သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားမွာအဖမ္းခံရတဲ့ ျမန္မာေတြအနက္ ႏိုင္ငံေရးဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ဖို႔ အခက္အခဲရွိ (The Alliance of Chin Refugees) 


 မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာနက ဖမ္းမိၿပီးေနရပ္ျပန္ပို႔ေပးဖုိ႔ ေခၚေဆာင္လာတဲ့ ျမန္မာႏုိင္ငံသားေတြလို႔ ယူဆရသူမ်ား။ (ေဖေဖၚဝါရီ ၂၃၊ ၂၀၂၁)။

[[Zawgyi/Unicode]]

မေလးရွားႏိုင္ငံအတြင္းမွာေကာ မေလးရွားထုိင္းနယ္စပ္ေတြမွာပါ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသား ေထာင္ဂဏန္းေလာက္ရွိေနျပီး အဲဒီထဲက ရာဂဏန္းေလာက္ဟာ ျမန္မာႏိုင္ငံက အႀကမ္းမဖက္အာဏာဖိီဆန္ CDM လုပ္လာသူေတြ၊ ႏိုင္ငံေရးမွာတက္ႂကြလွုပ္ရွားတာေၾကာင့္တိမ္းေရွာင္လာခဲ့သူေတြျဖစ္လို့ အဖမ္းခံရျပီးေနရပ္ျပန္ပို့ခံရတဲ့အခါမွာ အခက္အခဲေတြရွိေနတယ္လို ့မေလးရွားအေျခစိုက္The Alliance of Chin Refugees (ACR) ကဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

မေလးရွားႏိုင္ငံအတြင္းမွာေကာ မေလးရွားထုိင္းနယ္စပ္ေတြမွာပါ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြ ေထာင္ဂဏန္းေလာက္ရွိေနျပီး အမ်ားစုကေတာ့ အလုပ္အကိုင္ရွာေဖြဖို့ လာၾကသူေတြ ျဖစ္ပါတယ္။ အဲဒီထဲက ရာဂဏန္းေလာက္ကေတာ့ ျမန္မာႏိုင္ငံက အႀကမ္းမဖက္အာဏာဖိီဆန္ CDM လုပ္လာသူမ်ား ျမန္မာႏိုင္ငံေရးအေျခအေနေတြေၾကာင့္ထြက္ေျပးတိမ္းေရွာင္လာၾကသူေတြျဖစ္လို့ အဖမ္းခံရျပီးေနာက္ လူဝင္မႈ ႀကီးႀကပ္ေရးဥပေဒအရ ေနရပ္ျပန္ပုိ့ခံရတဲ့အခါမွာအခက္အခဲေတြရွိတယ္လို့ မေလးရွားအေျခစိုက္The Alliance of Chin Refugees (ACR) အဖဲြဥကၠ႒ ဆလိုင္းေမာင္ေမာင္လတ္က VOA ကုိအခုလိုေျပာပါတယ္။

“ထိုင္းမေလးနယ္စပ္ေတြမွာ အဖမ္းခံရတဲ့လူေတြကိစၥ ပုိျပီးစိုးရိမ္ရပါတယ္။ CDM သမားေတြလည္းပါတယ္။ ႏိုင္ငံေရးအခက္အခဲေတြ၊ လွဳပ္ရွားမူေတြေၾကာင့္ ေနထုိင္လို့မရလို႔ ဒီဘက္ကို ခိုလွံဳဖုိ့ေရာက္လာၾကသူေတြလည္းပါတယ္။ ၁၀၀ မကဘူး။ ႏွစ္ရာ၊ သံုးရာေလာက္ထိရိွတယ္။ CDM ေတြျဖစ္ျပီး အဖမ္းခံရတယ္။ ျပီးေတာ့အခ်ဳပ္ထဲက်တယ္။ အခ်ဳပ္က်ခ်ိန္မွာ UNHCR က ဘာမွမကူညီႏုိင္ဘူး။ မလုပ္ေပးႏုိင္ဘူးဆိုရင္ ၃ လၾကာျပီးရင္ ထိန္းသိမ္းေရးစခန္းကို အပို့ခံရမယ္။ ထိန္းသိမ္းေရးစခန္းပို့တယ္ဆုိတာနဲ့ သူတို့ဟာျမန္မာျပည္ကုိျပန္ပို့ခံရႏိုင္တယ္။”

အဖမ္းခံရသူေတြနဲ့ပတ္သက္လို႔ ျမန္မာျပည္ျပန္ပုိ့ခံရမယ္ဆိုရင္ သူတို့အတြက္ စိုးရိမ္ရတယ္လို့လည္း ဆက္ေျပာျပပါတယ္။

“ ျပန္ပို့ရင္ေတာ့ ျမန္မာျပည္မွာအေတာ္ေလးဒုကၡေရာက္ႏုိင္တယ္။ က်ေနာ္တုိ့ အဖဲြ အစည္းေတြအေနနဲ့ ဘာမွလုပ္ေပးႏိုင္စြမ္းမရွိဘူး။ မေလးရွားဥပေဒ လူဝင္မႈႀကီးၾကပ္ေရးဥပေဒနဲ့ ျဖစ္တဲ့အတြက္ ရဲမႈေတာ့မဟုတ္ဘူး UNHCR ကလည္း ထိန္းသိမ္းေရးစခန္းေတြသြားျပီး ကူညီႏုိင္တာ မလုပ္ႏုိင္ေတာ့ဘူး။ ႏိုင္ငံေရးလွဳပ္ရွားမႈေတြမွာပါဝင္ျပီး လူသိရွင္ၾကားျဖစ္ေနတဲ့ ပုဂၢိဳလ္ေတြလည္းပါတယ္။ တကယ္လို႔ ျမန္မာျပည္ျပန္ပုိ့မယ္ဆိုရင္သူတို့ေတြရဲ့အသက္အႏၱရာယ္အတြက္ကစိုးရိမ္ရတယ္ ဆိုေတာ့ အဲဒီလူေတြအတြက္ က်ေနာ္တုိ့လုပ္ႏုိ္င္တာကေတာ့ အေတာ္နည္းပါတယ္။လုပ္ဖုိ့ကေတာ့ က်ေနာ္တို့အဖဲြအစည္းတခုတည္းနဲ့လုပ္ဖို့မျဖစ္ႏုိင္ဘူး။ ႏိုင္ငံေရးအဖဲြ့အစည္းေတြ၊ UNHCR၊ ကြန္ျမဴနတီအဖဲြ ့အစည္းေတြရယ္၊ INGO အႀကီးအကဲေတြ ဝင္ျပီးပါႏုိင္မယ္ဆုိမွ ပိုျပီးအဆင္ေျပပါမယ္။”

ျပီးခဲ့တဲ့၂၀၂၁ ခုႏွစ္မွာ အဖမ္းဆီးခံရတဲ့ ခ်င္းအမ်ိဳးသားေတြအပါအဝင္ ျမန္မာႏို္င္ငံသား ၁၀၀ ေက်ာ္ဟာလည္း ေနရပ္မျပန္ခ်င္ၾကတဲ့အတြက္ သူတို့အဖဲြ႔ကို အကူညီေတာင္းခံထားတယ္လို့ ဆုိပါတယ္။ လက္ရွိမွာ မေလးရွားမွာအဖမ္းအဆီးေတြပုိမ်ားလာေနျပီး ေနအိမ္ေတြထဲထိ လိုက္လံဖမ္းဆီးတာ၊ လူစည္းကားရာေနရာေတြကို ပိတ္ဆို့ဖမ္းဆီးတာလည္း ဆက္တိုက္လုပ္လာသလို ထုိင္းမေလးနယ္စပ္ျမိဳ့ေတြမွာ ဖမ္းဆီးေနတဲ့အတြက္လည္း ထိုင္းကေနတဆင့္ ဝင္လာၾကတဲ့ ျမန္မာႏို္င္ငံသားအမ်ားအျပား ဖမ္းဆီးခံေနရပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မလေးရှားမှာအဖမ်းခံရတဲ့ မြန်မာတွေအနက် နိုင်ငံရေးဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ အခက်အခဲရှိ (The Alliance of Chin Refugees)

မလေးရှားနိုင်ငံအတွင်းမှာကော မလေးရှားထိုင်းနယ်စပ်တွေမှာပါ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက်ရှိနေပြီး အဲဒီထဲက ရာဂဏန်းလောက်ဟာ မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်လာသူတွေ၊ နိုင်ငံရေးမှာတက်ကြွလှုပ်ရှားတာကြောင့်တိမ်းရှောင်လာခဲ့သူတွေဖြစ်လို့ အဖမ်းခံရပြီးနေရပ်ပြန်ပို့ခံရတဲ့အခါမှာ အခက်အခဲတွေရှိနေတယ်လို့မလေးရှားအခြေစိုက်The Alliance of Chin Refugees (ACR) ကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံအတွင်းမှာကော မလေးရှားထိုင်းနယ်စပ်တွေမှာပါ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေ ထောင်ဂဏန်းလောက်ရှိနေပြီး အများစုကတော့ အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေ ဖြစ်ပါတယ်။ အဲဒီထဲက ရာဂဏန်းလောက်ကတော့ မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန် CDM လုပ်လာသူများ မြန်မာနိုင်ငံရေးအခြေအနေတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်လို့ အဖမ်းခံရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ နေရပ်ပြန်ပို့ခံရတဲ့အခါမှာအခက်အခဲတွေရှိတယ်လို့ မလေးရှားအခြေစိုက်The Alliance of Chin Refugees (ACR) အဖွဲဥက္ကဋ္ဌ ဆလိုင်းမောင်မောင်လတ်က VOA ကိုအခုလိုပြောပါတယ်။

“ထိုင်းမလေးနယ်စပ်တွေမှာ အဖမ်းခံရတဲ့လူတွေကိစ္စ ပိုပြီးစိုးရိမ်ရပါတယ်။ CDM သမားတွေလည်းပါတယ်။ နိုင်ငံရေးအခက်အခဲတွေ၊ လှုပ်ရှားမူတွေကြောင့် နေထိုင်လို့မရလို့ ဒီဘက်ကို ခိုလှုံဖို့ရောက်လာကြသူတွေလည်းပါတယ်။ ၁၀၀ မကဘူး။ နှစ်ရာ၊ သုံးရာလောက်ထိရှိတယ်။ CDM တွေဖြစ်ပြီး အဖမ်းခံရတယ်။ ပြီးတော့အချုပ်ထဲကျတယ်။ အချုပ်ကျချိန်မှာ UNHCR က ဘာမှမကူညီနိုင်ဘူး။ မလုပ်ပေးနိုင်ဘူးဆိုရင် ၃ လကြာပြီးရင် ထိန်းသိမ်းရေးစခန်းကို အပို့ခံရမယ်။ ထိန်းသိမ်းရေးစခန်းပို့တယ်ဆိုတာနဲ့ သူတို့ဟာမြန်မာပြည်ကိုပြန်ပို့ခံရနိုင်တယ်။”

အဖမ်းခံရသူတွေနဲ့ပတ်သက်လို့ မြန်မာပြည်ပြန်ပို့ခံရမယ်ဆိုရင် သူတို့အတွက် စိုးရိမ်ရတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ပြန်ပို့ရင်တော့ မြန်မာပြည်မှာအတော်လေးဒုက္ခရောက်နိုင်တယ်။ ကျနော်တို့ အဖွဲ အစည်းတွေအနေနဲ့ ဘာမှလုပ်ပေးနိုင်စွမ်းမရှိဘူး။ မလေးရှားဥပဒေ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖြစ်တဲ့အတွက် ရဲမှုတော့မဟုတ်ဘူး UNHCR ကလည်း ထိန်းသိမ်းရေးစခန်းတွေသွားပြီး ကူညီနိုင်တာ မလုပ်နိုင်တော့ဘူး။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ပြီး လူသိရှင်ကြားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ တကယ်လို့ မြန်မာပြည်ပြန်ပို့မယ်ဆိုရင်သူတို့တွေရဲ့အသက်အန္တရာယ်အတွက်ကစိုးရိမ်ရတယ် ဆိုတော့ အဲဒီလူတွေအတွက် ကျနော်တို့လုပ်နိုင်တာကတော့ အတော်နည်းပါတယ်။လုပ်ဖို့ကတော့ ကျနော်တို့အဖွဲအစည်းတခုတည်းနဲ့လုပ်ဖို့မဖြစ်နိုင်ဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ UNHCR၊ ကွန်မြူနတီအဖွဲ့အစည်းတွေရယ်၊ INGO အကြီးအကဲတွေ ဝင်ပြီးပါနိုင်မယ်ဆိုမှ ပိုပြီးအဆင်ပြေပါမယ်။”

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်မှာ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတွေအပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာလည်း နေရပ်မပြန်ချင်ကြတဲ့အတွက် သူတို့အဖွဲ့ကို အကူညီတောင်းခံထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မလေးရှားမှာအဖမ်းအဆီးတွေပိုများလာနေပြီး နေအိမ်တွေထဲထိ လိုက်လံဖမ်းဆီးတာ၊ လူစည်းကားရာနေရာတွေကို ပိတ်ဆို့ဖမ်းဆီးတာလည်း ဆက်တိုက်လုပ်လာသလို ထိုင်းမလေးနယ်စပ်မြို့တွေမှာ ဖမ်းဆီးနေတဲ့အတွက်လည်း ထိုင်းကနေတဆင့် ဝင်လာကြတဲ့ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံနေရပါတယ်ရှင်။

XS
SM
MD
LG