[[Zawgyi/Unicode]]
မေလးရွားႏိုင္ငံ ကြာလႅာမ္ပူၿမိဳ႕ျပင္မွာရွိတဲ့ ညအိပ္စတည္းခ်ခရီးထြက္သူေတြၾကား ေရပန္းစားတဲ့ေနရာမွာ ဒီေန႔ ေသာၾကာေန႔မနက္က ႐ုတ္တရက္ ေျမၿပိဳက်ခဲ့တဲ့အတြက္ ၁၆ ေယာက္ေသဆံုးၿပီး ၂၀ ေလာက္ေပ်ာက္ဆုံးေနတယ္လို႔ မေလးရွားတာဝန္ရွိသူေတြကေျပာပါတယ္။
“ေန႔လယ္ ၁ နာရီထိုးတဲ့အခ်ိန္အထိ သိရွိရတဲ့စာရင္းေတြအရ ေျမၿပိဳရာမွာထိခိုက္ခဲ့သူ စုစုေပါင္း ၉၄ ဦးရွိပါတယ္။ အဲဒီအထဲက ၆၁ ဦးကို က်ေနာ္တို႔ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ၁၆ ဦးေသဆုံးၿပီးေတာ့ ၁၇ ဦးေပ်ာက္ဆုံးေနတဲ့အတြက္ ဆက္လက္ရွာေဖြေနဆဲျဖစ္ပါတယ္” လို႔ ျပည္နယ္အစိုးရ ဖြ႔ံၿဖိဳးတိုးတက္ေရးဝန္ႀကီး Nga Kor Ming ကေျပာသြားတာပါ။
ေျမၿပိဳက်ခဲ့တဲ့ Selangor ျပည္နယ္ထဲက Batang Kali ၿမိဳ႕မွာ သဘာဝစိုက္ပ်ိဳးေရးဥယ်ာဥ္ေတြရွိၿပီး ညအိပ္ညေန အလည္ခရီးထြက္သူေတြ အသြားမ်ားတဲ့ေနရာျဖစ္ပါတယ္။ ခရီးသြားမိသားစုေတြအိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္အသံက်ယ္ႀကီးၾကားခဲ့ရၿပီး ေျမၿပိဳက်ခဲ့တာ ျဖစ္တယ္လို႔ ကိုယ္တိုင္ ေတြ႕ၾကဳံခဲ့ရတဲ့ခရီးသြားတဦးက AFP သတင္းဌာနကိုေျပာဆိုခဲ့ပါတယ္။ ေျမႀကီးေတြ၊ သစ္ပင္ေတြဖုံးအုပ္ခံထားရတဲ့ကားေတြ၊ လူေနတဲ့ေတြနဲ႔ကယ္ဆယ္ေရးသမားေတြရွာေဖြတူးဆြေနတဲ့ ဗြီဒီယိုေတြ၊ ဓာတ္ပုံေတြလည္း လူမႈကြန္ယက္စာမ်က္ႏွာမွာထြက္ေပၚခဲ့ပါတယ္။
ဒီခရီးသြားဥယ်ာဥ္လုပ္ငန္းဟာ မွတ္ပုံတင္ထားျခင္းမရွိတာေၾကာင့္ တရား႐ုံးက အပစ္ရွိတယ္လို႔ဆုံးျဖတ္ခဲ့ရင္ လုပ္ငန္းလုပ္ကိုင္ေနသူအေနနဲ႔ အပစ္ေပးအေရးယူခံရမွာျဖစ္တယ္လို႔ ျပည္နယ္ဝန္ႀကီး Nga Kor Ming ကေျပာပါတယ္။ ျပည္နယ္အတြင္းမွာရွိတဲ့ ေနရာေပါင္း ၁၅၅ ေနရာက တာဝန္ရွိသူေတြကို အႏၲရာယ္ရွိႏိုင္တဲ့ခရီးသြားဥယ်ာဥ္လုပ္ငန္းေတြကို စစ္ေဆးၿပီး တခ်ဳိ႕ကို ပိတ္သိမ္းပစ္ဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း ဝန္ႀကီးကေျပာဆိုပါတယ္။
=================
မလေးရှားမြေပြိုမှု ၁၆ ဦးသေဆုံး
မလေးရှားနိုင်ငံ ကွာလ္လာမ်ပူမြို့ပြင်မှာရှိတဲ့ ညအိပ်စတည်းချခရီးထွက်သူတွေကြား ရေပန်းစားတဲ့နေရာမှာ ဒီနေ့ သောကြာနေ့မနက်က ရုတ်တရက် မြေပြိုကျခဲ့တဲ့အတွက် ၁၆ ယောက်သေဆုံးပြီး ၂၀ လောက်ပျောက်ဆုံးနေတယ်လို့ မလေးရှားတာဝန်ရှိသူတွေကပြောပါတယ်။
“နေ့လယ် ၁ နာရီထိုးတဲ့အချိန်အထိ သိရှိရတဲ့စာရင်းတွေအရ မြေပြိုရာမှာထိခိုက်ခဲ့သူ စုစုပေါင်း ၉၄ ဦးရှိပါတယ်။ အဲဒီအထဲက ၆၁ ဦးကို ကျနော်တို့ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၁၆ ဦးသေဆုံးပြီးတော့ ၁၇ ဦးပျောက်ဆုံးနေတဲ့အတွက် ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်” လို့ ပြည်နယ်အစိုးရ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Nga Kor Ming ကပြောသွားတာပါ။
မြေပြိုကျခဲ့တဲ့ Selangor ပြည်နယ်ထဲက Batang Kali မြို့မှာ သဘာဝစိုက်ပျိုးရေးဥယျာဉ်တွေရှိပြီး ညအိပ်ညနေ အလည်ခရီးထွက်သူတွေ အသွားများတဲ့နေရာဖြစ်ပါတယ်။ ခရီးသွားမိသားစုတွေအိပ်ပျော်နေစဉ် ရုတ်တရက်အသံကျယ်ကြီးကြားခဲ့ရပြီး မြေပြိုကျခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ခရီးသွားတဦးက AFP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။ မြေကြီးတွေ၊ သစ်ပင်တွေဖုံးအုပ်ခံထားရတဲ့ကားတွေ၊ လူနေတဲ့တွေနဲ့ကယ်ဆယ်ရေးသမားတွေရှာဖွေတူးဆွနေတဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း လူမှုကွန်ယက်စာမျက်နှာမှာထွက်ပေါ်ခဲ့ပါတယ်။
ဒီခရီးသွားဥယျာဉ်လုပ်ငန်းဟာ မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် တရားရုံးက အပစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ရင် လုပ်ငန်းလုပ်ကိုင်နေသူအနေနဲ့ အပစ်ပေးအရေးယူခံရမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီး Nga Kor Ming ကပြောပါတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ နေရာပေါင်း ၁၅၅ နေရာက တာဝန်ရှိသူတွေကို အန္တရာယ်ရှိနိုင်တဲ့ခရီးသွားဥယျာဉ်လုပ်ငန်းတွေကို စစ်ဆေးပြီး တချို့ကို ပိတ်သိမ်းပစ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးကပြောဆိုပါတယ်။