သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္း ႐ုရွား လူထုဆႏၵခံယူပြဲ အေနာက္ႏိုင္ငံေတြ ရႈတ္ခ်


ယူကရိန္းႏုိင္ငံ Luhansk ၿမိဳ႕မွာ ႐ုရွားလက္ေအာက္ေနလုိစိတ္ရွိမရွိ လူထုဆႏၵခံယူပြဲ မဲေပးလာသူမ်ား။ (စက္တင္ဘာ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားသိမ္းပိုက္ထားတဲ့ ယူကရိန္းအေရွ႕ပိုင္းေဒသေတြမွာ ႐ုရွားအစိုးရစီစဥ္ျပဳလုပ္တဲ့ ႐ုရွားလက္ေအာက္ ဒီေဒသခံေတြေနလိုတဲ့ဆႏၵရွိမရွိ လူထုဆႏၵခံယူပြဲကို ေသာၾကာေန႔မွာ စတင္မဲေပးေနပါၿပီ။ ယူကရိန္းအေရွ႕ပိုင္းက Luhansk ၊ Kherson နဲ႔ ႐ုရွားတစိတ္တပိုင္း ထိန္းခ်ဳပ္ထားတဲ့ Zaporizhzhia နဲ႔ Donetsk ေဒသေတြမွာ မဲစေပးေနၾကတာပါ။

အေနာက္ႏိုင္ငံေတြကေတာ့ အခုက်င္းပတဲ့ လူထုဆႏၵခံယူပြဲဟာ ဒီေဒသေတြမွာ သူ႔ရဲ႕ဝင္ေရာက္က်ဴးေက်ာ္မႈကိုအေၾကာင္းျပဖို႔ ႐ုရွားဘက္က ႀကိဳးစားတာလို႔ ရႈျမင္ၾကၿပီး ရႈတ္ခ်ေနၾကတာျဖစ္ပါတယ္။

ဥေရာပေဒသ လံုျခံဳေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ OSCE ကေတာ့ ဒီ လူထုဆႏၵခံယူပြဲဟာ တရားမဝင္ဘူးလို႔ ေျပာပါတယ္။ ယူကရိန္းပိုင္နက္ထဲမွာ ေရြးေကာက္ပြဲျဖစ္ေစ၊ လူထုဆႏၵခံယူပြဲျဖစ္ေစ က်င္းပမယ္ဆိုရင္ ယူကရိန္းအာဏာပိုင္ေတြက ေၾကညာရမွာျဖစ္သလို ဒါကို ယူကရိန္းဥပေဒေတြ၊ ႏိုင္ငံတကာစံႏႈန္းေတြနဲ႔အညီ က်င္းပဖို႔လုပ္ရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

သမၼတ Vladimir Putin က သူ႔ရဲ႕ ယူကရိန္းကစစ္ပြဲအတြက္ တပ္သားေတြထပ္ေစလႊတ္ႏိုင္ဖို႔ အရံတပ္သား ၃ သိန္းကို ေခၚယူမွာျဖစ္ေၾကာင္း ေၾကညာခဲ့တဲ့ေနာက္ အခုလို သူသိမ္းထားတဲ့ ယူကရိန္းေဒသေတြမွာ ဆႏၵခံယူပြဲက်င္းပတာ ျဖစ္ပါတယ္။ ဒီေၾကညာခ်က္ထြက္လာၿပီးေနာက္ ပိုင္း ေမာ္စကိုနဲ႔တျခား႐ုရွားၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ဆႏၵျပသူ ၁,၃၀၀ ေလာက္လည္း အဖမ္းဆီးခံခဲ့ရပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းတပ္ေတြဟာ ၿပီးခဲ့တဲ့ ၃ ရက္အတြင္းမွာပဲ Kharkiv ေဒသက အေရးပါတဲ့ Oskil ျမစ္အေရွ႕ျခမ္းကေန Donetsk ေတာင္ပိုင္းအထိ ျပန္သိမ္းယူႏိုင္ခဲ့ၿပီး အခုဆို ေမလထဲက ႐ုရွားသိမ္းထားတဲ့ Siverskyy Donets ျမစ္ အေရွ႕က ၿမိဳ႕ကေလးမွာတိုက္ခိုက္ေနတယ္ လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။
#ယူကရိန္းအေရွ႕ပိုင္းေဒသ #လူထုဆႏၵခံယူပဲြ #Zaporizhzhia #Donetsk #Luhansk #Kherson

==============

[[Unicode]]

ယူကရိန်းအရှေ့ပိုင်း ရုရှား လူထုဆန္ဒခံယူပွဲ အနောက်နိုင်ငံတွေ ရှုတ်ချ

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ရုရှားအစိုးရစီစဉ်ပြုလုပ်တဲ့ ရုရှားလက်အောက် ဒီဒေသခံတွေနေလိုတဲ့ဆန္ဒရှိမရှိ လူထုဆန္ဒခံယူပွဲကို သောကြာနေ့မှာ စတင်မဲပေးနေပါပြီ။ ယူကရိန်းအရှေ့ပိုင်းက Luhansk ၊ Kherson နဲ့ ရုရှားတစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ Zaporizhzhia နဲ့ Donetsk ဒေသတွေမှာ မဲစပေးနေကြတာပါ။

အနောက်နိုင်ငံတွေကတော့ အခုကျင်းပတဲ့ လူထုဆန္ဒခံယူပွဲဟာ ဒီဒေသတွေမှာ သူ့ရဲ့ဝင်ရောက်ကျူးကျော်မှုကိုအကြောင်းပြဖို့ ရုရှားဘက်က ကြိုးစားတာလို့ ရှုမြင်ကြပြီး ရှုတ်ချနေကြတာဖြစ်ပါတယ်။

ဥရောပဒေသ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကတော့ ဒီ လူထုဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။ ယူကရိန်းပိုင်နက်ထဲမှာ ရွေးကောက်ပွဲဖြစ်စေ၊ လူထုဆန္ဒခံယူပွဲဖြစ်စေ ကျင်းပမယ်ဆိုရင် ယူကရိန်းအာဏာပိုင်တွေက ကြေညာရမှာဖြစ်သလို ဒါကို ယူကရိန်းဥပဒေတွေ၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကျင်းပဖို့လုပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ Vladimir Putin က သူ့ရဲ့ ယူကရိန်းကစစ်ပွဲအတွက် တပ်သားတွေထပ်စေလွှတ်နိုင်ဖို့ အရံတပ်သား ၃ သိန်းကို ခေါ်ယူမှာဖြစ်ကြောင်း ကြေညာခဲ့တဲ့နောက် အခုလို သူသိမ်းထားတဲ့ ယူကရိန်းဒေသတွေမှာ ဆန္ဒခံယူပွဲကျင်းပတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ထွက်လာပြီးနောက် ပိုင်း မော်စကိုနဲ့တခြားရုရှားမြို့ကြီးအတော်များများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူ ၁,၃၀၀ လောက်လည်း အဖမ်းဆီးခံခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာပဲ Kharkiv ဒေသက အရေးပါတဲ့ Oskil မြစ်အရှေ့ခြမ်းကနေ Donetsk တောင်ပိုင်းအထိ ပြန်သိမ်းယူနိုင်ခဲ့ပြီး အခုဆို မေလထဲက ရုရှားသိမ်းထားတဲ့ Siverskyy Donets မြစ် အရှေ့က မြို့ကလေးမှာတိုက်ခိုက်နေတယ် လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
#ယူကရိန်းအရှေ့ပိုင်းဒေသ #လူထုဆန္ဒခံယူပွဲ #Zaporizhzhia #Donetsk #Luhansk #Kherson

==============

XS
SM
MD
LG