီစဥ္မႈနဲ႔ ျမန္မာဘာသာစကားနဲ႔ ဆက္ဆံႏိုင္မႈစြမ္းရည္ဆိုင္ရာ ဘာသာရပ္ကို ပို႔ခ်မွာျဖစ္တဲ့အေၾကာင္း ပူးတြဲေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

မီဇိုရမ္ျပည္နယ္ဟာ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္း မိုင္ ၃၀၀ ေက်ာ္ ထိစပ္ေနတဲ့ ျပည္နယ္ျဖစ္ၿပီး စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက လႊတ္ေတာ္အမတ္ ႏွစ္ဒါဇင္ေက်ာ္အပါအဝင္ ဒုကၡသည္ ငါးေသာင္းေလာက္ ခိုလႈံေနတယ္လို႔ အိႏၵိယႏိုင္ငံထုတ္ သတင္းစာေတြနဲ႔ ျမန္မာႏိုင္ငံဘက္က အရပ္ဘက္အဖြဲ႕အစည္းေတြက ေျပာပါတယ္။

လက္ရွိမွာ ျမန္မာဒုကၡသည္ သုံးေသာင္းေက်ာ္ေလာက္ဟာ ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းတုန္းက ျပည္နယ္အစိုးရထုတ္ေပးတဲ့ ေနထိုင္ခြင့္ အသိအမွတ္ျပဳမွတ္ပုံတင္ေတြ ရရွိထားတာပါ။

တေန႔တျခား ပိုတိုးလာေနတဲ့ ျမန္မာဒုကၡသည္ေတြနဲ႔မိသားစုေတြရဲ႕ က်န္းမာေရး၊ ပညာေရး ေစာင့္ေရွာက္မႈအတြက္ အိႏၵိယဗဟိုအစိုးရဘက္က အကူအညီေတြေပးဖို႔လည္း မီဇိုရမ္ ျပည္နယ္အစိုးရက ေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မီဇိုရမ်တက္ကသိုလ်မှာ မြန်မာဘာသာစကားသင်တန်း စတော့မယ်

မြန်မာနိုင်ငံကဒုက္ခသည် သောင်းနဲ့ချီထွက်ပြေးခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မီဇိုရမ်တက္ကသိုလ်မှာ ဒီပလိုမာပေးမယ့် မြန်မာဘာသာစကားသင်တန်းကို အောက်တိုဘာလကစတင် သင်ကြားပို့ချတော့မှာဖြစ်ပါတယ်။

ချင်းရေးရာတက္ကသိုလ် ICA နဲ့ မီဇိုရမ်တက္ကသိုလ် MZU တို့ ပူးပေါင်းစီစဉ်မှုနဲ့ မြန်မာဘာသာစကားနဲ့ ဆက်ဆံနိုင်မှုစွမ်းရည်ဆိုင်ရာ ဘာသာရပ်ကို ပို့ချမှာဖြစ်တဲ့အကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း မိုင် ၃၀၀ ကျော် ထိစပ်နေတဲ့ ပြည်နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက လွှတ်တော်အမတ် နှစ်ဒါဇင်ကျော်အပါအဝင် ဒုက္ခသည် ငါးသောင်းလောက် ခိုလှုံနေတယ်လို့ အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေနဲ့ မြန်မာနိုင်ငံဘက်က အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာဒုက္ခသည် သုံးသောင်းကျော်လောက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းက ပြည်နယ်အစိုးရထုတ်ပေးတဲ့ နေထိုင်ခွင့် အသိအမှတ်ပြုမှတ်ပုံတင်တွေ ရရှိထားတာပါ။

တနေ့တခြား ပိုတိုးလာနေတဲ့ မြန်မာဒုက္ခသည်တွေနဲ့မိသားစုတွေရဲ့ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုအတွက် အိန္ဒိယဗဟိုအစိုးရဘက်က အကူအညီတွေပေးဖို့လည်း မီဇိုရမ် ပြည်နယ်အစိုးရက တောင်းဆိုနေပါတယ်။

XS
SM
MD
LG