သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမြို့အဝင်လမ်းတွေ ဖျက်ဆီးခံရ


စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်လမ်းမကြီးကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက မြန်မာစစ် တပ်ဘက်က မြေတူးစက်နဲ့ တူးဆွဖျက်ဆီးထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်လမ်းမကြီးကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက မြန်မာစစ် တပ်ဘက်က မြေတူးစက်နဲ့ တူးဆွဖျက်ဆီးထားတဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မုံရွာမြို့အဝင်လမ်းမကြီးကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက မြန်မာစစ် တပ်ဘက်က မြေတူးစက်နဲ့ တူးဆွဖျက်ဆီးခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာမြို့ကနေ လယ်ဇင်၊ သက်ကယ်ကျင်း စတဲ့ရွာတွေကိုသွားတဲ့လမ်းမကြီးကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို မုံရွာမြို့နဲ့ ဆက်သွယ်ရေးအတွက် အဓိကကျတဲ့လမ်းမကြီးတွေကို ဖျက်ဆီးလိုက်တာကြောင့် စီးပွားရေးဆက်သွယ်ရေးအရ ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီး ရှိသလို စစ်ရေးအခြေအနေတွေ ပိုမိုတင်းမာလာမယ့်လက္ခဏာလားဆိုပြီးတော့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ မုံရွာမြို့အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လင်ဇင်နဲ့သက္ကယ်ကျင်းကျေးရွာများ။ (Crd: MIMU)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လင်ဇင်နဲ့သက္ကယ်ကျင်းကျေးရွာများ။ (Crd: MIMU)


မုံရွာမြို့အဝင် အဓိကလမ်းကြီးပေါ်မှာ မြန်မာစစ်တပ်ဖြတ်သွားတိုင်း မကြာခဏ မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဒီလမ်းမကြီးကို အာဏာပိုင်တွေဘက်က မြေတူးစက်နဲ့လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအရ စစ်တပ်ဘက်ကအသုံးမပြုတော့တဲ့လမ်းဖြစ်တယ်လို့ မုံရွာ ဒေသခံတဦးဖြစ်တဲ့ ကိုသန်းကျော်ဦးက ခုလိုပြောပါတယ်။

“အဓိကကတော့ အဲ့ဒီ မုံရွာအမြင့်လမ်းက သူတို့ဖျက်တာက မုံရွာမြို့အဝင်နားလေးမှာ။ လမ်းကို မြောင်းပုံစံမျိုးပေါ့နော်။ အဲ့ဒါ ကတ္တရာလမ်းကြီးဗျ။ အဲ့ဒါကို မြောင်းပုံစံကြီးတူးပြီးတော့ ဟိုဘက်နဲ့ဒီဘက်ကို ဆိုင်ကယ်ရော၊ ကားတွေရော၊ လူရောပါသွားလို့မရအောင် သူတို့က ဖျက်လိုက်တာဗျ။ အဓိကကတော့ သူတို့က ရှင်းပါတယ်။ အဲ့ဘက် လမ်းကြောတွေမှာက စစ်ကောင်စီတပ်သားတွေက မဆင်းရဲဘူးဗျ။ အဲ့ဘက်ကို။ ဘာလို့မဆင်းရဲတာလဲဆိုတော့ လမ်းကြောတကြောလုံးမှာရော တချို့နေရာတွေမှာက ကာကွယ်ရေးတပ်သားတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေရှိတဲ့ခါကျတော့ ကားနဲ့ဆင်းတိုင်းမှာ သူတို့ အသေအပျောက်တွေ များတာကိုး။ အဲ့တော့ သူတို့ကားနဲ့ရော လူရောက ခုနောက်ပိုင်း မဆင်းကြတော့တာပေါ့။”

