သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာ္လၿမိဳင္ အဝင္အထြက္ လံုျခံဳေရးတင္းက်ပ္


မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕/ Mawlamyine (Crd: Google Map)

[[Zawgyi/Unicode]]

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕စြန္မွာ မေန႔ ႏိုဝင္ဘာလ ၁၄ ရက္ညေနပိုင္းေလာက္က စစ္တပ္နဲ႔ PDF လက္နက္ကိုင္အဖြဲ႔ေတြအၾကား အျပန္အလွန္ပစ္ခတ္ခဲ့ၿပီးတဲ့ေနာက္ ၿမိဳ႕အဝင္အထြက္ဂိတ္ေတြမွာ တပ္ဘက္က ပိုၿပီး တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနသလို ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ေနရာအနီးရပ္ကြက္ေတြမွာ ဧည့္စာရင္း ဝင္စစ္ေဆးတာေတြ၊ ဖမ္းဆီးတာေတြရွိတဲ့အေၾကာင္း ၿမိဳ႕ခံတခ်ိဳ႕က VOA ကို ေျပာပါတယ္။ ေမာ္လၿမိဳင္ၿမိဳ႕အေျခအေန သတင္းေပးပို႔ခ်က္ကို မဆုမြန္ က တင္ျပေပးထားပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕အစြန္ဘက္ ေဇယ်ာသီရိရပ္ကြက္မွာ ျမန္မာစစ္တပ္က ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႔ PDF တပ္ဖြဲ႔ဝင္ေတြရွိတယ္လို႔ သံသယရွိတဲ့ အိမ္တအိမ္ကို ဝင္ေရာက္ စီးနင္းရွာေဖြခ်ိန္မွာ မေန႔က အျပန္အလွန္ ပစ္ခတ္ခဲ့တာလို႔ ၿမိဳ႕ခံတဦးက VOA ကို ေျပာပါတယ္။ ျမန္မာစစ္တပ္ဘက္က အင္အားအလုံးရင္းနဲ႔ ပိတ္ဆို႔ ဖမ္းဆီးခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္ၿပီးတဲ့ေနာက္ ေမာ္လၿမိဳင္ၿမိဳ႕အဝင္အထြက္ ဂိတ္ကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနတာလို႔ ၿမိဳ႕ခံတဦးက ခုလို ေျပာပါတယ္။

“ၿမိဳ႕ထဲမွာ ပုံမွန္သြားလာမႈေတာ့ သိပ္မျပတ္ေသးဘူးေပါ့။ ညကလည္း မီးေတြလည္း ဖ်က္ထားတယ္ေလ။ ပစ္တဲ့အခ်ိန္မွာ အင္အား အေယာက္ ၃၀၀ ေလာက္ရွိမွာေပါ့။ ကားအစီး ၅၀ ေလာက္ရွိတယ္၊ ဝိုင္းပိတ္ၿပီးေတာ့ ေရေၾကာင္းေရာ ကုန္းေၾကာင္းေပါ့။ အကုန္လုံးပိတ္ဆို႔ၿပီးေတာ့ ဖမ္းတဲ့ဆီးတဲ့ပုံစံမ်ိဳး အေနအထားေတာ့ ေတြ႕ရတယ္ခင္ဗ် ဟုတ္။ အျပန္အလွန္ပစ္ခတ္တယ္။ အခ်ိန္ ၂ နာရီေလာက္ၾကာတယ္။”

အျပန္အလွန္ပစ္ခတ္မႈမွာ ရဲတပ္ဖြဲ႔ဝင္တဦးနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးရဲ႕သားျဖစ္သူတဦး ေသဆုံးၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဘက္က တဦးေသ၊ အနည္းဆုံး ၄ ဦးအဖမ္းခံရတဲ့အေၾကာင္း ေဒသခံ PDF အဖြဲ႕ဝင္တခ်ိဳ႕က ေျပာပါတယ္။ ထိခိုက္ ဒဏ္ရာရာတာေတြနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳခ်က္မရသလို စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာလည္း မရွိေသးပါဘူး။

