[[Zawgyi/Unicode]]
မႏၲေလးၿမိဳ႕မွာ က်ဴးေက်ာ္ရပ္ကြက္တခ်ဳိ႕နဲ႔ မီးရထားသံလမ္းနဲ႔မလြတ္တဲ့ ေနအိမ္ေတြကို ရွင္းလင္းၿဖိဳဖ်က္မႈကို စစ္ေကာင္စီက အခုရက္ပိုင္းမွာ ခပ္စိပ္စိပ္လုပ္ေနပါတယ္။ ႀကိဳတင္အသိေပးၿပီးဖ်က္တာျဖစ္ေပမဲ့ ေနရာအစားထိုးခ်ေပးထာမ်ဳိးမရွိတာေၾကာင့္ ေနအိမ္ဖ်က္ခံရသူေတြအေတာ္ေလး ဒုကၡေရာက္ေစတယ္လို႔ ကာယကံရွင္ေတြက ေျပာပါတယ္။ လက္ရွိမႏၲေလးဘက္က ေနအိမ္ဖ်က္ခံရသူေတြရဲ႕ အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။
မႏၲေလးၿမိဳ႕ထဲက ခ်မ္းေအးသာဇံ၊ ျပည္ႀကီးတံခြန္၊ ခ်မ္းျမသာစည္၊ ေအာင္ေျမသာဇံ၊ မဟာေအာင္ေျမ၊ အမရပူရ စတဲ့ ၿမိဳ႕နယ္ေတြထဲက က်ဳးေက်ာ္ေနအိမ္ေတြ၊ ေစ်းေတြကို စစ္ေကာင္စီက အခုရက္ပိုင္း ပိုၿပီး လုပ္လာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မႏၲေလး-လား႐ႈိး မီးရထားလမ္းတေလွ်ာက္မွာ ရွိေနတဲ့ ေနအိမ္ေတြထဲက ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းမျပႏိုင္တဲ့ ေနအိမ္ေတြ၊ က်ဴးေက်ာ္တဲေတြကို ၿမိဳ႕နယ္အလိုက္ ရွင္းလင္းေနတယ္လို႔ ေျပာျပၾကပါတယ္။ ဒီလို ဖ်က္သိမ္းရွင္းလင္းခံရတာက တခ်ိဳ႕ေနရာေတြမွာဆို အႀကိမ္ႀကိမ္ႀကဳံရတယ္လို႔ မႏၲေလးေဒသခံတဦးက ေျပာပါတယ္။ တျခားေျပာင္းေနစရာ လုံးဝမရွိတဲ့သူအမ်ားစုက ၿဖိဳဖ်က္ရွင္းလင္းလိုက္တဲ့ ေနရာမွာပဲ ျဖစ္သလိုေန ေနရတဲ့ အေျခအေနကို အခုလိုေျပာပါတယ္။
"တခ်ိဳ႕ကက်ေတာ့လည္း ဖ်က္ၿပီးေတာ့ ေ႐ႊ႕ေျပာင္းသြားတာလည္း ရွိတယ္။ ဒါကေတာ့ ပုံစံအမ်ိဳးစုံေတြ႕ရတယ္။ ဒါေပမဲ့ အမ်ားစု လုံးဝ လက္လုပ္လက္စား အေနအထားေတြကေတာ့ အဲဒီေနရာနားမွာပဲ ပုံစံမ်ိဳးစုံနဲ႔ ျပန္လည္ၿပီးေတာ့ ဖက္တြယ္ေနရတဲ့ အေနအထားမ်ိဳးေတာ့ ေတြ႕ေသးတယ္ခင္ဗ်။ ညပိုင္း ဘယ္လိုအိပ္ၾကသလဲေတာ့ က်ေနာ္မေျပာတတ္ဘူး။ က်ေနာ္တို႔လည္းညမထြက္ရေတာ့။ ဒါေပမဲ့ ကြပ္ပ်စ္ေလးထိုးၿပီး ေနစားၾကတဲ့အေနအထိုင္ပုံစံမ်ိဳးလည္း ေတြ႔ရတယ္။ အမ်ားစုကေတာ့ ေ႐ႊ႕ေျပာင္းသြားတာ ေတြ႕ရတယ္။ ဒါေပမဲ့ သူတို႔ဘယ္ကို ေ႐ႊ႕ေျပာင္းသြားလဲေတာ့ က်ေနာ္တို႔ မသိႏိုင္ဘူး။ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းလား၊ တျခားလြတ္လပ္တဲ့ ေနရာလား။ ေနာက္ တတ္ႏိုင္တဲ့လူ အနည္းစုေပါ့၊ သူတို႔ကလည္း ေ႐ႊ႕သြားၾကတာ ရွိတယ္ေပါ့"
