သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို အကူအညီတိုးေပးဖို႔ ေနတိုး ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြး


NATO- ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖြဲ႔ဝင္ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ရိုေမးနီးယားႏုိင္ငံ၊ Bucharest ၿမိဳ႕မွာေတြ႔ဆံုၿပီး ယူကရိန္းအေရး ေဆြးေႏြးၾကစဥ္။ (ႏိုဝင္ဘာ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ေျမာက္အႏၲလန္တိတ္စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႔ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ဒီကေန႔ အဂၤါေန႔မွာ ႐ိုေမးနီးယားႏိုင္ငံမွာေတြ႔ဆုံၿပီး ယူကရိန္းအတြက္ လွ်ပ္စစ္ဓာတ္အားေပးေရးအပါအဝင္ အေရးေပၚအကူအညီေတြ တိုးျမႇင့္ေပးဖို႔ ေဆြးေႏြးၾကပါတယ္။

“ယူကရိန္းကို က်ေနာ္တို႔ အကူအညီေတြဆက္ေပးသြားမွာပါ။ က်ေနာ္တို႔ေနာက္ျပန္ဆုတ္သြားမွာမဟုတ္ပါဘူး” လို႔ NATO မဟာမိတ္အဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Jens Stolenberg က အစည္းေဝးမစမီ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။ ႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ ေဆာင္းရာသီကို လက္နက္တခုလို အသုံးျပဳေနတယ္လို႔လည္း NATO အတြင္းေရးမႉးခ်ဳပ္ Jens Stolenberg ကေျပာဆိုခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုက ယူကရိန္းကိုေပးမယ့္ အေရးေပၚ အကူအညီေတြကိုေတာ့ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္က ဒီကေန႔ ေၾကညာဖို႔ ရွိတယ္လို႔ အေမရိကန္ အႀကီးတန္းအရာရွိက NATO ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးျပင္ပမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

႐ုရွားကေန ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းရဲ႕ လွ်ပ္စစ္စြမ္းအင္အပါအဝင္ အေျခခံအေဆာက္အအံုေတြ ပ်က္စီးခဲ့ရပါတယ္။

အခုျပဳလုပ္တဲ့ NATO ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ ႕အစည္းအေဝးကေန ယူကရိန္းအတြက္ ေလာင္စာဆီ၊ လ်ပ္စစ္ဓာတ္အား ေပးစက္၊ ေဆးဝါး၊ ဒ႐ုန္းဖ်က္ကရိယာနဲ႔ ေဆာင္းရာသီအတြက္လိုအပ္တဲ့ ပစၥည္းေတြအပါအဝင္ စစ္လက္ႏွက္ပစၥည္း မဟုတ္တဲ့ အေရးအေပးအကူညီေတြ တိုးျမွင့္ ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကို အကူအညီတိုးပေးဖို့ နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြောက်အန္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရိုမေးနီးယားနိုင်ငံမှာတွေ့ဆုံပြီး ယူကရိန်းအတွက် လျှပ်စစ်ဓာတ်အားပေးရေးအပါအဝင် အရေးပေါ်အကူအညီတွေ တိုးမြှင့်ပေးဖို့ ဆွေးနွေးကြပါတယ်။

“ယူကရိန်းကို ကျနော်တို့ အကူအညီတွေဆက်ပေးသွားမှာပါ။ ကျနော်တို့နောက်ပြန်ဆုတ်သွားမှာမဟုတ်ပါဘူး” လို့ NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stolenberg က အစည်းဝေးမစမီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆောင်းရာသီကို လက်နက်တခုလို အသုံးပြုနေတယ်လို့လည်း NATO အတွင်းရေးမှူးချုပ် Jens Stolenberg ကပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိုပေးမယ့် အရေးပေါ် အကူအညီတွေကိုတော့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဒီကနေ့ ကြေညာဖို့ ရှိတယ်လို့ အမေရိကန် အကြီးတန်းအရာရှိက NATO နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရုရှားကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ လျှပ်စစ်စွမ်းအင်အပါအဝင် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

အခုပြုလုပ်တဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကနေ ယူကရိန်းအတွက် လောင်စာဆီ၊ လျပ်စစ်ဓာတ်အား ပေးစက်၊ ဆေးဝါး၊ ဒရုန်းဖျက်ကရိယာနဲ့ ဆောင်းရာသီအတွက်လိုအပ်တဲ့ ပစ္စည်းတွေအပါအဝင် စစ်လက်နှက်ပစ္စည်း မဟုတ်တဲ့ အရေးအပေးအကူညီတွေ တိုးမြှင့် ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG