သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ႐ုရွားက ယူကရိန္းၿမိဳ႕ေတာ္ကို ျပန္လည္တိုက္ခိုက္


Kyiv ၿမိဳ႕ ေလေၾကာင္းက တိုက္ခိုက္ခံရစဥ္။

[[Zawgyi/Unicode]]


႐ုရွားက ယူကရိန္း ၿမိဳ႕ေတာ္ကို တနဂၤေႏြေန႔က ျပန္လည္ တိုက္ခိုက္လိုက္ပါတယ္။

အနည္းဆုံး လူေနတိုက္ခန္းတြဲ အေဆာက္အအုံတစ္ခု ထိမွန္ခဲ့တယ္လို႔ ကိဗ္ ၿမိဳ႕ေတာ္ဝန္ Vitali Klitschko က ေျပာပါတယ္။ G 7 လို႔ သိၾကတဲ့ ကမာၻ႔ အခ်မ္းသာဆုံး ဒီမိုကေရစီ ႏိုင္ငံ ၇ ႏိုင္ငံ က ဂ်ာမဏီ ႏိုင္ငံမွာ ထိပ္သီးညီလာခံ စတင္လိုက္တဲ့ တနဂၤေႏြေန႔မွာပဲ ခုလို တိုက္ခိုက္လိုက္တာ ျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးမွာ ႐ုရွားက်ဴးေက်ာ္စစ္က အဓိက အေၾကာင္းအရာ ျဖစ္ပါတယ္။ ယူကရိန္းသမၼတ Volodymyr Zelenskyy က တနလၤာေန႔မွာ အစည္းအေဝး တက္ေရာက္မွာ ျဖစ္ေၾကာင္း စေနေန႔ က ေျပာပါတယ္။

ယူကရိန္းအေရွ႕ပိုင္း Sievierodonetsk ၿမိဳ႕ကေန ယူကရိန္းတပ္ေတြ ဆုတ္ခြါခဲ့ၿပီး တရက္အၾကာမွာ ႐ုရွားက ၿမိဳ႕ေတာ္ကို ခုလို တိုက္ခိုက္လာတာလည္း ျဖစ္ပါတယ္။ Sievierodonetsk ၿမိဳ႕ရဲ႕ အနီး က ၿမိဳ႕ Lysychansk ကိုလည္း ႐ုရွားက လုံးဝ သိမ္းပိုက္ထားလိုက္ၿပီလို႔ ယူကရိန္းက ေျပာပါတယ္။ Luhansk ေဒသတည္ၿငိမ္ဖို႔ဆိုရင္ ႐ုရွားနဲ႔ လက္နက္ခ်င္းညီဖို႔လိုတယ္လို႔ ယူကရိန္းဗိုလ္ခ်ဳပ္ႀကီး Valeriy Zaluzhniy က အေမရိကန္လက္နက္ကိုင္တပ္ဖြဲ႕မ်ား ပူးတြဲ စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီး Mark Milley ကို ေသာၾကာေန႔က ဖုန္း နဲ႔ ေျပာခဲ့ပါတယ္။

ယူကရိန္းအႏွံ႔အျပားကို ႐ုရွားက ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ေနၿပီး ဘယ္လာ႐ု ႏိုင္ငံ ရဲ႕ ေလျပင္ပိုင္နက္ကေန လာတာ ျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ႐ုရွား သမၼတဗလာဒီမာပူတင္နဲ႔ ဘယ္လာ႐ုသမၼတ Aleksandr Lukashenko တို႔ စိန႔္ပီတာစဘတ္ၿမိဳ႕ မွာ မေတြ႕ဆုံမီ နာရီပိုင္းအလိုမွာ ခုလို တိုက္ခိုက္တာလည္း ျဖစ္ပါတယ္။
#ယူကရိန္း #ရုရွားက်ဴးေက်ာ္စစ္ #ဘဲလား႐ုစ္ေလျပင္ပိုင္နက္ #Sievierodonetsk #ဗီြအိုေအ
===========

[[Unicode]]

ရုရှားက ယူကရိန်းမြို့တော်ကို ပြန်လည်တိုက်ခိုက်

ရုရှားက ယူကရိန်း မြို့တော်ကို တနင်္ဂနွေနေ့က ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။

အနည်းဆုံး လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်ခု ထိမှန်ခဲ့တယ်လို့ ကိဗ် မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။ G 7 လို့ သိကြတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဒီမိုကရေစီ နိုင်ငံ ၇ နိုင်ငံ က ဂျာမဏီ နိုင်ငံမှာ ထိပ်သီးညီလာခံ စတင်လိုက်တဲ့ တနင်္ဂနွေနေ့မှာပဲ ခုလို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ ရုရှားကျူးကျော်စစ်က အဓိက အကြောင်းအရာ ဖြစ်ပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္လာနေ့မှာ အစည်းအဝေး တက်ရောက်မှာ ဖြစ်ကြောင်း စနေနေ့ က ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း Sievierodonetsk မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွါခဲ့ပြီး တရက်အကြာမှာ ရုရှားက မြို့တော်ကို ခုလို တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။ Sievierodonetsk မြို့ရဲ့ အနီး က မြို့ Lysychansk ကိုလည်း ရုရှားက လုံးဝ သိမ်းပိုက်ထားလိုက်ပြီလို့ ယူကရိန်းက ပြောပါတယ်။ Luhansk ဒေသတည်ငြိမ်ဖို့ဆိုရင် ရုရှားနဲ့ လက်နက်ချင်းညီဖို့လိုတယ်လို့ ယူကရိန်းဗိုလ်ချုပ်ကြီး Valeriy Zaluzhniy က အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Mark Milley ကို သောကြာနေ့က ဖုန်း နဲ့ ပြောခဲ့ပါတယ်။

ယူကရိန်းအနှံ့အပြားကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပြီး ဘယ်လာရု နိုင်ငံ ရဲ့ လေပြင်ပိုင်နက်ကနေ လာတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ရုရှား သမ္မတဗလာဒီမာပူတင်နဲ့ ဘယ်လာရုသမ္မတ Aleksandr Lukashenko တို့ စိန့်ပီတာစဘတ်မြို့ မှာ မတွေ့ဆုံမီ နာရီပိုင်းအလိုမှာ ခုလို တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
#ယူကရိန်း #ရုရှားကျူးကျော်စစ် #ဘဲလားရုစ်လေပြင်ပိုင်နက် #Sievierodonetsk #ဗွီအိုအေ
===========

XS
SM
MD
LG