သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတရဲ့ လွတ်လပ်ရေးနေ့မိန့်ခွန်း


ယူကရိန်းသမ္မတ Volodymyr Zelenskyy (သြဂုတ် ၂၃၊ ၂၀၂၂)
ယူကရိန်းသမ္မတ Volodymyr Zelenskyy (သြဂုတ် ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားတွေရဲ့ ကျူးကျော်စစ်ကို ၆ လကြာ ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းတွေဟာ ကိုယ်ြ့ကမ္မာ အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volidymyr Zelenskyy က ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာကျရောက်တဲ့ ယူကရိန်းလွတ်လပ်ရေးနေ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

“ယူကရိန်းတွေအနိုင်ရ အောင်ပွဲခံနိုင်တော့မှာဖြစ်သလို ဒါက ဒေသအားလုံးအတွက် အောင်ပွဲ ဖြစ်မှာပါ။ ကျနော်တို့ရဲ့ မြေနဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ဘာနဲ့မှ လဲမှာမဟုတ်ပါဘူး။ ကျနော်တို့အတွက်တော့ ယူကရိန်းဟာ နိုင်ငံသားအားလုံးအတွက် ဖြစ်သလို ပြည်နယ် ၂၅ ခုလုံးကို ဘာနဲ့မှ အပေးအယူ မလုပ်နိုင်ဘူး” လို့ ယူကရိန်းသမ္မတ Volidymyr Zelenskyy က ပြောပါတယ်။

ရုရှားတွေသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသကိုရော ခရိုင်းမီးယားကိုပါ ပြန်သိမ်းနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်းတွေဟာ အမိမြေအတွက် အဆုံးထိတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်ကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။ ယူကရိန်းရဲ့ လွတ်လပ်ရေးနေ့မှာ အစိုးရအဆောက်အဦးတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်မှုတွေ တိုးလုပ်နိုင်ကြောင်း ယူကရိန်းခေါင်းဆောင်တွေကရော အမေရိကန်ကပါ သတိပေးထားတာဖြစ်ပြီး Kyiv မြို့မှာ ဒေသခံတွေ လွတ်လပ်ရေးပွဲတွေ မကျင်းပဖို့လည်း တားမြစ်ထားပါတယ်။

အမေရိကန်ဘက်က ယူကရိန်းတပ်သားတွေကို လာမယ့် နှစ်တွေမှာ ထောက်ပံဖို့ နဲ့ လေ့ကျင့်ပေးရေးအတွက် နောက်ထပ် အကူငွေ ဒေါ်လာ ၃ ဘီလီယံပေးဖို့ ဗုဒ္ဓဟူးနေ့ အစောဆုံးထား ကြေညာမယ်လို့လည်း ခန့်မှန်းရပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ၆ လကြာ ခုခံစစ် ဆင်နွှဲနေရတဲ့ ယူကရိန်းပြည်သူတွေ အတွက် ဆုတောင်းပေးကြဖို့ ဒီကနေ့ ဆုတောင်းပွဲမှာ ပန်ကြားခဲ့သလို စစ်ပွဲအဆုံးသတ် ဖို့နဲ့ Zaporizhzhia နျူကလီယား ဓါတ်အားပေးစက်ရုံ အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ကြမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG