သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္-ရင္ေပါင္တိုင္႐ြာ ျမန္မာစစ္တပ္က ေဝဟင္နဲ႔ေျမျပင္ ထိုးစစ္ဆင္ေန


ယင္းမာပင္ ေလေၾကာင္းတိုက္ခိုက္မႈ (ယခင္မွတ္တမ္းဓာတ္ပုံ)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ယင္းမာပင္ၿမိဳ႕အစပ္က ရင္ေပါင္တိုင္ေက်း႐ြာကို ဒီေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔ မနက္ ၁၀ နာရီေလာက္မွာ ျမန္မာစစ္တပ္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့သလို ေျမျပင္ကလည္း တပ္ေတြ တိုးခ်ေနတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ လူေတြထိခိုက္ဒဏ္ရာရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚမလာေပမယ့္ ေဒသခံေတြၾကားစိုးရိမ္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးပုန္းေရွာင္‌ေနၾကပါတယ္။ ယင္းမာပင္ၿမိဳ႕အနီး စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္အေၾကာင္း သတင္းေပးပို႔ခ်က္ကို အလိမၼာ က တင္ျပေပးထားပါတယ္။

ဒီေန႔ မနက္ ၁၀ နာရီေက်ာ္ေလာက္မွာ ျမန္မာစစ္တပ္ဘက္က စစ္ရဟတ္ယာဥ္ ၄ စင္းနဲ႔ ႐ုတ္တရက္ ေရာက္လာၿပီး ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ယင္းမာပင္ၿမိဳ႕နယ္ စစ္ေရွာင္ကူညီေပးေနတဲ့ ေဒသခံ သံဃာတပါးက မိန႔္ၾကားပါတယ္။

“အမွတ္တမဲ့နဲ႔ ဝင္ေရာက္တိုက္ခိုက္ေနတယ္ပုံစံမ်ိဳးပဲ။ ဘာလို႔လဲဆိုေတာ့ ဒီယင္းမာပင္ထဲမွာ သူတို႔ ေလယာဥ္လာေရာက္ အဲ့လိုျဖစ္တာက တိုက္ခိုက္ျခင္းမရွိတာ ေတာ္ေတာ္ေလးၾကာၿပီဆိုေတာ့ အခုက အမွတ္တမဲ့အလစ္အငိုက္ေတြ ေခ်ာင္းၿပီးေတာ့ လာေရာက္တိုက္ခိုက္တယ္လို႔ပဲ သုံးသပ္လို႔ရတယ္။ ေဒသခံေတြကေတာ့ သက္ႀကီး႐ြယ္အိုေတြ၊ အိမ္ေမြး ကြၽဲ ႏြား တိရိစာၦန္ေတြရွိတဲ့ လူေတြကေတာ့ ဘာပဲေျပာေျပာ ကိုယ့္ရပ္ကိုယ့္႐ြာကို ျပန္ၿပီးေတာ့ေပါ့ေနာ္ ေအးခ်မ္းၿပီထင္တဲ့အခါ ျပန္ဝင္ေရာက္ၿပီးေတာ့ ေနထိုင္ေနၾကတဲ့အတြက္ ရပ္႐ြာထဲမွာ ေဒသခံေတြ ရွိပါတယ္။”

ၿပီးတဲ့ၾသဂုတ္လ ၁၁ ရက္တုန္းကလည္း ယင္းမာပင္ၿမိဳ႕နယ္ ရင္ေပါင္တိုင္ ေက်း ႐ြာမွာ ေဒသခံ PDF တပ္ဖြဲ႕ေတြ ေျခကုတ္ယူေနတယ္ဆိုၿပီး စစ္တပ္ဘက္က ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ ဩဂုတ္လအတြင္းက ရင္ေပါင္တိုင္ေက်း႐ြာကို ေလေၾကာင္းကေန ပစ္ခတ္ခဲ့ခ်ိန္မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ အပါအဝင္ အရပ္သားေတြ ၁၂ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာဆိုထားပါတယ္။ ထိခိုက္ေသဆုံးမႈေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပခ်က္ေတာ့ မရရွိခဲ့ပါဘူး။