မုံရွာအမြင့်လမ်းဘေးတလျောက် ကျေးရွာတွေက မုံရွာမြို့ထဲကိုဝင်တဲ့အခါ ဒီလမ်းကိုပဲ အဓိက သုံးရတာပါ။ အခု ဒီလမ်းကိုဖျက်ဆီးလိုက်တဲ့အတွက် အဲ့ဒီလမ်းတလျောက်မှာရှိတဲ့ ၁၀ ရွာကျော်လောက် ဟာ မုံရွာမြို့နဲ့ ဆက်သွယ်ရေး၊ ရောင်းဝယ်ရေးတွေခက်ခဲကုန်တာကြောင့် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ရှိသလို ကျန်းမာရေးအရလည်း သွားလာရေး အခက်အခဲတွေ ရှိနိုင်တယ်လို့ မုံရွာမြို့ခံ ကိုသန်းကျော်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒီလမ်းက ဘယ်လောက်ထိအရေးပါသလဲဆိုတော့ အမြင့်ကနေ မုံရွာအထိ လမ်းကြောတကြော လုံးမှာ ကျေးရွာတွေအများကြီးရှိတယ်။ ကျေးရွာ ၁၀ ရွာ ၁၅ ရွာလောက်တော့ရှိမယ်ထင်တယ်။ ကျနော့်အနေနဲ့။ ဆိုတော့ အဲ့ဒီရွာတွေအကုန်လုံးက မုံရွာမြို့ကို အဲ့ဒီလမ်းကြောတကြောတည်းကိုပဲ အသုံးပြုပြီး ဝင်ရတာကိုးဗျ၊ မြို့ထဲကို။ အဲ့လိုမျိုး လမ်းပိတ်လိုက်တဲ့ခါကျတော့ အဲ့ဘက်မှာရှိတဲ့ ပြည်သူလူထု အနေနဲ့က မြို့နဲ့လမ်းခရီး အဆက်အသွယ်ပြတ်သွားတဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်တခုက ဈေးရောင်းတဲ့ ဈေးသည်တွေအနေနဲ့ကတော့ ပိုပြီးတာ့ အခက်အခဲ ဖြစ်တယ်ပေါ့။ သူတို့အနေနဲ့ ကတော့ ဒီလမ်းကြောကို အမှီသဟဲပြုပြီးတော့ သွားရတာဖြစ်တဲ့အတွက်။ အခုဒီလမ်းကြောကို သုံးလို့မရတဲ့ခါကျတော့ တခြားပတ်လမ်းတွေကနေ အဝေးကြီးပတ်ပြီးတော့ သွားရတဲ့ခါကျတော့ သူတို့ အတွက် အခက်အခဲတွေ ပိုများသွားတယ်ပေါ့။

အောက်တိုဘာ ၅ ရက် ဒီကနေ့မနက်အစောပိုင်းမှာလည်း လယ်ဇင်ရွာနဲ့ သက်ကယ်ကျင်းကျေးရွာတွေဘက်ကိုသွားတဲ့ မုံရွာမြို့နဲ့ဆက်သွယ်ထားတဲ့ နောက်ထပ်လမ်းမကြီးတခုကို မြန်မာစစ်တပ်က ထပ်ပြီး ဖျက်ဆီးခဲ့ပါတယ်။

“ဒီကနေ့ မနက်ပိုင်းမှာလည်း မုံရွာနဲ့လယ်ဇင်၊ သက်ကယ်ကျင်းဘက်ကိုသွားတဲ့ လမ်းကြောတကြောရှိသေးတယ်ပေါ့။ ခုအဲ့ဒါကို ဖြတ်လိုက်တယ်ပေါ့။ မုံရွာဆိုရင် လယ်ဇင်၊ သက်ကယ်ကျင်းတို့ဆိုတာ အများဆုံး စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေကိုး။ တခုခုဆိုရင် စစ်ကြောင်းတွေကို အဲ့ရွာတွေကို တက်ပြီး နယ်မြေရှင်း၊ မီးရှို့လုပ်နေတဲ့ ရွာတွေကိုး။ အဲ့ဒီရွာတွေကိုသွားတဲ့ မုံရွာနဲ့ဆက်သွယ်ထားတဲ့ လမ်းတွေကိုလည်း သူတို့က ဒီနေ့မနက်မှာ ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်ပေါ့နော်။”

မုံရွာနဲ့ကျေးရွာတွေကြားကလမ်းတွေ ဖျက်ဆီးခံထာားရတဲ့အတွက် သွားလာဆက်သွယ်ရေးတွေ ခက်ခဲလာမယ့်အရေးနဲ့ စစ်တပ်နဲ့ PDF ကြား တိုက်ပွဲတွေထပ်တိုးလာမယ့် အခြေအနေလားဆိုပြီး ဒေသခံတချို့ကလည်း စိုးရိမ်နေပါတယ်။ မုံရွာဒေသခံ ကိုသန်းကျော်ဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျေးရွာတွေနဲ့ အဆက်အသွယ်ဖြတ်တာပေါနော်။ ပုံမှန်သုံးနေကျလမ်းတွေကို အဲ့လိုမျိုး ဖြတ်ချလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာပေါ။ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲဆိုတာကတော့ ကျနော်တို့လည်း ကောင်းကောင်း မသိရဘူးပေါ့။ လုံခြုံရေး အခြေအနေကလည်း အမြင့်ဘက်တကြောဆိုရင် ပြည်သူတွေက ဘာပဲဖြစ်ဖြစ် အထိတ်တလန့်နေရတာပေါ့။ အဲ့ဒီဘက်တွေမှာက စစ်ရေးကလည်း တင်းမာနေတဲ့ခါကျတော့ စစ်ဘေးရှောင်ကြရတဲ့ ပြည်သူတွေလည်း ရှိတယ်။

စစ်ကိုင်းအတွင်းမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေလုပ်နေတယ်ဆိုပြီး မြန်မာစစ်တပ်ကစွပ်စွဲထားသလို နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေလည်း ပိုပြီးတိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]












XS
SM
MD
LG