သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားအတြက္ အထူးတရား႐ုံးဖြင့္ဖို႔ ဥေရာပေကာ္မရွင္ေတာင္းဆို


ဥေရာပ ေကာ္မရွင္ဥကၠ႒ Ursula von der Leyen (ႏိုဝင္ဘာ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန္းအေပၚ ႐ုရွားက က်ဴးလြန္တဲ့ရာဇဝတ္မႈေတြကို စုံစမ္းတရားစြဲဖို႔ အထူးတရား႐ုံးတခုဖြင့္လွစ္ေပးဖို႔ ဥေရာပ ေကာ္မရွင္ဥကၠ႒ Ursula von der Leyen က ဗုဒၶဟူးေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ ဒီ တရား႐ုံးက ကုလသမဂၢက ေက်ာေထာက္ေနာက္ခံေပးတဲ့ တရား႐ုံးျဖစ္မွာပါ။

ၿပီးခဲ့တဲ့ေဖေဖၚဝါရီလက ယူကရိန္းကို က်ဴးေက်ာ္ၿပီးကတည္းက ႐ုရွားတပ္ေတြေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ရတာေတြကို ယူကရိန္းက ျပန္လည္တည္ေဆာက္ရာမွာ ႐ုရွားနဲ႔တာဝန္ရွိသူေတြက ကုန္က်စရိတ္ေတြကို ေပးရမယ္လို႔လည္း သူက ေျပာပါတယ္။ ႐ိုေမးနီးယားႏိုင္ငံမွာ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖြဲ႔ NATO ႏိုင္ငံျခားေရးဝန္ႀကီးေတြက ယူကရိန္းအေရးနဲ႔ ယူကရိန္းကို အေထာက္အပံ့ေပးေရး ေဆြးေႏြးတဲ့အစည္းအေဝး ေနာက္ဆုံးေန႔မွာ ေကာ္မရွင္ဥကၠ႒ von der Leyen က အခုလို ေျပာဆိုတာပါ။

႐ုရွားရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ အေမရိကန္နဲ႔ ေနတိုးအဖြဲ႕တို႔ က ယူကရိန္းကို ကူညီေပးေနတာေတြကို အဟန႔္အတားျဖစ္ေစမွာမဟုတ္ဘူးလို႔ ႐ိုေမးနီးယားႏိုင္ငံမွာေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken ကလည္း ေျပာဆိုပါတယ္။ တႏိုင္ငံလုံးဆိုင္ရာ လွ်ပ္စစ္ကြန္ယက္အတြက္ လိုအပ္တဲ့ပစၥည္းေတြဝယ္ဖို႔ ေနာက္ထပ္ ေဒၚလာ ၅၃ သန္းကို အကူအညီေပးမယ္လို႔ ဘလင္ကန္က ေျပာပါတယ္။

ယူကရိန္းဟာ တေန႔မွာေတာ့ ေနတိုးကို ဝင္ေရာက္ခြင့္ရလိမ့္မယ္လို႔ ေနတိုး အတြင္းေရးမႉး Jens Stoltenberg က ေျပာပါတယ္။ ယူကရိန္းအဖြဲ႔ဝင္ ျဖစ္ေရးဟာ ၂၀၀၈ ခုႏွစ္ကစခဲ့ေပမဲ့ အဲဒီကတည္းက ထူးမလာခဲ့ေသးပါဘူး။ မၾကာမီ ဆြီဒင္နဲ႔ဖင္လန္တို႔လည္း ေနတိုးရဲ႕အဖြဲ႔ဝင္ေတြ ျဖစ္လာၾကမယ္လို႔ Jens Stoltenberg က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရုရှားအတွက် အထူးတရားရုံးဖွင့်ဖို့ ဥရောပကော်မရှင်တောင်းဆို

ယူကရိန်းအပေါ် ရုရှားက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းတရားစွဲဖို့ အထူးတရားရုံးတခုဖွင့်လှစ်ပေးဖို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီ တရားရုံးက ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးတဲ့ တရားရုံးဖြစ်မှာပါ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားတပ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ယူကရိန်းက ပြန်လည်တည်ဆောက်ရာမှာ ရုရှားနဲ့တာဝန်ရှိသူတွေက ကုန်ကျစရိတ်တွေကို ပေးရမယ်လို့လည်း သူက ပြောပါတယ်။ ရိုမေးနီးယားနိုင်ငံမှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေက ယူကရိန်းအရေးနဲ့ ယူကရိန်းကို အထောက်အပံ့ပေးရေး ဆွေးနွေးတဲ့အစည်းအဝေး နောက်ဆုံးနေ့မှာ ကော်မရှင်ဥက္ကဋ္ဌ von der Leyen က အခုလို ပြောဆိုတာပါ။

ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ က ယူကရိန်းကို ကူညီပေးနေတာတွေကို အဟန့်အတားဖြစ်စေမှာမဟုတ်ဘူးလို့ ရိုမေးနီးယားနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကလည်း ပြောဆိုပါတယ်။ တနိုင်ငံလုံးဆိုင်ရာ လျှပ်စစ်ကွန်ယက်အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ နောက်ထပ် ဒေါ်လာ ၅၃ သန်းကို အကူအညီပေးမယ်လို့ ဘလင်ကန်က ပြောပါတယ်။

ယူကရိန်းဟာ တနေ့မှာတော့ နေတိုးကို ဝင်ရောက်ခွင့်ရလိမ့်မယ်လို့ နေတိုး အတွင်းရေးမှူး Jens Stoltenberg က ပြောပါတယ်။ ယူကရိန်းအဖွဲ့ဝင် ဖြစ်ရေးဟာ ၂၀၀၈ ခုနှစ်ကစခဲ့ပေမဲ့ အဲဒီကတည်းက ထူးမလာခဲ့သေးပါဘူး။ မကြာမီ ဆွီဒင်နဲ့ဖင်လန်တို့လည်း နေတိုးရဲ့အဖွဲ့ဝင်တွေ ဖြစ်လာကြမယ်လို့ Jens Stoltenberg က ဆိုပါတယ်။

XS
SM
MD
LG