ခုလိုဖ်က္မယ္ဆိုတာကို သက္ဆိုင္ရာက ႀကိဳတင္အသိေပးခဲ့တာမွန္ေပမယ့္ တျခားေနရာထိုင္ခင္းအစားထိုး စီစဥ္ေပးတာမ်ဳိးမရွိၾကတဲ့ အတြက္ ဒုကၡေရာက္ေနၾကရတာပါ။ တခ်ဳိ႕က တျခားမွာ ငွားရမ္းေျပာင္းေရႊ႕ေနၾကသလို တခ်ိဳ႕ကလည္း အမ်ိဳးအိမ္ေတြမွာ ယာယီေနထိုင္ေနၾကတယ္လို႔ ပစၥည္းေတြကို ကူညီသယ္ေဆာင္ေပးသူ တဦးကေျပာပါတယ္။
"ပထမေတာ့ ၂ ပတ္ေလာက္ႀကိဳၿပီး စာပို႔တယ္။ တခ်ိဳ႕က်ေတာ့လည္း ေပကအရမ္းမ်ားေတာ့ ညႇိၾကတာေပါ့။ သူတို႔ကေတာ့ ညႇိလို႔ရမယ္ထင္တာေပါ့။ ညႇိရင္းနဲ႔ အဆင္မေျပတဲ့အခါက်ေတာ့ ဖ်က္တာမ်ိဳးေတြ ရွိတာေပါ့။ ဦးတို႔ ဘက္မွာက်ေတာ့ ရထားသံလမ္းနဲ႔ ေပ ၅၀ မလြတ္တာေတြ၊ လမ္းနဲ႔ ၃၅ ေပ၊ ေပ ၃၀ လမ္းေဘးဝဲယာေပါ့။ အဲဒါမ်ိဳးေတြ သူတို႔အဓိထားၿပီး ဖ်က္တာမ်ိဳးရွိတာေပါ့။"
ရွင္းလင္းခံရတဲ့အထဲမွာ ခိုင္ခိုင္မာမာ တည္ေဆာက္ထားတဲ့ အေဆာက္အအုံေတြလည္း ပါဝင္ပါတယ္။ ဒီလို ခက္ခဲေနခ်ိန္မွာ ေနစရာေနရာ ဖယ္ရွားခံရတာက အေတာ္ေလးဒုကၡေရာက္ေစတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စားဝတ္ေနေရးၾကပ္တည္းေနခ်ိန္ ခုလို ေနအိမ္ေတြ ဖ်က္စီးခံရတဲ့အတြက္ ေနေရး ထိုင္ေရးျပႆနာပါ ထပ္ရွိလာတယ္လု႔ိ ၿမိဳ႕ခံတဦးက ေျပာပါတယ္။
"ဒါေတြက မ်က္ျမင္ကေတာ့ က်ဴးေတြကိုရွင္းတယ္ေပါ့။ က်ဴးေတြကိုရွင္းတယ္ ထားလိုက္ဦးေတာ့ ဒီလူမႈအသိုက္အဝန္းေတြက ဘူဒိုဇာနဲ႔ ေကာ္ထုတ္ပစ္လို႔ မရဘူးေလ။ စိုက္ထားတဲ့တဲအိမ္ေတြကိုသာ ဘူဒိုဇာနဲ႔ ေကာ္ထုတ္လို႔ရမယ္။ ဒီလူမႈအသိုက္အဝန္းေတြက ဘယ္ကိုေရႊ႕မွာလဲ။ က်ဴးတယ္ဆိုတာ အိမ္တင္မဟုတ္ဘူး၊ လူမႈဘဝေတြပါ တြယ္ၿငိေနတာေလ။ ၿမိဳ႕ႀကီးျပႀကီးျဖစ္ျဖစ္၊ ေက်း႐ြာပဲျဖစ္ျဖစ္ အဲဒီေရႊ႕သြားတဲ့ ဒီေ႐ႊ႕ေျပာင္းျပႆနာက ရွိတတ္တယ္။ ဒီဟာက နဂိုကတည္းကရွိတဲ့ ျပႆနာေတာင္ ေျဖရွင္းလို႔မၿပီးႏိုင္တဲ့ အေနအထားေတြမွာ ေနာက္ထပ္ ထပ္ၿပီးေတာ့ အဲဒီဟာမ်ိဳးကို ထပ္ၿပီးတြန္းအားေပးသလို ျဖစ္သြားရင္ က်ေနာ္တို႔ၿမိဳ႕ႀကီး အပါအဝင္ ၿမိဳ႕ေတြမွာက မလုံၿခဳံမႈမ်ားစြာနဲ႔ ရွင္သန္ရမယ့္ ပုံစံမ်ိဳးေတြ ျဖစ္သြားမယ္။"
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပ်ဥ္းမပင္ေက်း႐ြာ အုပ္စုမွာရွိတဲ့ ေျမဧက ၅၀၀ ေက်ာ္ေပၚက က်ဴးေက်ာ္အေဆာက္ အအုံ ၄ ေထာင္ေက်ာ္ကိုလည္း ရက္ပိုင္းအတြင္း ဖယ္ရွားေပးဖို႔ ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႔က အသိေပးထားပါတယ္။ မရမ္းကုန္းၿမိဳ႕နယ္၊ ၃ ရပ္ကြက္မွာရွိတဲ့ အိမ္ေျခ ၁၀၀ ေက်ာ္ကိုလည္း က်ဴးေက်ာ္ဆိုၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းထဲမွာ အာဏာပိုင္ေတြက ရွင္းလင္းၿဖိဳဖ်က္ခဲ့ပါတယ္။ အခုလို ၿမိဳ႕ႀကီးေတြမွာ ဖ်က္သိမ္းခံရတဲ့ ေနအိမ္နဲ႔ အေဆာက္အအုံေတြကို ပိုင္ဆိုင္မႈမရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္တာေၾကာင့္ ရွင္းလင္းတာလို႔ အာဏာပိုင္ေတြဘက္က ေျပာေပမဲ့ ကာယကံရွင္တခ်ိဳ႕ကလည္း ဖ်က္သိမ္းခံရတဲ့ ေျမေနရာေတြဟာ သူတို႔ဝယ္ယူၿပီး တည္ေဆာက္ထားတဲ့ ေနအိမ္ေတြျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆိုေနၾကပါတယ္။
=============
[[Unicode]]
နေအိမ်ဖျက်ခံရလို့ ဒုက္ခရောက်သူ ပိုများလာ
မန္တလေးမြို့မှာ ကျူးကျော်ရပ်ကွက်တချို့နဲ့ မီးရထားသံလမ်းနဲ့မလွတ်တဲ့ နေအိမ်တွေကို ရှင်းလင်းဖြိုဖျက်မှုကို စစ်ကောင်စီက အခုရက်ပိုင်းမှာ ခပ်စိပ်စိပ်လုပ်နေပါတယ်။ ကြိုတင်အသိပေးပြီးဖျက်တာဖြစ်ပေမဲ့ နေရာအစားထိုးချပေးထာမျိုးမရှိတာကြောင့် နေအိမ်ဖျက်ခံရသူတွေအတော်လေး ဒုက္ခရောက်စေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ လက်ရှိမန္တလေးဘက်က နေအိမ်ဖျက်ခံရသူတွေရဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
မန္တလေးမြို့ထဲက ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာဇံ၊ မဟာအောင်မြေ၊ အမရပူရ စတဲ့ မြို့နယ်တွေထဲက ကျုးကျော်နေအိမ်တွေ၊ ဈေးတွေကို စစ်ကောင်စီက အခုရက်ပိုင်း ပိုပြီး လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-လားရှိုး မီးရထားလမ်းတလျှောက်မှာ ရှိနေတဲ့ နေအိမ်တွေထဲက ပိုင်ဆိုင်မှု စာရွက်စာတမ်းမပြနိုင်တဲ့ နေအိမ်တွေ၊ ကျူးကျော်တဲတွေကို မြို့နယ်အလိုက် ရှင်းလင်းနေတယ်လို့ ပြောပြကြပါတယ်။ ဒီလို ဖျက်သိမ်းရှင်းလင်းခံရတာက တချို့နေရာတွေမှာဆို အကြိမ်ကြိမ်ကြုံရတယ်လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။ တခြားပြောင်းနေစရာ လုံးဝမရှိတဲ့သူအများစုက ဖြိုဖျက်ရှင်းလင်းလိုက်တဲ့ နေရာမှာပဲ ဖြစ်သလိုနေ နေရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
"တချို့ကကျတော့လည်း ဖျက်ပြီးတော့ ရွှေ့ပြောင်းသွားတာလည်း ရှိတယ်။ ဒါကတော့ ပုံစံအမျိုးစုံတွေ့ရတယ်။ ဒါပေမဲ့ အများစု လုံးဝ လက်လုပ်လက်စား အနေအထားတွေကတော့ အဲဒီနေရာနားမှာပဲ ပုံစံမျိုးစုံနဲ့ ပြန်လည်ပြီးတော့ ဖက်တွယ်နေရတဲ့ အနေအထားမျိုးတော့ တွေ့သေးတယ်ခင်ဗျ။ ညပိုင်း ဘယ်လိုအိပ်ကြသလဲတော့ ကျနော်မပြောတတ်ဘူး။ ကျနော်တို့လည်းညမထွက်ရတော့။ ဒါပေမဲ့ ကွပ်ပျစ်လေးထိုးပြီး နေစားကြတဲ့အနေအထိုင်ပုံစံမျိုးလည်း တွေ့ရတယ်။ အများစုကတော့ ရွှေ့ပြောင်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဘယ်ကို ရွှေ့ပြောင်းသွားလဲတော့ ကျနော်တို့ မသိနိုင်ဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းလား၊ တခြားလွတ်လပ်တဲ့ နေရာလား။ နောက် တတ်နိုင်တဲ့လူ အနည်းစုပေါ့၊ သူတို့ကလည်း ရွှေ့သွားကြတာ ရှိတယ်ပေါ့"
ခုလိုဖျက်မယ်ဆိုတာကို သက်ဆိုင်ရာက ကြိုတင်အသိပေးခဲ့တာမှန်ပေမယ့် တခြားနေရာထိုင်ခင်းအစားထိုး စီစဉ်ပေးတာမျိုးမရှိကြတဲ့ အတွက် ဒုက္ခရောက်နေကြရတာပါ။ တချို့က တခြားမှာ ငှားရမ်းပြောင်းရွှေ့နေကြသလို တချို့ကလည်း အမျိုးအိမ်တွေမှာ ယာယီနေထိုင်နေကြတယ်လို့ ပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးသူ တဦးကပြောပါတယ်။
"ပထမတော့ ၂ ပတ်လောက်ကြိုပြီး စာပို့တယ်။ တချို့ကျတော့လည်း ပေကအရမ်းများတော့ ညှိကြတာပေါ့။ သူတို့ကတော့ ညှိလို့ရမယ်ထင်တာပေါ့။ ညှိရင်းနဲ့ အဆင်မပြေတဲ့အခါကျတော့ ဖျက်တာမျိုးတွေ ရှိတာပေါ့။ ဦးတို့ ဘက်မှာကျတော့ ရထားသံလမ်းနဲ့ ပေ ၅၀ မလွတ်တာတွေ၊ လမ်းနဲ့ ၃၅ ပေ၊ ပေ ၃၀ လမ်းဘေးဝဲယာပေါ့။ အဲဒါမျိုးတွေ သူတို့အဓိထားပြီး ဖျက်တာမျိုးရှိတာပေါ့။"
ရှင်းလင်းခံရတဲ့အထဲမှာ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။ ဒီလို ခက်ခဲနေချိန်မှာ နေစရာနေရာ ဖယ်ရှားခံရတာက အတော်လေးဒုက္ခရောက်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စားဝတ်နေရေးကြပ်တည်းနေချိန် ခုလို နေအိမ်တွေ ဖျက်စီးခံရတဲ့အတွက် နေရေး ထိုင်ရေးပြဿနာပါ ထပ်ရှိလာတယ်လု့ိ မြို့ခံတဦးက ပြောပါတယ်။
"ဒါတွေက မျက်မြင်ကတော့ ကျူးတွေကိုရှင်းတယ်ပေါ့။ ကျူးတွေကိုရှင်းတယ် ထားလိုက်ဦးတော့ ဒီလူမှုအသိုက်အဝန်းတွေက ဘူဒိုဇာနဲ့ ကော်ထုတ်ပစ်လို့ မရဘူးလေ။ စိုက်ထားတဲ့တဲအိမ်တွေကိုသာ ဘူဒိုဇာနဲ့ ကော်ထုတ်လို့ရမယ်။ ဒီလူမှုအသိုက်အဝန်းတွေက ဘယ်ကိုရွှေ့မှာလဲ။ ကျူးတယ်ဆိုတာ အိမ်တင်မဟုတ်ဘူး၊ လူမှုဘဝတွေပါ တွယ်ငြိနေတာလေ။ မြို့ကြီးပြကြီးဖြစ်ဖြစ်၊ ကျေးရွာပဲဖြစ်ဖြစ် အဲဒီရွှေ့သွားတဲ့ ဒီရွှေ့ပြောင်းပြဿနာက ရှိတတ်တယ်။ ဒီဟာက နဂိုကတည်းကရှိတဲ့ ပြဿနာတောင် ဖြေရှင်းလို့မပြီးနိုင်တဲ့ အနေအထားတွေမှာ နောက်ထပ် ထပ်ပြီးတော့ အဲဒီဟာမျိုးကို ထပ်ပြီးတွန်းအားပေးသလို ဖြစ်သွားရင် ကျနော်တို့မြို့ကြီး အပါအဝင် မြို့တွေမှာက မလုံခြုံမှုများစွာနဲ့ ရှင်သန်ရမယ့် ပုံစံမျိုးတွေ ဖြစ်သွားမယ်။"
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ကျူးကျော်အဆောက် အအုံ ၄ ထောင်ကျော်ကိုလည်း ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ကိုလည်း ကျူးကျော်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ အာဏာပိုင်တွေက ရှင်းလင်းဖြိုဖျက်ခဲ့ပါတယ်။ အခုလို မြို့ကြီးတွေမှာ ဖျက်သိမ်းခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်မှုမရှိဘဲ ကျူးကျော်ဝင်ရောက်တာကြောင့် ရှင်းလင်းတာလို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့ ကာယကံရှင်တချို့ကလည်း ဖျက်သိမ်းခံရတဲ့ မြေနေရာတွေဟာ သူတို့ဝယ်ယူပြီး တည်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုနေကြပါတယ်။