သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးနဲ႔ စစ္ကိုင္းတိုင္းက စစ္ေရွာင္ေတြ ေဆးကုသမႈရဖို႔ အခက္ၾကံဳေန


စစ္ကိုင္းတုိင္း၊ကင္းရြာ စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု/AFP)

[[Zawgyi/Unicode]]

စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းအတြင္း ေက်း႐ြာေတြက မနာမက်န္းျဖစ္သူေတြ ၿမိဳ႕ေပၚမွာ ေဆးဝါး တက္ေရာက္ကုသဖို႔ အခက္အခဲေတြရွိေနတယ္လို႔ ေဒသခံ ရြာသူရြာသားေတြက ေျပာပါတယ္။ ေဆးကုသဖို႔ အေသးစိတ္ စစ္ေဆးခံရတာေတြ ရွိသလို ေဆးဝါးေတြလည္း အလြယ္တကူ သယ္ေဆာင္ခြင့္မရတဲ့အေၾကာင္း ေျပာျပပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက စစ္ေဘးေရွာင္ေတြရဲ႕အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

စစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရးထိုးစစ္ဆင္ေနတဲ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းအတြင္း ေလေၾကာင္းကေနပါ ေဒသခံကာကြယ္ေရးတပ္ေတြကို ပစ္ခတ္တဲ့အထိ တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး ေဒသခံ ေနအိမ္ေတြ မီးေလာင္ ပ်က္စီးဆုံးရႈံးခဲ့ရသလို ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနရပါတယ္။

စစ္ေဘးေရွာင္ေတြထဲမွာ သက္ႀကီး႐ြယ္အို နာမက်န္းသူေတြပါဝင္ၿပီး နီးစပ္ရာၿမိဳ႕ေပၚကို ေဆးဝါး တက္ေရာက္ ကုသမယ္ဆိုရင္ စစ္ေကာင္စီတပ္ဖြဲ႕ေတြရဲ႕ စစ္ေဆးမႈေတြအျပင္ ဖမ္းဆီးမွာစိုးရိမ္တဲ့အတြက္ အဆင္ေျပသလို ကုသေနရတယ္လို႔ ေျမာင္ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

“ၿမိဳ႕ေပၚမွာသြားၿပီးကုရမယ္ဆိုရင္ အခက္အခဲျဖစ္တယ္။ တခ်ိဳ႕ကလည္း ၿမိဳ႕ေပၚမွာ သြားကုရင္ အဖမ္းခံရမွာမ်ိဳးေတြေၾကာက္ေတာ့ ဘာေတြျဖစ္လဲဆိုရင္ ေက်း႐ြာမွာရွိတဲ့ နပ္စ္မေတြနဲ႔ေပါ့ ေဆးဆရာေတြနဲ႔ပဲ ကုၾကတာမ်ားတယ္။ ၿမိဳ႕ေပၚတက္ၿပီဆိုရင္ စစ္တာေဆးတာမ်ိဳးေတြလုပ္တယ္။ လုပ္ၿပီး မသကၤာရင္ဖမ္းတယ္။ ဖမ္းၿပီးေငြေတာင္းတယ္။ ေတာသူေတာင္သားေတြဆိုေတာ့ ပိုက္ဆံမရွိေတာ့ ျပန္ေ႐ြးရမွာစိုးတာမ်ိဳးေတြ မသြားၾကတာေပါ့။ မကုၾကဘူးေပါ့။ ကြၽန္ေတာ္တို႔ဒီနယ္ေျမမွာဆိုရင္ ၿမိဳ႕ေပၚသြားၿပီး ကုတဲ့လူမရွိၾကဘူး။”

စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းတဲ့ ကာလမွာ အိမ္ေပါင္း ေသာင္းေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေျပာဆိုထားပါတယ္။ စစ္ေဘးေရွာင္ ရြာသူရြာသားေတြလည္း ေထာင္နဲ႔ခ်ီရွိေနပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အရပ္သားေတြရဲ႕ လူေနအိမ္ေျခေတြကို သူတို႔ မီးမရိႈ႕တဲ့အေၾကာင္းနဲ႔ အရပ္သားေတြကို ထိခိုက္နစ္နာေအာင္ မလုပ္တဲ့အေၾကာင္း ေျပာဆိုေနပါတယ္။ အလားတူပဲ မေကြးတိုင္းမွာဆိုရင္လည္း ဖ်ားနာတဲ့ ေဒသခံ ရြာသူရြာသားေတြအတြက္ ေဆးဝါးကုသဖို႔ အခက္အခဲေတြ ရွိေနပါတယ္။

မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕နယ္ ႏွမ္းခါးေက်း႐ြာမွာဆိုရင္ စစ္ေဘးေရွာင္ ရြာသူရြာသားေတြ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနရပါတယ္။ ေဆးဝါး ကုသဖို႔ ခက္ခဲတဲ့အျပင္ ေဆးဝါး ဝယ္ယူရာမွာလည္း စစ္ေကာင္စီရဲ႕ တင္းၾကပ္စြာ စစ္ေဆးတာေတြေၾကာင့္ အခက္အခဲေတြရွိေနတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေဆးဝါးကလည္း ဂန႔္ေဂါၿမိဳ႕ေပၚကလည္း ဝယ္လို႔မရဘူး။ ကေလးဘက္က်ေတာ့လည္း ႐ြာထဲမွာ ပ်ဴေစာထီးေတြ ဟံသာဝတီ(႐ြာ) ကုကၠား ႐ြာေတြက ၾကားမွာ ခံေနတဲ့အတြက္ က်ေနာ္တို႔က အဲ့ဘက္က် သြားလာေရးကအစ လုပ္လို႔မရဘူး။ နည္းနည္းပဲ ဘိုင္အိုဂ်က္စစ္၊ ဒီကိုဂ်င္တို႔ပဲ အလြန္ဆုံးဝယ္ရ ၂ ကဒ္ ၃ ကဒ္ေလာက္ပဲရတာ။ အမ်ားႀကီးဝယ္လို႔မရဘူး။ သူတို႔က မ်ားသြားရင္ သိမ္းေတာ့တာပဲ။ PDF ေတြဘာေတြ ေထာက္ပံ့တယ္ဆိုၿပီး သိမ္းတာ။ ေယာဆရာေတာ္ဘုရားႀကီး ဖြင့္ထားတဲ့ အခမဲ့ေဆးခန္း လက္ပံ႐ြာမွာ ဖြင့္ထားတဲ့ ေဆးခန္းမွာလည္း (စစ္တပ္) က ထိုင္ၿပီးမွ ေဘးနား႐ြာေတြကို ပတ္ၿပီး မီးရႈိ႕တာတို႔၊ ရမ္းကားတာတို႔ အဲ့ေဆးခန္းကလည္း အသုံးျပဳလို႔မရတဲ့အတြက္ ေဆးဝါးကုသမႈခက္ခဲတယ္ အခုလပိုင္းေတြမွာ။”

ႏွမ္းခါး႐ြာက စစ္ေရွာင္ေတြဟာ ေတာင္ေတာင္ေတြထဲ တိမ္းေရွာင္ေနရၿပီး အသက္ႀကီးရင့္သူေတြဟာ ပင္ပန္းတဲ့ဒဏ္ေတြေၾကာင့္ ေသဆုံးရတာေတြလည္းရွိသလို ေတာေတာင္ေတြထဲမွာ အဆိပ္ရွိ သတၱဝါေတြ ကိုက္ခံရတာေၾကာင့္ ေသဆုံးတာေတြရွိတယ္လို႔လည္း ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ႕ ေျပာပါတယ္။

စစ္ေဆးေရး ဂိတ္ေတြမွာ ေစ်းဝယ္ကားေတြကို စစ္တပ္လုံျခဳံေရးတပ္ဖြဲ႕ေတြ အေသးစိတ္စစ္ေဆးၿပီး အစားအစာေတြနဲ႔ ေဆးဝါးေတြကို အကန႔္အသတ္အသတ္နဲ႔ပဲ သယ္ယူခြင့္ျပဳတာေၾကာင့္လည္း မနာမက်န္းျဖစ္သူေတြအတြက္ ေဆးဝါးကုသဖို႔ အခက္အခဲျဖစ္ေနရတယ္လို႔လည္း ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မကွေးနဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်တွေ ဆေးကုသမှုရဖို့ အခက်ကြုံနေ

စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတွေက မနာမကျန်းဖြစ်သူတွေ မြို့ပေါ်မှာ ဆေးဝါး တက်ရောက်ကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောပါတယ်။ ဆေးကုသဖို့ အသေးစိတ် စစ်ဆေးခံရတာတွေ ရှိသလို ဆေးဝါးတွေလည်း အလွယ်တကူ သယ်ဆောင်ခွင့်မရတဲ့အကြောင်း ပြောပြပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ဘေးရှောင်တွေရဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လေကြောင်းကနေပါ ဒေသခံကာကွယ်ရေးတပ်တွေကို ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံ နေအိမ်တွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အို နာမကျန်းသူတွေပါဝင်ပြီး နီးစပ်ရာမြို့ပေါ်ကို ဆေးဝါး တက်ရောက် ကုသမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေအပြင် ဖမ်းဆီးမှာစိုးရိမ်တဲ့အတွက် အဆင်ပြေသလို ကုသနေရတယ်လို့ မြောင်မြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“မြို့ပေါ်မှာသွားပြီးကုရမယ်ဆိုရင် အခက်အခဲဖြစ်တယ်။ တချို့ကလည်း မြို့ပေါ်မှာ သွားကုရင် အဖမ်းခံရမှာမျိုးတွေကြောက်တော့ ဘာတွေဖြစ်လဲဆိုရင် ကျေးရွာမှာရှိတဲ့ နပ်စ်မတွေနဲ့ပေါ့ ဆေးဆရာတွေနဲ့ပဲ ကုကြတာများတယ်။ မြို့ပေါ်တက်ပြီဆိုရင် စစ်တာဆေးတာမျိုးတွေလုပ်တယ်။ လုပ်ပြီး မသင်္ကာရင်ဖမ်းတယ်။ ဖမ်းပြီးငွေတောင်းတယ်။ တောသူတောင်သားတွေဆိုတော့ ပိုက်ဆံမရှိတော့ ပြန်ရွေးရမှာစိုးတာမျိုးတွေ မသွားကြတာပေါ့။ မကုကြဘူးပေါ့။ ကျွန်တော်တို့ဒီနယ်မြေမှာဆိုရင် မြို့ပေါ်သွားပြီး ကုတဲ့လူမရှိကြဘူး။”

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတဲ့ ကာလမှာ အိမ်ပေါင်း သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ စစ်ဘေးရှောင် ရွာသူရွာသားတွေလည်း ထောင်နဲ့ချီရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေရဲ့ လူနေအိမ်ခြေတွေကို သူတို့ မီးမရှို့တဲ့အကြောင်းနဲ့ အရပ်သားတွေကို ထိခိုက်နစ်နာအောင် မလုပ်တဲ့အကြောင်း ပြောဆိုနေပါတယ်။ အလားတူပဲ မကွေးတိုင်းမှာဆိုရင်လည်း ဖျားနာတဲ့ ဒေသခံ ရွာသူရွာသားတွေအတွက် ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမှာဆိုရင် စစ်ဘေးရှောင် ရွာသူရွာသားတွေ တောတောင်တွေထဲမှာပဲ နေထိုင်နေရပါတယ်။ ဆေးဝါး ကုသဖို့ ခက်ခဲတဲ့အပြင် ဆေးဝါး ဝယ်ယူရာမှာလည်း စစ်ကောင်စီရဲ့ တင်းကြပ်စွာ စစ်ဆေးတာတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဆေးဝါးကလည်း ဂန့်ဂေါမြို့ပေါ်ကလည်း ဝယ်လို့မရဘူး။ ကလေးဘက်ကျတော့လည်း ရွာထဲမှာ ပျူစောထီးတွေ ဟံသာဝတီ(ရွာ) ကုက္ကား ရွာတွေက ကြားမှာ ခံနေတဲ့အတွက် ကျနော်တို့က အဲ့ဘက်ကျ သွားလာရေးကအစ လုပ်လို့မရဘူး။ နည်းနည်းပဲ ဘိုင်အိုဂျက်စစ်၊ ဒီကိုဂျင်တို့ပဲ အလွန်ဆုံးဝယ်ရ ၂ ကဒ် ၃ ကဒ်လောက်ပဲရတာ။ အများကြီးဝယ်လို့မရဘူး။ သူတို့က များသွားရင် သိမ်းတော့တာပဲ။ PDF တွေဘာတွေ ထောက်ပံ့တယ်ဆိုပြီး သိမ်းတာ။ ယောဆရာတော်ဘုရားကြီး ဖွင့်ထားတဲ့ အခမဲ့ဆေးခန်း လက်ပံရွာမှာ ဖွင့်ထားတဲ့ ဆေးခန်းမှာလည်း (စစ်တပ်) က ထိုင်ပြီးမှ ဘေးနားရွာတွေကို ပတ်ပြီး မီးရှို့တာတို့၊ ရမ်းကားတာတို့ အဲ့ဆေးခန်းကလည်း အသုံးပြုလို့မရတဲ့အတွက် ဆေးဝါးကုသမှုခက်ခဲတယ် အခုလပိုင်းတွေမှာ။”

နှမ်းခါးရွာက စစ်ရှောင်တွေဟာ တောင်တောင်တွေထဲ တိမ်းရှောင်နေရပြီး အသက်ကြီးရင့်သူတွေဟာ ပင်ပန်းတဲ့ဒဏ်တွေကြောင့် သေဆုံးရတာတွေလည်းရှိသလို တောတောင်တွေထဲမှာ အဆိပ်ရှိ သတ္တဝါတွေ ကိုက်ခံရတာကြောင့် သေဆုံးတာတွေရှိတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေ့ ပြောပါတယ်။

စစ်ဆေးရေး ဂိတ်တွေမှာ ဈေးဝယ်ကားတွေကို စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေ အသေးစိတ်စစ်ဆေးပြီး အစားအစာတွေနဲ့ ဆေးဝါးတွေကို အကန့်အသတ်အသတ်နဲ့ပဲ သယ်ယူခွင့်ပြုတာကြောင့်လည်း မနာမကျန်းဖြစ်သူတွေအတွက် ဆေးဝါးကုသဖို့ အခက်အခဲဖြစ်နေရတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG