သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကိုက်ဴးေက်ာ္စစ္ ႐ုရွားအတြက္ဆုံးရႈံးမႈဘာမွမရွိ (သမၼတ ပူတင္)


Russian President Vladimir Putin attends a plenary session of the Eastern Economic Forum in Vladivostok

[[Zawgyi/Unicode]]

ယူကရိန္းမွာ ႐ုရွားရဲ႕စစ္ေရးထိုးစစ္ဆင္မႈကေန ႐ုရွားအတြက္ဆုံးရႈံးမႈတခုမွမရွိခဲ့ဘဲ ႐ုရွားႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ပိုခိုင္မာလာေစေၾကာင္း ႐ုရွားသမၼတ Vladimir Putin က ႐ုရွားႏိုင္ငံ Vladivostok မွာ က်င္းပတဲ့ ၇ ႀကိမ္ေျမာက္ အေရွ႕ ဖ်ား စီးပြါးေရးဖိုရမ္မွာ ေျပာၾကားလိုက္ပါတယ္။

႐ုရွားရဲ႕လုပ္ေဆာင္မႈအားလုံးဟာ Donbas ေဒသက ျပည္သူေတြကိုကူညီဖို႔သာျဖစ္ၿပီး ဒါဟာ ျပည္တြင္းမွာေရာ ႏိုင္ငံျခားမူဝါဒဆိုင္ရာမွာပါ ပိုခိုင္မာဖို႔ ျဖစ္လာေစတယ္လို႔လည္း ေျပာပါတယ္။

႐ုရွားက ေဖေဖၚဝါရီမွာ ယူကရိန္းကိုက်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီး ၿမိဳ႕ေတာ္ Kyiv ကို သိမ္းဖို႔ႀကိဳးစားရာကေန ယူကရိန္းအေရွ႕ပိုင္းက Donbas ေဒသဘက္ကို ေျပာင္းလဲၿပီး ဦးတည္တိုက္ခိုက္ခဲ့တာပါ။ အဲဒီေဒသဟာ ၂၀၁၄ တုန္းက ႐ုရွားေတြဝင္တိုက္ခဲ့ခ်ိန္ကစၿပီး ယူကရိန္းတပ္ေတြနဲ႔ ႐ုရွားလိုလားတဲ့လက္နက္ကိုင္ေတြၾကား တိုက္ခိုက္မႈေတြ ရွိေနတာပါ။

ကမာၻတလႊားႀကဳံေနရတဲ့ စားနပ္ရိကၡာျပႆနာကိုေျဖရွင္းဖို႔ ကုလသမဂၢနဲ႔ တူရကီတို႔ ၾကားဝင္ေဆာင္႐ြက္ေပးတဲ့ ယူကရိန္းက ေကာက္ႏွံေတြတင္ပို႔ေရး သေဘာတူညီခ်က္အတြက္လည္း ဒီတင္ပို႔မႈေတြဟာ ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံေတြဆီ ေရာက္မွာမဟုတ္ဘူးလို႔ ေျပာၿပီး သမၼတ Putin က အျပစ္တင္ေဝဖန္ခဲ့ပါတယ္။ ဒီသေဘာတူညီခ်က္နဲ႔ ယူကရိန္းဆိပ္ကမ္းေတြကေန ေကာက္ႏွံ ၂.၂ မက္ထရစ္တန္နဲ႔ တျခားစားေသာက္ကုန္ေတြ အဂၤါေန႔က တင္ပို႔ခဲ့တာ ျဖစ္ပါတယ္။ယူကရိန္းသမၼတ Volodymyr Zelenskyy ရဲ႕အႀကံေပး Mykhailo Podolyak ကေတာ့ ဒီသေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး ႐ုရွားဘက္က အျပစ္တင္မႈဟာ ေမွ်ာ္လင့္မထားတဲ့၊ အေျချမစ္မရွိတဲ့ ေျပာၾကားခ်က္ျဖစ္ေၾကာင္း ေဝဖန္ပါတယ္။

တခ်ိန္တည္းမွာပဲ Donbas ေဒသတြင္းမွာေရာ ယူကရိန္းေျမာက္ပိုင္း Kharkiv အနီးနဲ႔ ေတာင္ပိုင္းက Kharson Oblast ဘက္မွာပါ ၂၄ နာရီအတြင္း တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီေန႔ မနက္မွာ သတင္းထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကိုကျူးကျော်စစ် ရုရှားအတွက်ဆုံးရှုံးမှုဘာမှမရှိ (သမ္မတ ပူတင်)

ယူကရိန်းမှာ ရုရှားရဲ့စစ်ရေးထိုးစစ်ဆင်မှုကနေ ရုရှားအတွက်ဆုံးရှုံးမှုတခုမှမရှိခဲ့ဘဲ ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပိုခိုင်မာလာစေကြောင်း ရုရှားသမ္မတ Vladimir Putin က ရုရှားနိုင်ငံ Vladivostok မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ ဖျား စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့လုပ်ဆောင်မှုအားလုံးဟာ Donbas ဒေသက ပြည်သူတွေကိုကူညီဖို့သာဖြစ်ပြီး ဒါဟာ ပြည်တွင်းမှာရော နိုင်ငံခြားမူဝါဒဆိုင်ရာမှာပါ ပိုခိုင်မာဖို့ ဖြစ်လာစေတယ်လို့လည်း ပြောပါတယ်။

ရုရှားက ဖေဖေါ်ဝါရီမှာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီး မြို့တော် Kyiv ကို သိမ်းဖို့ကြိုးစားရာကနေ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသဘက်ကို ပြောင်းလဲပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။ အဲဒီဒေသဟာ ၂၀၁၄ တုန်းက ရုရှားတွေဝင်တိုက်ခဲ့ချိန်ကစပြီး ယူကရိန်းတပ်တွေနဲ့ ရုရှားလိုလားတဲ့လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ကမ္ဘာတလွှားကြုံနေရတဲ့ စားနပ်ရိက္ခာပြဿနာကိုဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးတဲ့ ယူကရိန်းက ကောက်နှံတွေတင်ပို့ရေး သဘောတူညီချက်အတွက်လည်း ဒီတင်ပို့မှုတွေဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဆီ ရောက်မှာမဟုတ်ဘူးလို့ ပြောပြီး သမ္မတ Putin က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်နဲ့ ယူကရိန်းဆိပ်ကမ်းတွေကနေ ကောက်နှံ ၂.၂ မက်ထရစ်တန်နဲ့ တခြားစားသောက်ကုန်တွေ အင်္ဂါနေ့က တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့အကြံပေး Mykhailo Podolyak ကတော့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က အပြစ်တင်မှုဟာ မျှော်လင့်မထားတဲ့၊ အခြေမြစ်မရှိတဲ့ ပြောကြားချက်ဖြစ်ကြောင်း ဝေဖန်ပါတယ်။

တချိန်တည်းမှာပဲ Donbas ဒေသတွင်းမှာရော ယူကရိန်းမြောက်ပိုင်း Kharkiv အနီးနဲ့ တောင်ပိုင်းက Kharson Oblast ဘက်မှာပါ ၂၄ နာရီအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG