သံုးရလြယ္ကူေစသည့္ Link မ်ား

ႏ်ဴကလီယားလက္နက္ကိစၥ တရားလက္လြတ္ ေလွ်ာက္မေျပာဖို႔ ႐ုရွားကို ကန္ ႏိုင္ငံျခားေရးဝန္ႀကီး သတိေပး


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken

[[Zawgyi/Unicode]]

ႏ်ဴကလီယားလက္နက္ေတြနဲ႔ ပတ္သက္ၿပီး ပရမ္းပတာ ေလွ်ာက္ေျပာေနတာေတြရပ္ဖို႔ ႐ုရွားကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက လူသိရွင္ၾကားေရာ၊ ပုဂၢိဳလ္ေရးအရပါ ရွင္းရွင္းလင္းလင္း ေျပာလိုက္ပါတယ္။

ယူကရိန္းပဋိပကၡမွာ ႐ုရွားကိုကာကြယ္ဖို႔ ဘယ္နည္းလမ္းကိုမဆိုအသုံးျပဳမယ္လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေၾကညာလိုက္ၿပီးတဲ့ေနာက္ Antony Blinken က စီဘီအက္စ္ ႐ုပ္ျမင္သံၾကားရဲ႕ မိနစ္ ၆၀ အစီအစဥ္အင္တာဗ်ဴးမွာ တနဂၤေႏြေန႔ညက ေျပာခဲ့တာပါ။ န်ဴကလီယားလက္နက္ေတြကို အသုံးျပဳတာဟာ ႀကီးမားလွတဲ့ ကပ္ေဘး ႀကဳံၾကရပါလိမ့္မယ္။ ဒီ လက္နက္ေတြကိုအသုံးျပဳတဲ့ တိုင္းျပည္ေရာ တျခားတိုင္းျပည္ေတြပါ ႀကဳံၾကရမွာပါလို႔ ဘလင္ကန္က ဆိုပါတယ္။

႐ုရွားကတပ္သားသစ္ ၃ သိန္း စုေဆာင္းေနၿပီး ဒါကို ယူကရိန္းစစ္ပြဲအေပၚ ႐ုရွားရဲ႕အျမင္ ေျပာင္းလဲမႈအျဖစ္ သုံးသပ္သူေတြက ရႈျမင္ၾကပါတယ္။ စတင္စဥ္က ယူကရိန္းစစ္ပြဲဟာ အကန႔္အသတ္ရွိတဲ့စစ္ပြဲလို႔ ႐ုရွားက ေျပာခဲ့တာပါ။ ဒီကေန႔ တနလၤာေန႔မွာပဲ ဆိုက္ေဘးရီးယားေဒသ စစ္သားစုေဆာင္းေရးစခန္းမွာ အသက္ ၂၅ ႏွစ္ အ႐ြယ္ လူငယ္တေယာက္ က အေဆာက္အဦထဲဝင္ၿပီး တပ္မႉးကို ေသနတ္နဲ႔ပစ္ခဲ့တဲ့အတြက္ေၾကာင့္ တပ္မႉးဟာ ေဆး႐ုံအသည္းအသန္ခန္းမွာ အသက္လုေနရပါတယ္။ “ဘယ္သူမွ သြားမတိုက္ဘူး” လို႔ အဲဒီလူငယ္က ဟစ္ေႂကြးခဲ့ေၾကာင္း ႐ုရွားမီဒီယာေတြရဲ႕သတင္းက ဆိုပါတယ္။

႐ုရွားသိမ္းပိုက္ထားတဲ့ နယ္ေျမေတြကို ႐ုရွားကသိမ္းသြင္းဖို႔အတြက္ အဲဒီေဒသေတြမွာ လူထုဆႏၵခံယူပြဲလုပ္ေနၿပီး ႐ုရွားစစ္သားေတြက တအိမ္တက္ဆင္း မဲေပးဖို႔ လူေတြကို ေခၚေနၾကပါတယ္။ အဂၤါေန႔မွာ မဲေပးတာ ၿပီးဆုံးမွာပါ။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

နျူကလီယားလက်နက်ကိစ္စ တရားလက်လွတ် လျှောက်မပြောဖို့ ရုရှားကို ကန် နိုင်ငံခြားရေးဝန်ကြီး သတိပေး

နျူကလီယားလက်နက်တွေနဲ့ ပတ်သက်ပြီး ပရမ်းပတာ လျှောက်ပြောနေတာတွေရပ်ဖို့ ရုရှားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြားရော၊ ပုဂ္ဂိုလ်ရေးအရပါ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတယ်။

ယူကရိန်းပဋိပက္ခမှာ ရုရှားကိုကာကွယ်ဖို့ ဘယ်နည်းလမ်းကိုမဆိုအသုံးပြုမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာလိုက်ပြီးတဲ့နောက် Antony Blinken က စီဘီအက်စ် ရုပ်မြင်သံကြားရဲ့ မိနစ် ၆၀ အစီအစဉ်အင်တာဗျူးမှာ တနင်္ဂနွေနေ့ညက ပြောခဲ့တာပါ။ နျူကလီယားလက်နက်တွေကို အသုံးပြုတာဟာ ကြီးမားလှတဲ့ ကပ်ဘေး ကြုံကြရပါလိမ့်မယ်။ ဒီ လက်နက်တွေကိုအသုံးပြုတဲ့ တိုင်းပြည်ရော တခြားတိုင်းပြည်တွေပါ ကြုံကြရမှာပါလို့ ဘလင်ကန်က ဆိုပါတယ်။

ရုရှားကတပ်သားသစ် ၃ သိန်း စုဆောင်းနေပြီး ဒါကို ယူကရိန်းစစ်ပွဲအပေါ် ရုရှားရဲ့အမြင် ပြောင်းလဲမှုအဖြစ် သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ စတင်စဉ်က ယူကရိန်းစစ်ပွဲဟာ အကန့်အသတ်ရှိတဲ့စစ်ပွဲလို့ ရုရှားက ပြောခဲ့တာပါ။ ဒီကနေ့ တနင်္လာနေ့မှာပဲ ဆိုက်ဘေးရီးယားဒေသ စစ်သားစုဆောင်းရေးစခန်းမှာ အသက် ၂၅ နှစ် အရွယ် လူငယ်တယောက် က အဆောက်အဦထဲဝင်ပြီး တပ်မှူးကို သေနတ်နဲ့ပစ်ခဲ့တဲ့အတွက်ကြောင့် တပ်မှူးဟာ ဆေးရုံအသည်းအသန်ခန်းမှာ အသက်လုနေရပါတယ်။ “ဘယ်သူမှ သွားမတိုက်ဘူး” လို့ အဲဒီလူငယ်က ဟစ်ကြွေးခဲ့ကြောင်း ရုရှားမီဒီယာတွေရဲ့သတင်းက ဆိုပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရုရှားကသိမ်းသွင်းဖို့အတွက် အဲဒီဒေသတွေမှာ လူထုဆန္ဒခံယူပွဲလုပ်နေပြီး ရုရှားစစ်သားတွေက တအိမ်တက်ဆင်း မဲပေးဖို့ လူတွေကို ခေါ်နေကြပါတယ်။ အင်္ဂါနေ့မှာ မဲပေးတာ ပြီးဆုံးမှာပါ။

XS
SM
MD
LG