ပစ္ခတ္မႈျဖစ္ၿပီး ၿမိဳ႕ေပၚက ဌာနဆိုင္ရာ လမ္းေရွ႕ ျဖတ္သန္းသြားလာခြင့္ကို ပိတ္လိုက္ၿပီး ေဇယ်ာသီရိရပ္ကြက္ အနီးတဝိုက္မွာ လုံၿခဳံေရးတင္းက်ပ္ ထားတယ္တဲ့အေၾကာင္းလည္း ေနာက္ထပ္ၿမိဳ႕ခံ တဦးက ဆိုပါတယ္။

“ေမာ္လၿမိဳင္ၿမိဳ႕မွာရွိတဲ့ စခန္းေပါ့။ ရဲစခန္းေတြ အေရွ႕လမ္းဆို အကုန္ပိတ္ထားတယ္။ ျဖတ္ခြင့္ မေပးေတာ့ဘူး။ မေန႔က ျဖစ္စဥ္နဲ႔၊ မေန႔က ျဖစ္တာေတာ့ ေဇယ်ာ ၃ ကေတာ့ ၿမိဳ႕စြန႔္ဘက္ျခမ္းေတြ၊ ညက အိမ္ေတြဝင္တယ္ စစ္တယ္။ လက္နက္ႀကီးနဲ႔ပစ္တယ္။ ညေတာ့ ျဖစ္တာေပ့ါ။ အဲ့နားမွာ ညဆိုရင္ အျပင္ထြက္တဲ့လူပါပစ္သတ္မယ္။ အဲ့လိုေတာင္- အဲ့ဘက္ျခမ္းမွာ ညကအဲ့လိုေတာင္ ေျပာတယ္ေပါ့ေနာ္။ ထြက္လာတာနဲ႔ ပစ္မယ္။ ဒီလုံၿခဳံေရးတပ္ဖြဲ႕ေတြက အဲ့လိုေအာ္ၿပီး ေျပာေနတာ။”

မေန႔က အျပန္အလွန္ပစ္ခတ္မႈဟာ ည ၉ နာရီ ဝန္းက်င္ေလာက္မွာ ၿပီးဆုံးသြားတယ္လို႔ ေဇယ်ာသီရိရပ္ကြက္ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီကို ေထာက္ခံသူေတြလို႔ ယူဆရသူေတြရဲ႕ တယ္လီဂရမ္ လႈမႈကြန္ယက္မွာေတာ့ မေန႔က ေမာ္လၿမိဳင္ၿမိဳ႕အနီး ပစ္ခတ္မႈ ျဖစ္ပြားၿပီးတဲ့ေနာက္ PDF အဖြဲ႕ဝင္ ၆ ဦး လက္နက္ခဲယမ္းတခ်ိဳ႕နဲ႔အတူ အဖမ္းခံခဲ့ရတဲ့အေၾကာင္း ေရးသားေနၾကပါတယ္။

ေမာ္လၿမိဳင္ အဝင္အထြက္ လုံၿခဳံေရးတင္းက်ပ္.mp3
please wait

No media source currently available

0:00 0:02:55 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မော်လမြိုင် အဝင်အထွက် လုံခြုံရေးတင်းကျပ်

မွန်ပြည်နယ် မော်လမြိုင်မြို့စွန်မှာ မနေ့ နိုဝင်ဘာလ ၁၄ ရက်ညနေပိုင်းလောက်က စစ်တပ်နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတဲ့နောက် မြို့အဝင်အထွက်ဂိတ်တွေမှာ တပ်ဘက်က ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးရပ်ကွက်တွေမှာ ဧည့်စာရင်း ဝင်စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေရှိတဲ့အကြောင်း မြို့ခံတချို့က VOA ကို ပြောပါတယ်။ မော်လမြိုင်မြို့အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပေးထားပါတယ်။

