သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္နဲ႔ ကနီၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္


yin mar bin IDP ယင္းမာပင္ စစ္ေရွာင္ဒုကၡသည္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နဲ႔ကနီၿမိဳ႕ေတြမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြျဖစ္ေနၿပီး ျမန္မာစစ္တပ္က ခ်င္းတြင္းျမစ္ေၾကာင္းကိုသုံးၿပီး အထက္ပိုင္းအထိ လူနဲ႔လက္နက္ရိကာၡေတြ ပို႔ေဆာင္ေနပါတယ္။ စစ္ေရယာဥ္ေတြ ျဖစ္သြားတဲ့ေနရာေတြမွာ ျမစ္ေဘးရြာေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တဲ့အတြက္ အရပ္သားတခ်ဳိ႕ ထိခိုက္ဒဏ္ ရရတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ ၿမိဳ႕နယ္ ကပိုင္ေက်း႐ြာမွာ ၾသဂုတ္ ၁၈ ရက္ကေန ၾသဂုတ္လ ၂၀ ရက္အထိ တပ္စြဲၿပီး စစ္ေကာင္စီတပ္ေတြ ျပန္လည္ထြက္ခြာသြားခ်ိန္မွာ ေနအိမ္ ၁၀၀ ေက်ာ္မီးရႈိ႕ခံရၿပီး အရပ္သား ၅ ဦးေသဆုံးတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြက ေျပာပါတယ္။

စစ္ေကာင္စီအႀကီးအကဲကေတာ့ ျမန္မာစစ္တပ္က ေက်းရြာေတြကိုမီးရိႈ႕တယ္ဆိုတာ မဟုတ္မွန္ေၾကာင္း မၾကာေသးခင္က ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ နဲ႔ ေတြ႔ဆုံခ်ိန္မွာ ျငင္းဆိုထားပါတယ္။ ဒါေပမယ့္လည္း ရြာေတြ မီးေလာင္တဲ့သတင္းေတြကေတာ့ အခါအားေလွ်ာ္စြာ ထြက္ေနဆဲျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ကပိုင္ေက်း႐ြာကေန ျပန္လည္ထြက္ခြါတဲ့ စစ္ေကာင္စီတပ္ဟာ ၾသဂုတ္ ၂၁ ရက္မွာေတာ့ ယင္းမာပင္ၿမိဳ႕နဲ႔ ကနီၿမိဳ႕နယ္အနီးက ဝင္းကုန္းေက်း႐ြာေတြမွာ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ၾသဂုတ္ ၂၂ ရက္ မွာေတာ့ ကနီၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္ၾကားက ေတာတိုက္ထဲမွာ တိုက္ပြဲေတြ ျဖစ္ေနတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္ တဦးက အခုလိုေျပာပါတယ္။

“ကပိုင္ေက်း႐ြာသားေတြ ေဒသခံ ၅ ဦး အသတ္ခံရတယ္။ အိမ္ေထာင္စုက ၂၀၆ စု မီးရႈိ႕ခံရတယ္။ မေန႔ကတုန္းကလည္း ထိေတြ႕တိုက္ပြဲေတြ တေနကုန္နီးပါး ျဖစ္ခဲ့တယ္။ တိုက္ပြဲေတြက ေန႔စဥ္ရက္ ဆက္ျဖစ္ေနတာမို႔လို႔ ဝင္းကုန္းေခ်ာင္းထဲမွာလည္း အေလာင္းေတြျမႇဳပ္ထားတယ္ေျပာတယ္။ ရန္သူ စစ္ေကာင္စီဘက္က တပ္ဖြဲ႕ဝင္ေတြလား ေဒသခံေတြလားဆိုတာေတာ့ က်ေနာ္တို႔ အတည္ျပဳလို႔ မရေသးဘူး။"

ၾသဂုတ္ ၁၁ ရက္ကလည္း ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ေက်း႐ြာကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ ေရာက္ရွိေနတဲ့သတင္းေၾကာင့္ စစ္ေကာင္စီဘက္က ေလေၾကာင္းက ပစ္ခတ္ အင္အားျဖည့္ တင္းတာေတြ လုပ္ၿပီး နယ္ေျမရွင္းလင္းခဲ့ပါတယ္။ ရင္ေပါင္တိုင္ေက်း႐ြာကို ေလေၾကာင္းကေန ပစ္ခတ္တာေၾကာင့္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ အပါအဝင္ အရပ္သားေတြပါ ၁၂ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ၾသဂုတ္ ၂၁ ရက္မွာေတာ့ ယင္းမာပင္နဲ႔ကနီၿမိဳ႕နယ္အစပ္က ေက်း႐ြာေတြအထိ နယ္ေျမရွင္းလင္းေရးလုပ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားၿပီး ကနီနယ္ဘက္ကိုပါ ဆက္လက္ၿပီး ထိုးစစ္ဆင္ေနပါတယ္။ စစ္ေကာင္စီက အခုလိုနယ္ေျမရွင္းလင္းေနတာေၾကာင့္ ေက်း႐ြာ ၁၀ ႐ြာ ထက္မနည္းက ေဒသခံေထာင္ခ်ီဟာ ေနရပ္ကိုစြန႔္ခြါၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။

