သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုၿမိဳ႕နယ္ စစ္ေဘးေရွာင္ေတြ ေျမျမွဳပ္မိုင္းအႏၲရာယ္ေရွာင္ႏိုင္ဖို႔ KNDF ႏႈိးေဆာ္


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ေဒသခံအခ်ဳိ႕။ (ယခင္မွတ္တမ္းဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္ေတြက စစ္ေဘးေရွာင္ ႐ြာသားေတြ ေနရပ္ျပန္ၾကမယ္ဆိုရင္ စစ္ေကာင္စီသြားလာလႈပ္ရွားခဲ့တဲ့ေနရာေတြမွာ ေျမျမွဳပ္မိုင္းေတြ ရွိႏိုင္တာေၾကာင့္ ေဒသခံကာကြယ္ေရးတပ္ေတြထုတ္ျပန္ထားတဲ့ သတင္းေတြကို ႀကိဳတင္နားစြင့္ၿပီးမွ သြားလာဖို႔ ကရင္နီေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ KNDF က သတိေပးႏိႈးေဆာ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနၿပီး ဒုကၡသည္ေတြအတြက္ အကူအညီေတြလည္း လိုအပ္ေနပါတယ္။ ကယားျပည္နယ္ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္မွာ စက္တင္ဘာ ၄ ရက္ မေန႔က ကရင္နီေဒသကာကြယ္ေရးပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ၾကား တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တဲ့အေၾကာင္း KNDF ျပန္ၾကားေရးတာဝန္ခံတဦးက VOA ကို ေျပာပါတယ္။

“မေန႔က မနက္ ၆ နာရီခြဲေလာက္မွာ က်ေနာ္တို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ဖ႐ူဆိုၿမိဳ႕နယ္ၾကားမွာရွိတဲ့ အဲ့ဒီေငြေတာင္႐ြာသစ္ဆိုတဲ့႐ြာမွာ တပ္စြဲထားတဲ့ စကစေတြကို က်ေနာ္တို႔ KNDF တပ္ရင္း ၁၀ ရယ္၊ KA ရယ္ ဝင္ၿပီးေတာ့မွ တိုက္ခိုက္တိုက္တယ္ေပါ့ေနာ္။ တိုက္ပြဲကေတာ့ ၄ နာရီ ေလာက္ၾကာတယ္ေပါ့ေနာ္။ ေနာက္ ၁၂ နာရီေက်ာ္ေက်ာ္ေလာက္မွာ ဖ႐ူဆိုၿမိဳ႕နယ္ထဲက ကဒါးလားဆိုတဲ့ ႐ြာမွာလည္း နည္းနည္းေလး တိုက္ပြဲထပ္ျဖစ္တယ္။ အဲ့မွာလည္း စကစဘက္က တေယာက္က်တယ္ေပါ့ေနာ္။ ၿပီးေတာ့ အဲ့တဆက္တည္းပဲ ဒီဖ႐ူဆိုၿမိဳ႕နယ္မွာပဲ ထီးေပါ့ဆို၊ ၿပီးရင္ ေဒါေညးခူး အဲ့မွာလည္း တိုက္ပြဲထပ္ျဖစ္တယ္။”

ဒီေန႔ ေန႔ခင္းပိုင္းအထိေတာ့ တိုက္ပြဲအေျခအေန တည္ၿငိမ္ေနပါတယ္။ စစ္ေကာင္ စီတပ္ေတြဘက္က တုံ႔ျပန္ထိုးစစ္ဆင္လာႏိုင္တာမို႔ တိုက္ပြဲေတြ အခ်ိန္မေရြးျပန္ျဖစ္လာႏိုင္တယ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။

ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုတိုက္ပြဲအတြင္းမွာ စစ္ေကာင္စီတပ္ဘက္က ၂ ဦးေသဆုံးၿပီး MA-3 ႐ိုင္ဖယ္ ေသနတ္(၁) လက္နဲ႔ လက္နက္ခဲယမ္းတခ်ဳိ႕ သိမ္းဆည္းရမိခဲ့တယ္လို႔ KNDF က ေျပာဆိုပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာ မရွိေသးသလို VOA အေနနဲ႔ သီးျခားအတည္ျပဳခ်က္ ရယူႏိုင္ျခင္း မရွိေသးပါဘူး။

စစ္ေကာင္စီတပ္ေတြ သြားလာလႈပ္ရွားတဲ့ ေနရာေတြမွာ ေျမျမႇဳပ္မိုင္းေထာင္ထားတဲ့ အႏၲရာယ္ရွိႏိုင္တယ္ဆိုၿပီး စစ္ေရွာင္ေဒသခံေတြ ေနရပ္မျပန္ၾကဖို႔နဲ႔၊ ကာကြယ္ေရးတပ္ေတြ ထုတ္ျပန္ထားတဲ့ သတင္းေတြကို နားစြင့္ၿပီး မသြားသင့္တဲ့ ေနရာမ်ိဳးေတြ မသြားလာဖို႔ KNDF က တိုက္တြန္းထားပါတယ္။

တိုက္ပြဲတဲ့အခါမွာလည္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ စစ္ေျပးေရွာင္ေတြရွိတဲ့ေနရာမွာေတြ မၾကာခဏ ေပါက္ကြဲေလ့ရွိပါတယ္။ ေဒသခံ ရြာသားေတြ ေနရာထပ္ခါထပ္ခါ ေျပာင္းေရႊ႕ေနထိုင္ရသလို ေနရပ္မျပန္ႏိုင္တဲ့အတြက္ စားေရးေသာက္ေရးအတြက္လည္း အခက္အခဲေတြ ရွိတဲ့အေၾကာင္း ဒုကၡသည္ ကယ္ဆယ္ေရးအဖြဲ႕ေတြ႕ ေျပာပါတယ္။

“ရိကၡာပို႔ေနတာေပါ့။ ပို႔ေနတဲ့အခါက်ေတာ့ ဒီလမ္းမႀကီးတေလွ်ာက္ဆိုလို႔ရွိရင္ သူတို႔ လုံၿခဳံေရးအျပည့္ယူထားတယ္။ လမ္းမႀကီးေဘးမွာရွိတဲ့႐ြာေတြ အားလုံးေပါ့ေနာ္၊ သူတို႔ အဲ့လိုလုံၿခံဳေရးယူထားတယ္ဆိုေတာ့ ဒီဘက္က ေဒသခံကာကြယ္တပ္ေတြနဲ႔ အၿမဲတမ္း ရက္တိုင္းလိုလို ထိေတြ႕မႈရွိတယ္ေပါ့။ ေနက္တခုက အဲ့လိုထိေတြ႕မႈရွိတဲ့အက်ခါေတာ့ ဒီထဲကေန လက္နက္ႀကီးထုတာေတြလည္း ရွိတယ္။ လက္နက္ႀကီးေတြကလည္း က်ေနာ္တို႔ စစ္ေဘးေရွာင္ေနတဲ့ဘက္ကို လာလာက်တာမ်ိဳးလည္း ရွိတယ္ေပါ့။ ဒီးေမာ့ဆိုအေရွ႕ျခမ္းဘက္မွာက လက္နက္ႀကီးေတြ မၾကာခဏေရာက္လာတာ ရွိတယ္ဆိုေတာ့ ေဒသခံေတာင္သူေတြက ႐ြာထဲမွာ ျပန္လာေနလို႔မရဘူး။ စစ္ေဘးေရွာင္ေတြက စားနပ္ရိကၡာလည္း အမ်ားႀကီးအခက္အခဲျဖစ္ေနတယ္ေပါ့။”

ေသာင္းနဲ႔ ခ်ီ စစ္ေရွာင္ေနတဲ့ လူေတြအတြက္ ရိကၡာအကူအညီလည္း ဆက္လက္ လိုအပ္ေနဆဲျဖစ္ၿပီး ျပည္တြင္းျပည္ပက အလႉရွင္ေတြရဲ႕ အကူအညီလိုအပ္ေနတဲ့အေၾကာင္း စစ္ေဘးဒုကၡသည္ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ဖရႈဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းမွာတင္ ေလာေလာဆယ္ စစ္ေဘး ဒုကၡသည္ ၅ ေထာင္ေလာက္ရွိၿပီး မိုးရာသီ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတာ၊ အလႈရွင္မရွိတာ၊ ဖုံးလိုင္းေတြ ျပတ္ေတာက္တာေတြေၾကာင့္ ကူညီေထာက္ပံ့ေရး အခက္အခဲေတြ ရင္ဆိုင္ေနရတဲ့အေၾကာင္း ဒုကၡသည္ ကယ္ဆယ္ေရးအဖြဲ႕ေတြက VOA ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် စစ်ဘေးရှောင်တွေ မြေမြှုပ်မိုင်းအန္တရာယ်ရှောင်နိုင်ဖို့ KNDF နှိုးဆော်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေက စစ်ဘေးရှောင် ရွာသားတွေ နေရပ်ပြန်ကြမယ်ဆိုရင် စစ်ကောင်စီသွားလာလှုပ်ရှားခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနိုင်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေထုတ်ပြန်ထားတဲ့ သတင်းတွေကို ကြိုတင်နားစွင့်ပြီးမှ သွားလာဖို့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ KNDF က သတိပေးနှိုးဆော်နေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒုက္ခသည်တွေအတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။ ကယားပြည်နယ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ စက်တင်ဘာ ၄ ရက် မနေ့က ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့အကြောင်း KNDF ပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က မနက် ၆ နာရီခွဲလောက်မှာ ကျနော်တို့ ဒီးမော့ဆိုမြို့နယ် ဖရူဆိုမြို့နယ်ကြားမှာရှိတဲ့ အဲ့ဒီငွေတောင်ရွာသစ်ဆိုတဲ့ရွာမှာ တပ်စွဲထားတဲ့ စကစတွေကို ကျနော်တို့ KNDF တပ်ရင်း ၁၀ ရယ်၊ KA ရယ် ဝင်ပြီးတော့မှ တိုက်ခိုက်တိုက်တယ်ပေါ့နော်။ တိုက်ပွဲကတော့ ၄ နာရီ လောက်ကြာတယ်ပေါ့နော်။ နောက် ၁၂ နာရီကျော်ကျော်လောက်မှာ ဖရူဆိုမြို့နယ်ထဲက ကဒါးလားဆိုတဲ့ ရွာမှာလည်း နည်းနည်းလေး တိုက်ပွဲထပ်ဖြစ်တယ်။ အဲ့မှာလည်း စကစဘက်က တယောက်ကျတယ်ပေါ့နော်။ ပြီးတော့ အဲ့တဆက်တည်းပဲ ဒီဖရူဆိုမြို့နယ်မှာပဲ ထီးပေါ့ဆို၊ ပြီးရင် ဒေါညေးခူး အဲ့မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်။”

ဒီနေ့ နေ့ခင်းပိုင်းအထိတော့ တိုက်ပွဲအခြေအနေ တည်ငြိမ်နေပါတယ်။ စစ်ကောင် စီတပ်တွေဘက်က တုံ့ပြန်ထိုးစစ်ဆင်လာနိုင်တာမို့ တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး MA-3 ရိုင်ဖယ် သေနတ်(၁) လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ပြောဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးသလို VOA အနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းထောင်ထားတဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး စစ်ရှောင်ဒေသခံတွေ နေရပ်မပြန်ကြဖို့နဲ့၊ ကာကွယ်ရေးတပ်တွေ ထုတ်ပြန်ထားတဲ့ သတင်းတွေကို နားစွင့်ပြီး မသွားသင့်တဲ့ နေရာမျိုးတွေ မသွားလာဖို့ KNDF က တိုက်တွန်းထားပါတယ်။

တိုက်ပွဲတဲ့အခါမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် စစ်ပြေးရှောင်တွေရှိတဲ့နေရာမှာတွေ မကြာခဏ ပေါက်ကွဲလေ့ရှိပါတယ်။ ဒေသခံ ရွာသားတွေ နေရာထပ်ခါထပ်ခါ ပြောင်းရွှေ့နေထိုင်ရသလို နေရပ်မပြန်နိုင်တဲ့အတွက် စားရေးသောက်ရေးအတွက်လည်း အခက်အခဲတွေ ရှိတဲ့အကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေ့ ပြောပါတယ်။

“ရိက္ခာပို့နေတာပေါ့။ ပို့နေတဲ့အခါကျတော့ ဒီလမ်းမကြီးတလျှောက်ဆိုလို့ရှိရင် သူတို့ လုံခြုံရေးအပြည့်ယူထားတယ်။ လမ်းမကြီးဘေးမှာရှိတဲ့ရွာတွေ အားလုံးပေါ့နော်၊ သူတို့ အဲ့လိုလုံခြုံရေးယူထားတယ်ဆိုတော့ ဒီဘက်က ဒေသခံကာကွယ်တပ်တွေနဲ့ အမြဲတမ်း ရက်တိုင်းလိုလို ထိတွေ့မှုရှိတယ်ပေါ့။ နေက်တခုက အဲ့လိုထိတွေ့မှုရှိတဲ့အကျခါတော့ ဒီထဲကနေ လက်နက်ကြီးထုတာတွေလည်း ရှိတယ်။ လက်နက်ကြီးတွေကလည်း ကျနော်တို့ စစ်ဘေးရှောင်နေတဲ့ဘက်ကို လာလာကျတာမျိုးလည်း ရှိတယ်ပေါ့။ ဒီးမော့ဆိုအရှေ့ခြမ်းဘက်မှာက လက်နက်ကြီးတွေ မကြာခဏရောက်လာတာ ရှိတယ်ဆိုတော့ ဒေသခံတောင်သူတွေက ရွာထဲမှာ ပြန်လာနေလို့မရဘူး။ စစ်ဘေးရှောင်တွေက စားနပ်ရိက္ခာလည်း အများကြီးအခက်အခဲဖြစ်နေတယ်ပေါ့။”

သောင်းနဲ့ ချီ စစ်ရှောင်နေတဲ့ လူတွေအတွက် ရိက္ခာအကူအညီလည်း ဆက်လက် လိုအပ်နေဆဲဖြစ်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖရှုဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတင် လောလောဆယ် စစ်ဘေး ဒုက္ခသည် ၅ ထောင်လောက်ရှိပြီး မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အလှုရှင်မရှိတာ၊ ဖုံးလိုင်းတွေ ပြတ်တောက်တာတွေကြောင့် ကူညီထောက်ပံ့ရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက VOA ကို ပြောပါတယ်။

XS
SM
MD
LG