သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ဝင် ၄ ဦး ပစ်သတ်ခံရမှုကြောင့် ဆားလင်းကြီးမှာ လုံခြုံရေးတင်းကြပ်


ဆားလင်းကြီးမြို့မရဲစခန်း (Crd: CDMM's FB)
ဆားလင်းကြီးမြို့မရဲစခန်း (Crd: CDMM's FB)


[[Zawgyi/Unicode]]

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် စည်ပင်ဈေးနားက လဘက်ရည်မှာထိုင်နေတဲ့ ရဲတပ်ဖွဲဝင် လေးဦးကို ဒေသခံ ပျောက်ကြား မဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင်လ ၂၂ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲဝင် လေးဦးစလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အဲဒီလို ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးတဲ့နောက် ဆားလင်းကြီးမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ပြီး ပိတ်ဆို့ စစ်ဆေးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆာလင်းကြီးမြို့နယ် စည်ပင်ဈေးအနီးက လဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ရဲတပ်ဖွဲဝင် ၄ ဦးကို ဒေသခံပျောက်ကြားမဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင်လ ၂၂ ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲ တပ်ဖွဲဝင် လေးဦးစလုံး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ မြို့ပေါ်လက်ဘက်ရည်ဆိုင်မှာပဲ ပစ်ခတ်မှုဖြစ်တဲ့ အခြေအနေကို ဒေသခံသံဃာတပါးက အခုလိုမိန့်ပါတယ်။

“ဆားလင်းကြီး မြို့မရဲစခန်းနဲ့ ကိုက်၂၀၀ လောက်အကွာမှာဖြစ်တာ။ သူတို့က ဈေးဝယ်ရင်းနဲ့ လက်ဘက်ရည်သောက်ကြတာ။ အမြဲတမ်းလည်း ထွက်နေကျပါပဲ။ လက်ဘက်ရည်သောက်နေချိန် ဝင်ပြီးပစ်ခတ်တာပေါ့။ သူတို့ဘက်က တုံ့ပြန်ချိန်မရလိုက်ဘူး။ လေးယောက်လုံးသေသွားတယ်လို့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ ဆားလင်းကြီးမြို့ပေါ်ကော၊ ညောင်ပင်ကြီးရဲစခန်းနားမှာကော ဖြစ်ပြီးတဲ့နောက်မှာတော့ မြို့ပေါ်တွေမှာ ပိတ်ပြီးစစ်ဆေးနေတယ်။”

ရဲ တွေကို ပစ်ခတ်သွားတဲ့အဖွဲတွေကတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းထားတဲ့ မဟာမိတ် ၄ ဖွဲ့က ပစ်ခတ်သွားခဲ့တာလို့လည်း ဆက်ပြီးမိန့်ပါတယ်။

“ဘယ်သူတွေကလုပ်သလဲဆိုတော့ အဓိက ကတော့ Triple Task Force၊ Alpha Special Force၊ Children Galone Yazar၊ Monywa Truth of force လေးဖွဲ့လောက်ပါမယ်။ အရင်တခါတုန်းက မုံရွာ-ဝမ်ပေါင်လမ်းဆုံရဲ့မြောင်နားမှာ အဲဒီအဖွဲ့တွေကပဲ လုပ်ဖူးတယ်။ အဲဒီတခါက ၃ ယောက်သေပြီး သေနတ်တလက်ရတယ်။ ဒီရက်ကတော့ ၄ ယောက်ကို သေနတ်၂ လက်ရတယ်။”

ဆားလင်းကြီးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့လတုန်းက ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်တုံ့ပြန်တိုက်ခိုက်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ သေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုတော့ မနေ့က မီးသဂြိုဟ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး ဆားလင်းကြီးမြို့နယ်ကို မီးရှို့တာတွေလုပ်လာမှာကိုလည်း ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့လည်းပြောပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]








XS
SM
MD
LG