သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လုပ်ဒရုန်းတွေနဲ့ ယူကရိန်းကို ရုရှားပစ်ခတ်


ယူကရိန်းနိုင်ငံ၊ ကိဗ်ယ်မြို့ကိုတိုက်ခိုက်ရာမှာသုံးတဲ့ အီရန်လုပ် မောင်းသူမဲ့ဒရုန်းယာဉ်ပျက်တစင်းရဲ့အစိတ်အပိုင်းများ။ (အောက်တိုဘာ ၆၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ၊ ကိဗ်ယ်မြို့ကိုတိုက်ခိုက်ရာမှာသုံးတဲ့ အီရန်လုပ် မောင်းသူမဲ့ဒရုန်းယာဉ်ပျက်တစင်းရဲ့အစိတ်အပိုင်းများ။ (အောက်တိုဘာ ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]


ယူကရိန်းနိုင်ငံ Kyiv မြို့တော်ရှိရာကို အီရန်လုပ်ဒရုန်းတွေနဲ့ ရုရှားဘက်က ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ရက်ထဲမှာ ရုရှားရဲ့ Missile ဒုံးတွေ နိုင်ငံတဝန်းက နေရာ ၄၀ ကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ကလည်း ပြောပါတယ်။ Kyiv မြို့တော်တဝိုက်က အဓိကကျတဲ့ အဆောက်အဦးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာလို့ ယူကရိန်းသမ္မတရုံး ဒုတိယအကြီးအကဲ Kyrylo Tymoshenko က ပြောပါတယ်။ ဂျပန်လို Kamikaze အသေခံတိုက်ခိုက်တဲ့ယာဉ်လို့ ခေါ်ကြတဲ့ ဒီ ဒရုန်းတွေဟာ ပေါက်ကွဲပစ္စည်းတွေကိုတင်ဆောင်ပြီး ပစ်မှတ်ကို ထိမှန်တိုက်ခိုက်တာမျိုးဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်းက Mykolaiv မြို့ကို တညလုံးပစ်ခတ်တိုက်ခိုက်မှုကြောင့် ငါးထပ်တိုက်အဆောက်အဦးတခု ပျက်စီးသွားတယ်လို့ မြို့တော်ဝန် Oleksandr Sienkovych က ပြောပါတယ်။ ယူကရိန်းနိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတိုးမြှင့်ဖို့အတွက် မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်နေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ကြုံရတာပါ။ ရုရှားရဲ့ ရက်စက်အကြမ်းဖက်မှုတွေ တိုးမြင့်လာတာကြောင့် ယူကရိန်းဝေဟင်ကို အကာအကွယ်ပေးဖို့ဆိုတာဟာ ဒီနေ့ခေတ် ဥရောပအတွက် အကြီးမားဆုံး လူသားချင်းစာနာမှုလုပ်ငန်းဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားလာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

ခရုဒုံးကျည်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို ပို့ပေးသွားမယ်လို့ ဗြိတိန်က ကြာသပတေးနေ့မှာကြေညာပါတယ်။ ယူကရိန်းစစ်တပ်ကို ဘယ်လိုအထောက်အပံ့ပေးကြမလဲဆိုတာလည်း NATO ကာကွယ်ရေးဝန်ကြီးတွေ ဘယ်ဂျီယံနိုင်ငံမှာ စုဝေးဆွေးနွေးနေပါတယ်။ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ရုရှားက ယူကရိန်းနိုင်ငံ အစိတ်အပိုင်းလေးခုကို သူ့ပိုင်နက်အဖြစ် တရားဝင်သိမ်းယူသတ်မှတ်လိုက်တဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်မဲခွဲပါတယ်။ ထောက်ခံမဲ ၁၄၃ မဲ ကန့်ကွက် ၅မဲ ကြားနေ ၃၅ မဲနဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။

ရုရှားနဲ့အတူ ဘဲလာရုပစ်၊ မြောက်ကိုရီ;ယား၊ ဆီးရီးယားနဲ့ နီကာရာဂွာတို့က ကန့်ကွက်ခဲ့တာပါ။ ရုရှားကို ရှုတ်ချပြစ်တင်တဲ့ ကုလဆုံးဖြတ်ချက် ထောက်ခံမဲ ပေးတဲ့အထဲ မြန်မာလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မဲပေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

--------------------

[[Unicode]]







XS
SM
MD
LG