သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြြန္ျပည္နယ္မွာ ကိုဗစ္ကူးစက္သူတိုး 


ကိုဗစ္ကပ္ေရာဂါၾကား ကိုရင္မ်ားဆြမ္းခံၾကြေနပုံ။ ဂ်ူလုိင္ ၁၅၊ ၂၀၂၁။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ကပ္အတည္ျပဳလူနာေတြတိုးလာေနၿပီး ရန္ကုန္တိုင္းေဒသႀကီးအျပင္ တျခားျပည္နယ္ေတြမွာလည္း ကူးစက္သူေတြ မ်ားလာေနပါတယ္။ မြန္ျပည္နယ္ထဲမွာဆိုရင္ တရက္တည္း ေရာဂါကူးစက္တဲ့ အတည္ျပဳလူနာ ၁၀၀ ေက်ာ္အထိ တိုးလာပါတယ္။ ႏွာေစးေခ်ာင္းဆိုးလို ေရာဂါလကၡဏာမ်ဳိးေတြကေန ကိုဗစ္ေရာဂါျဖစ္ေနတာ အတည္ျပဳ ေတြ႕ရွိတာလို႔ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ကူညီေစာင့္ေရွာက္ေနတဲ့ ပရဟိတၱအသင္းေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ေရာဂါ ကူးစက္မႈအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၆ ရက္ ထုတ္ျပန္ခ်က္ထဲမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၄၆၅ ဦး ေတြ႔ရွိၿပီး မြန္ျပည္နယ္တခုတည္းမွာတင္ ကူးစက္သူ ၁၃၆ ဦးရွိခဲ့ပါတယ္။ ေမာ္လၿမိဳင္ လူမႈဆယ္ကယ္ေရးအသင္း ဥကၠ႒ကိုဘိုဘိုဝင္းကေတာ့ မြန္ျပည္နယ္မွာ ဒီ ၂ ရက္အတြင္း ကူးစက္ႏႈန္းေတြ သိသိသာသာ ျပန္မ်ားလာတယ္လို႔ ေျပာပါတယ္။ ႏွာေစး ေခ်ာင္းဆိုးတဲ့ လကၡဏာျပေနသူေတြကို စစ္ေဆးၾကည့္ရင္း ကိုဗစ္ေရာဂါ ကူးစက္ေနတာလို႔ ခုလို ေျပာပါတယ္။

“ႏွာေစး ေခ်ာင္းဆိုးျဖဖစ္ရင္ ေပၚတာပဲ။ ဒါရွင္းရွင္းေျပာရင္ အခုေတာ္ေတာ္မ်ားမ်ားက ဖ်ားနာၿပီဆိုရင္ အသက္၊ ေရာဂါအခံရွိတဲ့လူေလာက္ပဲ စစ္တာေပါ့။ အဲ့စစ္တာေတာင္ တေန႔ေန႔ ဒီအထူးကုေဆးခန္းေတြမွာ ေတြ႕တယ္။ က်ေနာ္တို႔ ဒီေဆး႐ုံနဲ႔ ပတ္သက္တဲ့ ဟိုေနာက္လိုက္တဲ့လူေတြက ေတြ႕တာ။ တေန႔ေန႔ကို က်ေနာ္တို႔ ဒီ ၂ ရက္အတြင္းမွာကို ရာေက်ာ္ေနၿပီဗ်။ တစ္ရက္ ၁၀၀၊ ၁၀၀ ေလာက္ေတြ႕ေနၿပီးဗ်။ မြန္ျပည္နယ္အေနနဲ႔ မဟုတ္ဘူး။ ေမာ္လၿမိဳင္အေနနဲ႔ တရက္ ၁၀၀ ေက်ာ္ေလာက္ တက္ေနၿပီ။ ဒီရက္ပိုင္း ဒီ ၂ ရက္အတြင္းမွာ တက္လာတာ အဓိကေတာ့ အကုန္ လုံးမျဖစ္လို႔ သူက စစ္တာနဲ႔ ေပၚမွာပဲ။ ႏွာေစးတဲ့လူတေယာက္ကို သြားစစ္တာနဲ႔ ေပၚတာပဲ အခုက။ ေရာဂါအခံရွိသူအေနနဲ႔ ေသဆုံးတာေတာ့ မေန႔က တေယာက္ ဆုံးတယ္ေလဟုတ္။”

အတည္ျပဳလူနာနဲ႔ ဆက္စပ္သူေတြ၊ ႏွာေစး ေခ်ာင္းဆိုးလို႔ စစ္ေဆးၾကည့္သူေတြ ကိုဗစ္ပိုးကူးေနတာေတြ႕ရွိတာျဖစ္ပါတယ္။ အတည္ျပဳလူနာေတြကို ကိုဗစ္ကုသစင္တာမွာ ၅ ရက္ ကုသမႈေပးၿပီးရင္ ေဆးရံုကဆင္းခြင့္ ျပဳတယ္လို႔ေျပာပါတယ္။ လက္ရွိ ကိုဗစ္ေရာဂါဟာ ေနရာတိုင္းမွာ ပ်ံ႕ႏွံ႔ေနႏိုင္တာမို႔ လူထုအတြက္ ကာကြယ္ေရး နည္းလမ္းေတြအတိုင္း ပုံမွန္အေလ့အထ ျပန္လုပ္ဖို႔ ပရဟိသအသင္း ဥကၠ႒ ကိုဘိုဘိုဝင္းက တိုက္တြန္းထားပါတယ္။

“အခုကေတာ့ open time အားလုံးလႊတ္ထားတဲ့အတြက္ လူစုလူေဝးသြားတဲ့ေနရာေတြမွာေတာ့ အတတ္ႏိုင္ဆုံး Mask တပ္ဆင္ေပးဖို႔ ေပါ့ေနာ္။ Mask တပ္ၿပီး လက္ေဆးတာေတြေတာ့ မိမိ ပုံမွန္အတိုင္း ေဆာင္႐ြက္ၾကဖို႔ေပါ့။ အဓိကေတာ့ က်န္းမာေရး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ ညေနပိုင္းအိပ္တဲ့လူေတာ္ေတာ္မ်ားမ်ား၊ ညေနပိုင္းေရခ်ိဳးတာ-အဲ့လူေတြ ေတာ္ေတာ္မ်ားမ်ားက ႏွာေစး ေခ်ာင္းဆိုးျဖစ္တာေတြ၊ ကိုဗစ္လကၡာဏာေတြ၊ ရာသီတုပ္ေကြးပုံစံေတြျဖစ္သြားတာ ေတြ႔ရတယ္ေပါ့။ အဲ့ဒါေတြေတာ့ သတိထားၿပီး ေဆာင္႐ြက္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္ဗ်ဟုတ္။”

ရန္ကုန္ ေလဝတီကုလရကၡိတ ပရဟိတအသင္း ဥကၠ႒ ကိုတင္ေအာင္လွကလည္း တျခားပရဟိအသင္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ေျပာျပပါတယ္။ အရင္ကိုဗစ္လႈိင္းတုန္းကလို အေသအေပ်ာက္မမ်ားေအာင္ လူၾကားထဲသြားရင္ Mask တပ္တာ လူစုလူေဝေးရွာင္တာမ်ဳိး သတိရွိၾကဖို႔လိုတယ္လို႔ ေျပာပါတယ္။

“အစာအစားေရာင္းလူေတြ၊ ေနာက္ ခရီးသြားရင္ လူေတြက အမွတ္တမဲ့ျဖစ္ေနၾကတာေပ့ါေနာ္၊ Mask ေတြ မတပ္တဲ့လူ မတပ္ဘူး။ အမွန္ေတာ့ အခုခ်ိန္မွာ ဝိုင္းဝန္းၿပီးေတာ့ေပါ့ေနာ္- ကိုဗစ္စည္းကမ္းနဲ႔ အညီေနထိုင္ၾကမယ္ဆိုရင္ေတာ့ ဒီျပႆနာလည္း တေျဖးေျဖးေလ်ာ့ေတာ့မယ္လို႔ ထင္တယ္။ နည္းနည္းစည္းကမ္းရွိဖို႔ေတာ့ လိုတယ္ေပါ့ေနာ္။ က်ေနာ္တို႔အေနက်ေတာ့လည္း ဒီအခု ပံ့ပိုးမႈေတြ က်ေနာ္တို႔မွာ သိပ္မရွိဘူးေလ။ အဲ့ေတာ့ ကိုယ္တတ္ႏိုင္ပုံစံမ်ိဳးလုပ္ေနရေပါ့ေနာ္၊ တကယ့္ တကယ္ျဖစ္လာရင္ ဒီ PPE ဝတ္စုံဖိုးေတြ၊ Mask ဖိုးေတြ က်ေနာ္တို႔က ႀကံဖန္ၿပီးေတာ့ လုပ္ရအုံးမွာေပါ့။ ျပည္သူေတြက အဲ့လို စည္းကမ္းတက်နဲ႔ေနမယ္ဆိုရင္ေတာ့ အေသအေပ်ာက္လည္း နည္းမယ္။ အကုန္လုံးလည္း ျဖစ္သင့္သေလာက္ မျဖစ္ ဘူးေပါ့။”

က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ စက္တင္ဘာ စက္တင္ဘာတလတြင္း ႏိုင္ငံတဝန္း ကိုဗစ္ေရာဂါ အတည္ျပဳလူနာ ၇,၉၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၃ ဦးအထိရွိခဲ့ပါတယ္။ အခု ေအာက္တိုဘာလ တပတ္အတြင္းမွာ ကူးစက္ခံရသူ ၂,၆၀၀ ဦးရွိၿပီး ေသဆုံးက ၆ ဦး ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြထဲက ေရာဂါအခံရွိသူေတြမွာ ၁၇ ရာခိုင္းႏႈန္းေလာက္က ကာကြယ္ေဆး အႀကိမ္ျပည့္ ထိုးထားသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

မြန္ျပည္နယ္မွာ ကိုဗစ္ကူးစက္သူတိုး.mp3
please wait

No media source currently available

0:00 0:02:47 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မွန်ပြည်နယ်မှာ ကိုဗစ်ကူးစက်သူတိုး

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်အတည်ပြုလူနာတွေတိုးလာနေပြီး ရန်ကုန်တိုင်းဒေသကြီးအပြင် တခြားပြည်နယ်တွေမှာလည်း ကူးစက်သူတွေ များလာနေပါတယ်။ မွန်ပြည်နယ်ထဲမှာဆိုရင် တရက်တည်း ရောဂါကူးစက်တဲ့ အတည်ပြုလူနာ ၁၀၀ ကျော်အထိ တိုးလာပါတယ်။ နှာစေးချောင်းဆိုးလို ရောဂါလက္ခဏာမျိုးတွေကနေ ကိုဗစ်ရောဂါဖြစ်နေတာ အတည်ပြု တွေ့ရှိတာလို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကူညီစောင့်ရှောက်နေတဲ့ ပရဟိတ္တအသင်းတွေက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၆ ရက် ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၄၆၅ ဦး တွေ့ရှိပြီး မွန်ပြည်နယ်တခုတည်းမှာတင် ကူးစက်သူ ၁၃၆ ဦးရှိခဲ့ပါတယ်။ မော်လမြိုင် လူမှုဆယ်ကယ်ရေးအသင်း ဥက္ကဋ္ဌကိုဘိုဘိုဝင်းကတော့ မွန်ပြည်နယ်မှာ ဒီ ၂ ရက်အတွင်း ကူးစက်နှုန်းတွေ သိသိသာသာ ပြန်များလာတယ်လို့ ပြောပါတယ်။ နှာစေး ချောင်းဆိုးတဲ့ လက္ခဏာပြနေသူတွေကို စစ်ဆေးကြည့်ရင်း ကိုဗစ်ရောဂါ ကူးစက်နေတာလို့ ခုလို ပြောပါတယ်။

“နှာစေး ချောင်းဆိုးဖြဖစ်ရင် ပေါ်တာပဲ။ ဒါရှင်းရှင်းပြောရင် အခုတော်တော်များများက ဖျားနာပြီဆိုရင် အသက်၊ ရောဂါအခံရှိတဲ့လူလောက်ပဲ စစ်တာပေါ့။ အဲ့စစ်တာတောင် တနေ့နေ့ ဒီအထူးကုဆေးခန်းတွေမှာ တွေ့တယ်။ ကျနော်တို့ ဒီဆေးရုံနဲ့ ပတ်သက်တဲ့ ဟိုနောက်လိုက်တဲ့လူတွေက တွေ့တာ။ တနေ့နေ့ကို ကျနော်တို့ ဒီ ၂ ရက်အတွင်းမှာကို ရာကျော်နေပြီဗျ။ တစ်ရက် ၁၀၀၊ ၁၀၀ လောက်တွေ့နေပြီးဗျ။ မွန်ပြည်နယ်အနေနဲ့ မဟုတ်ဘူး။ မော်လမြိုင်အနေနဲ့ တရက် ၁၀၀ ကျော်လောက် တက်နေပြီ။ ဒီရက်ပိုင်း ဒီ ၂ ရက်အတွင်းမှာ တက်လာတာ အဓိကတော့ အကုန် လုံးမဖြစ်လို့ သူက စစ်တာနဲ့ ပေါ်မှာပဲ။ နှာစေးတဲ့လူတယောက်ကို သွားစစ်တာနဲ့ ပေါ်တာပဲ အခုက။ ရောဂါအခံရှိသူအနေနဲ့ သေဆုံးတာတော့ မနေ့က တယောက် ဆုံးတယ်လေဟုတ်။”