မော်လမြိုင်မြို့အစွန်ဘက် ဇေယျာသီရိရပ်ကွက်မှာ မြန်မာစစ်တပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေရှိတယ်လို့ သံသယရှိတဲ့ အိမ်တအိမ်ကို ဝင်ရောက် စီးနင်းရှာဖွေချိန်မှာ မနေ့က အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ မြို့ခံတဦးက VOA ကို ပြောပါတယ်။ မြန်မာစစ်တပ်ဘက်က အင်အားအလုံးရင်းနဲ့ ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး အပြန်အလှန် ပစ်ခတ်ပြီးတဲ့နောက် မော်လမြိုင်မြို့အဝင်အထွက် ဂိတ်ကို ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ မြို့ခံတဦးက ခုလို ပြောပါတယ်။

“မြို့ထဲမှာ ပုံမှန်သွားလာမှုတော့ သိပ်မပြတ်သေးဘူးပေါ့။ ညကလည်း မီးတွေလည်း ဖျက်ထားတယ်လေ။ ပစ်တဲ့အချိန်မှာ အင်အား အယောက် ၃၀၀ လောက်ရှိမှာပေါ့။ ကားအစီး ၅၀ လောက်ရှိတယ်၊ ဝိုင်းပိတ်ပြီးတော့ ရေကြောင်းရော ကုန်းကြောင်းပေါ့။ အကုန်လုံးပိတ်ဆို့ပြီးတော့ ဖမ်းတဲ့ဆီးတဲ့ပုံစံမျိုး အနေအထားတော့ တွေ့ရတယ်ခင်ဗျ ဟုတ်။ အပြန်အလှန်ပစ်ခတ်တယ်။ အချိန် ၂ နာရီလောက်ကြာတယ်။”

အပြန်အလှန်ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူတဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တဦးသေ၊ အနည်းဆုံး ၄ ဦးအဖမ်းခံရတဲ့အကြောင်း ဒေသခံ PDF အဖွဲ့ဝင်တချို့က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရာတာတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်မရသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး မြို့ပေါ်က ဌာနဆိုင်ရာ လမ်းရှေ့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ပြီး ဇေယျာသီရိရပ်ကွက် အနီးတဝိုက်မှာ လုံခြုံရေးတင်းကျပ် ထားတယ်တဲ့အကြောင်းလည်း နောက်ထပ်မြို့ခံ တဦးက ဆိုပါတယ်။

“မော်လမြိုင်မြို့မှာရှိတဲ့ စခန်းပေါ့။ ရဲစခန်းတွေ အရှေ့လမ်းဆို အကုန်ပိတ်ထားတယ်။ ဖြတ်ခွင့် မပေးတော့ဘူး။ မနေ့က ဖြစ်စဉ်နဲ့၊ မနေ့က ဖြစ်တာတော့ ဇေယျာ ၃ ကတော့ မြို့စွန့်ဘက်ခြမ်းတွေ၊ ညက အိမ်တွေဝင်တယ် စစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ ညတော့ ဖြစ်တာပေ့ါ။ အဲ့နားမှာ ညဆိုရင် အပြင်ထွက်တဲ့လူပါပစ်သတ်မယ်။ အဲ့လိုတောင်- အဲ့ဘက်ခြမ်းမှာ ညကအဲ့လိုတောင် ပြောတယ်ပေါ့နော်။ ထွက်လာတာနဲ့ ပစ်မယ်။ ဒီလုံခြုံရေးတပ်ဖွဲ့တွေက အဲ့လိုအော်ပြီး ပြောနေတာ။”

မနေ့က အပြန်အလှန်ပစ်ခတ်မှုဟာ ည ၉ နာရီ ဝန်းကျင်လောက်မှာ ပြီးဆုံးသွားတယ်လို့ ဇေယျာသီရိရပ်ကွက် ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကို ထောက်ခံသူတွေလို့ ယူဆရသူတွေရဲ့ တယ်လီဂရမ် လှုမှုကွန်ယက်မှာတော့ မနေ့က မော်လမြိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် PDF အဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းတချို့နဲ့အတူ အဖမ်းခံခဲ့ရတဲ့အကြောင်း ရေးသားနေကြပါတယ်။

XS
SM
MD
LG