စစ္ကိုင္းတိုင္းအထက္ပိုင္းကေန ျပန္ၿပီး စုန္ဆင္းလာတဲ့ စစ္ေကာင္စီ ေရယာဥ္ေတြဟာ ၾသဂုတ္လ ၂၁ ရက္က ေဖာင္းျပင္ၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ေဘးက ေက်း႐ြာေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ေမာက္စဖာ႐ြာက ကေလးငယ္ ၁ ဦးနဲ႔ ကရား႐ြာက ေဒသခံတဦး လက္နက္ႀကီး က်ဥ္ထိမွန္ ခဲ့ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဖာင္းျပင္ေဒသခံကာကြယ္ေရးတပ္ဖြဲ႔က တာဝန္ရွိသူတဦးက အခုလို ေျပာပါတယ္။

“မေန႔က ပစ္ခတ္တယ္ဆိုတာ သူတို႔က တဖက္သတ္ပစ္ခတ္သြားတာပါ။ ၾသဂုတ္လ ၆ ရက္ ကတည္းက ဆန္တက္သြားတာ။ အဆန္မွာတုန္းကလည္း ပစ္သြားတယ္။ အဲ့ဒီ႐ြာေတြပဲ ကရားအုပ္စုက ကရား႐ြာ၊ သာစည္႐ြာ၊ ၿမိဳ႕မ႐ြာ အဲ့ဒီ့ကအထက္ ေမာက္စဖာ႐ြာ၊ အဲ့ဒါေတြကို သူတို႔ပစ္ခတ္ သြားတယ္။ က်ေနာ္တို႔ဘက္က ပစ္ခတ္မႈ တခ်က္မွမရွိပါဘူး။ အခု မေန႔က စုန္လာေတာ့လည္း အဲ့ဒီ႐ြာေတြကို ထပ္ပစ္တယ္။ ေမာက္စဖာ႐ြာမွာ ကေလးတေယာက္ လက္နက္ႀကီးက်ည္က်ကြဲၿပီးမွ ဒဏ္ရာရတယ္။ ကရား႐ြာက ႐ြာႀကီးလည္းျဖစ္တယ္။အဲ့ကိုပစ္တယ္။ ပစ္တဲ့အခါက်ေတာ့ အိမ္တအိမ္ မီးဖိုးေခ်ာင္ တေဆာင္ ပ်က္သြားတယ္။ ေနာက္အိမ္တအိမ္ကေတာ့ ပ်က္စီးသြားတယ္။ ေနာက္အိမ္နီးနားခ်င္းက ဒဏ္ရာရတယ္။ ေနာက္အိမ္တအိမ္ကေတာ့ လက္နက္ႀကီးက်ည္က်တာ ၆၀ မမ က်ည္ မေပါက္ကြဲဘဲ က်န္ခဲ့တယ္။”

ေဖာင္းျပင္ၿမိဳ႕နယ္မွာဆိုရင္လည္း ေျမျပင္မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေနသလို ေဒသခံကာကြယ္ေရး ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြရွိေနၿပီး ၂ ဘက္အက်အဆုံးေတြရွိတဲ့အထိ တိုက္ ပြဲေတြ ျပင္းထန္ေနပါတယ္။

ဒီတိုက္ပြဲအေျခအေန အက်အဆုံးေတြနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နဲ့ကနီမြို့တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေပြီး မြန်မာစစ်တပ်က ချင်းတွင်းမြစ်ကြောင်းကိုသုံးပြီး အထက်ပိုင်းအထိ လူနဲ့လက်နက်ရိက္ခာတွေ ပို့ဆောင်နေပါတယ်။ စစ်ရေယာဉ်တွေ ဖြစ်သွားတဲ့နေရာတွေမှာ မြစ်ဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ် ရရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ကပိုင်ကျေးရွာမှာ သြဂုတ် ၁၈ ရက်ကနေ သြဂုတ်လ ၂၀ ရက်အထိ တပ်စွဲပြီး စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားချိန်မှာ နေအိမ် ၁၀၀ ကျော်မီးရှို့ခံရပြီး အရပ်သား ၅ ဦးသေဆုံးတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီအကြီးအကဲကတော့ မြန်မာစစ်တပ်က ကျေးရွာတွေကိုမီးရှို့တယ်ဆိုတာ မဟုတ်မှန်ကြောင်း မကြာသေးခင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ တွေ့ဆုံချိန်မှာ ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ရွာတွေ မီးလောင်တဲ့သတင်းတွေကတော့ အခါအားလျှော်စွာ ထွက်နေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကနေ ပြန်လည်ထွက်ခွါတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၁ ရက်မှာတော့ ယင်းမာပင်မြို့နဲ့ ကနီမြို့နယ်အနီးက ဝင်းကုန်းကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ သြဂုတ် ၂၂ ရက် မှာတော့ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားက တောတိုက်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက အခုလိုပြောပါတယ်။

“ကပိုင်ကျေးရွာသားတွေ ဒေသခံ ၅ ဦး အသတ်ခံရတယ်။ အိမ်ထောင်စုက ၂၀၆ စု မီးရှို့ခံရတယ်။ မနေ့ကတုန်းကလည်း ထိတွေ့တိုက်ပွဲတွေ တနေကုန်နီးပါး ဖြစ်ခဲ့တယ်။ တိုက်ပွဲတွေက နေ့စဉ်ရက် ဆက်ဖြစ်နေတာမို့လို့ ဝင်းကုန်းချောင်းထဲမှာလည်း အလောင်းတွေမြှုပ်ထားတယ်ပြောတယ်။ ရန်သူ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေလား ဒေသခံတွေလားဆိုတာတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူး။"

သြဂုတ် ၁၁ ရက်ကလည်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရောက်ရှိနေတဲ့သတင်းကြောင့် စစ်ကောင်စီဘက်က လေကြောင်းက ပစ်ခတ် အင်အားဖြည့် တင်းတာတွေ လုပ်ပြီး နယ်မြေရှင်းလင်းခဲ့ပါတယ်။ ရင်ပေါင်တိုင်ကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် အရပ်သားတွေပါ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၁ ရက်မှာတော့ ယင်းမာပင်နဲ့ကနီမြို့နယ်အစပ်က ကျေးရွာတွေအထိ နယ်မြေရှင်းလင်းရေးလုပ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး ကနီနယ်ဘက်ကိုပါ ဆက်လက်ပြီး ထိုးစစ်ဆင်နေပါတယ်။ စစ်ကောင်စီက အခုလိုနယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံထောင်ချီဟာ နေရပ်ကိုစွန့်ခွါပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ပြန်ပြီး စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်တွေဟာ သြဂုတ်လ ၂၁ ရက်က ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် မောက်စဖာရွာက ကလေးငယ် ၁ ဦးနဲ့ ကရားရွာက ဒေသခံတဦး လက်နက်ကြီး ကျဉ်ထိမှန် ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဖောင်းပြင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မနေ့က ပစ်ခတ်တယ်ဆိုတာ သူတို့က တဖက်သတ်ပစ်ခတ်သွားတာပါ။ သြဂုတ်လ ၆ ရက် ကတည်းက ဆန်တက်သွားတာ။ အဆန်မှာတုန်းကလည်း ပစ်သွားတယ်။ အဲ့ဒီရွာတွေပဲ ကရားအုပ်စုက ကရားရွာ၊ သာစည်ရွာ၊ မြို့မရွာ အဲ့ဒီ့ကအထက် မောက်စဖာရွာ၊ အဲ့ဒါတွေကို သူတို့ပစ်ခတ် သွားတယ်။ ကျနော်တို့ဘက်က ပစ်ခတ်မှု တချက်မှမရှိပါဘူး။ အခု မနေ့က စုန်လာတော့လည်း အဲ့ဒီရွာတွေကို ထပ်ပစ်တယ်။ မောက်စဖာရွာမှာ ကလေးတယောက် လက်နက်ကြီးကျည်ကျကွဲပြီးမှ ဒဏ်ရာရတယ်။ ကရားရွာက ရွာကြီးလည်းဖြစ်တယ်။အဲ့ကိုပစ်တယ်။ ပစ်တဲ့အခါကျတော့ အိမ်တအိမ် မီးဖိုးချောင် တဆောင် ပျက်သွားတယ်။ နောက်အိမ်တအိမ်ကတော့ ပျက်စီးသွားတယ်။ နောက်အိမ်နီးနားချင်းက ဒဏ်ရာရတယ်။ နောက်အိမ်တအိမ်ကတော့ လက်နက်ကြီးကျည်ကျတာ ၆၀ မမ ကျည် မပေါက်ကွဲဘဲ ကျန်ခဲ့တယ်။”

ဖောင်းပြင်မြို့နယ်မှာဆိုရင်လည်း မြေပြင်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းနေသလို ဒေသခံကာကွယ်ရေး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပြီး ၂ ဘက်အကျအဆုံးတွေရှိတဲ့အထိ တိုက် ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီတိုက်ပွဲအခြေအနေ အကျအဆုံးတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

XS
SM
MD
LG