ၾသဂုတ္လထဲ ေလေၾကာင္းတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ တခ်ိဳ႕ေဒသခံေတြက ခုခ်ိန္ ထိ ေဘးကင္းတဲ့႐ြာေတြဖက္မွာ ခႈိလုံေနၾကဆဲ ျဖစ္ပါတယ္။ တည္ၿငိမ္စျပဳလာခ်ိန္ ေနရပ္ျပန္လာေနတဲ့ ေဒသခံေတြလည္း ရွိေနတယ္လို႔ သံဃာက မိန႔္ၾကားပါတယ္။ ဒါေပမယ့္ ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မႈမွာ လူေတြ ထိခိုက္ဒဏ္ရရတဲ့ သတင္းေတြေတာ့ ထြက္မလာေသးပါဘူး။

ယင္းမာပင္အေျခစိုက္ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF တာဝန္ခံ ကိုခန႔္ကေတာ့ ေလေၾကာင္းနဲ႔ တိုက္ခိုက္ခံရတဲ့ ရင္ေပါင္တိုင္ေက်း႐ြာေတြဘက္မွာ PDF နဲ႔ စစ္တပ္ၾကား လတ္တေလာ တိုက္ပြဲမရွိဘူးလို႔ ေျပာပါတယ္။ အခုလို ႐ုတ္တရက္ ဝင္ေရာက္ ေလေၾကာင္းကေန ထိုးစစ္ဆင္တဲ့အတြက္ ပိုထိုးသာေက်း႐ြာ ရင္ေပါင္တိုင္ေက်း႐ြာ ဆင္စြယ္ေက်း႐ြာ အနီးအနားေက်း႐ြာေတြက ေဒသခံေတြ အေတာ္မ်ားမ်ား ထြက္ေျပးေနရၿပီလို႔ ဆိုပါတယ္။

“ရင္ေပါင္တိုင္၊ ပုထိုးသာ အဲ့ဘက္က႐ြာ... ဆင္စြယ္အေရွ႕ဘက္တေၾကာေတြ အကုန္လုံး အဲ့မွာပတ္ၿပီးေတာ့ ပစ္ေနတယ္လို႔ ေျပာတယ္။ လူေတြခ်ေနတယ္လို႔ ေျပာတယ္။ ယင္းမာပင္နဲ႔ ပုလဲၾကားက ပုထိုးသာ၊ ေနာက္ၿပီးေတာ့ ပုထိုးသာရဲ႕ အေနာက္ဘက္၊ ၿပီး ဆင္စြယ္၊ အဲ့နားတဝိုက္ေပါ့။ ဝင္ေရာက္စီးနင္းခံရတာေပါ့ အဲ့နား႐ြာေတြ ၄၊ ၅ ၁၀ ႐ြာေလာက္ ရွိမယ္ထင္တယ္။”

အခုလို ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ ျပန္တာေတာ့ မရွိေသးပါဘူး။ ဒီလိုတိုက္ခိုက္မႈေၾကာင္း ေဒသခံ PDF တပ္ေတြနဲ႔ စစ္တပ္ၾကား ေနာက္ထပ္ တိုက္ပြဲေတြ တေၾကာ့ျပန္ ျပန္ျဖစ္ လာႏိုင္တယ္လို႔ PDF ဘက္က သုံးသပ္သလို ေဒသခံေတြ ဘက္မွာလည္း စိုးရိမ္မႈေတြ ႀကီးထြားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ယင်းမာပင်-ရင်ပေါင်တိုင်ရွာ မြန်မာစစ်တပ်က ဝေဟင်နဲ့မြေပြင် ထိုးစစ်ဆင်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ယင်းမာပင်မြို့အစပ်က ရင်ပေါင်တိုင်ကျေးရွာကို ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ကလည်း တပ်တွေ တိုးချနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ လူတွေထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မလာပေမယ့် ဒေသခံတွေကြားစိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်‌နေကြပါတယ်။ ယင်းမာပင်မြို့အနီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်အကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာ က တင်ပြပေးထားပါတယ်။

ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ မြန်မာစစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၄ စင်းနဲ့ ရုတ်တရက် ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် စစ်ရှောင်ကူညီပေးနေတဲ့ ဒေသခံ သံဃာတပါးက မိန့်ကြားပါတယ်။

“အမှတ်တမဲ့နဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်ပုံစံမျိုးပဲ။ ဘာလို့လဲဆိုတော့ ဒီယင်းမာပင်ထဲမှာ သူတို့ လေယာဉ်လာရောက် အဲ့လိုဖြစ်တာက တိုက်ခိုက်ခြင်းမရှိတာ တော်တော်လေးကြာပြီဆိုတော့ အခုက အမှတ်တမဲ့အလစ်အငိုက်တွေ ချောင်းပြီးတော့ လာရောက်တိုက်ခိုက်တယ်လို့ပဲ သုံးသပ်လို့ရတယ်။ ဒေသခံတွေကတော့ သက်ကြီးရွယ်အိုတွေ၊ အိမ်မွေး ကျွဲ နွား တိရိစ္ဆာန်တွေရှိတဲ့ လူတွေကတော့ ဘာပဲပြောပြော ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးတော့ပေါ့နော် အေးချမ်းပြီထင်တဲ့အခါ ပြန်ဝင်ရောက်ပြီးတော့ နေထိုင်နေကြတဲ့အတွက် ရပ်ရွာထဲမှာ ဒေသခံတွေ ရှိပါတယ်။”

ပြီးတဲ့သြဂုတ်လ ၁၁ ရက်တုန်းကလည်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ကျေး ရွာမှာ ဒေသခံ PDF တပ်ဖွဲ့တွေ ခြေကုတ်ယူနေတယ်ဆိုပြီး စစ်တပ်ဘက်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဩဂုတ်လအတွင်းက ရင်ပေါင်တိုင်ကျေးရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့ချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် အရပ်သားတွေ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောဆိုထားပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြချက်တော့ မရရှိခဲ့ပါဘူး။

သြဂုတ်လထဲ လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် တချို့ဒေသခံတွေက ခုချိန် ထိ ဘေးကင်းတဲ့ရွာတွေဖက်မှာ ခှိုလုံနေကြဆဲ ဖြစ်ပါတယ်။ တည်ငြိမ်စပြုလာချိန် နေရပ်ပြန်လာနေတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ သံဃာက မိန့်ကြားပါတယ်။ ဒါပေမယ့် ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လူတွေ ထိခိုက်ဒဏ်ရရတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။

ယင်းမာပင်အခြေစိုက် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုခန့်ကတော့ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ ရင်ပေါင်တိုင်ကျေးရွာတွေဘက်မှာ PDF နဲ့ စစ်တပ်ကြား လတ်တလော တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။ အခုလို ရုတ်တရက် ဝင်ရောက် လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အတွက် ပိုထိုးသာကျေးရွာ ရင်ပေါင်တိုင်ကျေးရွာ ဆင်စွယ်ကျေးရွာ အနီးအနားကျေးရွာတွေက ဒေသခံတွေ အတော်များများ ထွက်ပြေးနေရပြီလို့ ဆိုပါတယ်။

“ရင်ပေါင်တိုင်၊ ပုထိုးသာ အဲ့ဘက်ကရွာ... ဆင်စွယ်အရှေ့ဘက်တကြောတွေ အကုန်လုံး အဲ့မှာပတ်ပြီးတော့ ပစ်နေတယ်လို့ ပြောတယ်။ လူတွေချနေတယ်လို့ ပြောတယ်။ ယင်းမာပင်နဲ့ ပုလဲကြားက ပုထိုးသာ၊ နောက်ပြီးတော့ ပုထိုးသာရဲ့ အနောက်ဘက်၊ ပြီး ဆင်စွယ်၊ အဲ့နားတဝိုက်ပေါ့။ ဝင်ရောက်စီးနင်းခံရတာပေါ့ အဲ့နားရွာတွေ ၄၊ ၅ ၁၀ ရွာလောက် ရှိမယ်ထင်တယ်။”

အခုလို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ် ပြန်တာတော့ မရှိသေးပါဘူး။ ဒီလိုတိုက်ခိုက်မှုကြောင်း ဒေသခံ PDF တပ်တွေနဲ့ စစ်တပ်ကြား နောက်ထပ် တိုက်ပွဲတွေ တကြော့ပြန် ပြန်ဖြစ် လာနိုင်တယ်လို့ PDF ဘက်က သုံးသပ်သလို ဒေသခံတွေ ဘက်မှာလည်း စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

XS
SM
MD
LG