သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ ကန် ဇီဝလက်နက်ထုတ်နေကြောင်း မြောက်ကိုရီးယား ထပ်မံ စွပ်စွဲ


ယူကရိန်းစစ်သည်တော်များ။ (ဇူလိုင် ၂၃၊ ၂၀၂၂)
ယူကရိန်းစစ်သည်တော်များ။ (ဇူလိုင် ၂၃၊ ၂၀၂၂)


[[Zawgyi/Unicode]]

ယူကရိန်းမှာ အမေရိကန်က ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။ ဒီလိုစွပ်စွဲချက်ကို ရုရှားကလည်း လုပ်ခဲ့ပြီး ကုလသမဂ္ဂက မတ်လတုန်းက ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ မြောက်ကိုရီးယားက အဲဒီ စွပ်စွဲချက်ကို ပဲ့တင်ထပ်လိုက်တာပါ။

အမေရိကန်ဟာ နိုင်ငံတကာသဘောတူညီချက်တွေကိုချိုးဖောက်ပြီး ယူကရိန်း အပါအဝင် တိုင်းပြည်များစွာမှာ ဇီဝဓာတ်ခွဲခန်းတွေကို ထူထောင်တားတယ်လို့ နိုင်ငံတော်ပိုင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) က ရုရှားရဲ့တွေ့ရှိချက်တွေ ကို ကိုးကားပြီး တနင်္ဂနွေနေ့က ဆိုပါတယ်။

မတ်လတုန်းက ရုရှားက အဲဒီလိုပဲစွပ်စွဲခဲ့ရာမှာ အမေရိကန်နဲ့ ယူကရိန်းတို့က ငြင်းဆိုခဲ့ကြပါတယ်။ ယူကရိန်းမှာ ဇီဝလက်နက်အစီအစဉ် ရှိတယ်ဆိုတာကို ကုလသမဂ္ဂကမသိရှိကြောင်း လက်နက်ဖျက်သိမ်ရေးဌာန လက်ထောက် အတွင်းရေးမှူးချုပ် Izumi Nakamitsu က မတ်လတုန်းက ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့မူဝါဒဟာ ယူကရိန်းအကျပ်အတည်းရဲ့အရင်းအမြစ် အကြောင်းရင်းဖြစ်တယ်လို့ ရုရှားရဲ့မဟာမိတ် မြောက်ကိုရီးယားက ဖေဖော်ဝါရီလတုန်းကလည်း ပြောခဲ့ဖူးပါတယ်။ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေက နိုင်ငံ ၂ နိုင်ငံအဖြစ် ကြေညာခဲ့ရာမှာ မြောက်ကိုရီးယားက အသိအမှတ်ပြုလိုက်တဲ့အတွက် ယူကရိန်းက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]






XS
SM
MD
LG