အတည်ပြုလူနာနဲ့ ဆက်စပ်သူတွေ၊ နှာစေး ချောင်းဆိုးလို့ စစ်ဆေးကြည့်သူတွေ ကိုဗစ်ပိုးကူးနေတာတွေ့ရှိတာဖြစ်ပါတယ်။ အတည်ပြုလူနာတွေကို ကိုဗစ်ကုသစင်တာမှာ ၅ ရက် ကုသမှုပေးပြီးရင် ဆေးရုံကဆင်းခွင့် ပြုတယ်လို့ပြောပါတယ်။ လက်ရှိ ကိုဗစ်ရောဂါဟာ နေရာတိုင်းမှာ ပျံ့နှံ့နေနိုင်တာမို့ လူထုအတွက် ကာကွယ်ရေး နည်းလမ်းတွေအတိုင်း ပုံမှန်အလေ့အထ ပြန်လုပ်ဖို့ ပရဟိသအသင်း ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက တိုက်တွန်းထားပါတယ်။

“အခုကတော့ open time အားလုံးလွှတ်ထားတဲ့အတွက် လူစုလူဝေးသွားတဲ့နေရာတွေမှာတော့ အတတ်နိုင်ဆုံး Mask တပ်ဆင်ပေးဖို့ ပေါ့နော်။ Mask တပ်ပြီး လက်ဆေးတာတွေတော့ မိမိ ပုံမှန်အတိုင်း ဆောင်ရွက်ကြဖို့ပေါ့။ အဓိကတော့ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ညနေပိုင်းအိပ်တဲ့လူတော်တော်များများ၊ ညနေပိုင်းရေချိုးတာ-အဲ့လူတွေ တော်တော်များများက နှာစေး ချောင်းဆိုးဖြစ်တာတွေ၊ ကိုဗစ်လက္ခာဏာတွေ၊ ရာသီတုပ်ကွေးပုံစံတွေဖြစ်သွားတာ တွေ့ရတယ်ပေါ့။ အဲ့ဒါတွေတော့ သတိထားပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျဟုတ်။”

ရန်ကုန် လေဝတီကုလရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုတင်အောင်လှကလည်း တခြားပရဟိအသင်းတွေနဲ့ ချိတ်ဆက်ပြီး ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပြပါတယ်။ အရင်ကိုဗစ်လှိုင်းတုန်းကလို အသေအပျောက်မများအောင် လူကြားထဲသွားရင် Mask တပ်တာ လူစုလူဝေေးရှာင်တာမျိုး သတိရှိကြဖို့လိုတယ်လို့ ပြောပါတယ်။

“အစာအစားရောင်းလူတွေ၊ နောက် ခရီးသွားရင် လူတွေက အမှတ်တမဲ့ဖြစ်နေကြတာပေ့ါနော်၊ Mask တွေ မတပ်တဲ့လူ မတပ်ဘူး။ အမှန်တော့ အခုချိန်မှာ ဝိုင်းဝန်းပြီးတော့ပေါ့နော်- ကိုဗစ်စည်းကမ်းနဲ့ အညီနေထိုင်ကြမယ်ဆိုရင်တော့ ဒီပြဿနာလည်း တဖြေးဖြေးလျော့တော့မယ်လို့ ထင်တယ်။ နည်းနည်းစည်းကမ်းရှိဖို့တော့ လိုတယ်ပေါ့နော်။ ကျနော်တို့အနေကျတော့လည်း ဒီအခု ပံ့ပိုးမှုတွေ ကျနော်တို့မှာ သိပ်မရှိဘူးလေ။ အဲ့တော့ ကိုယ်တတ်နိုင်ပုံစံမျိုးလုပ်နေရပေါ့နော်၊ တကယ့် တကယ်ဖြစ်လာရင် ဒီ PPE ဝတ်စုံဖိုးတွေ၊ Mask ဖိုးတွေ ကျနော်တို့က ကြံဖန်ပြီးတော့ လုပ်ရအုံးမှာပေါ့။ ပြည်သူတွေက အဲ့လို စည်းကမ်းတကျနဲ့နေမယ်ဆိုရင်တော့ အသေအပျောက်လည်း နည်းမယ်။ အကုန်လုံးလည်း ဖြစ်သင့်သလောက် မဖြစ် ဘူးပေါ့။”

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စက်တင်ဘာ စက်တင်ဘာတလတွင်း နိုင်ငံတဝန်း ကိုဗစ်ရောဂါ အတည်ပြုလူနာ ၇,၉၀၀ ကျော်နဲ့ သေဆုံးသူ ၂၃ ဦးအထိရှိခဲ့ပါတယ်။ အခု အောက်တိုဘာလ တပတ်အတွင်းမှာ ကူးစက်ခံရသူ ၂,၆၀၀ ဦးရှိပြီး သေဆုံးက ၆ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ ကပ်ရောဂါကြောင့် သေဆုံးသူတွေထဲက ရောဂါအခံရှိသူတွေမှာ ၁၇ ရာခိုင်းနှုန်းလောက်က ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG