သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း လျှပ်စစ်ဖြန့်ဝေမှု ထိခိုက်


ရုရှားဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Zhytomyr မြို့က ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မီးသတ်အဖွဲ့က ငြိမ်းသတ်နေစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၂)
ရုရှားဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Zhytomyr မြို့က ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မီးသတ်အဖွဲ့က ငြိမ်းသတ်နေစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ အခြေခံအဆောက်အဦးတွေ မနေ့ ဗုဒ္ဓဟူးနေ့ညမှာ ရုရှားတို့ရဲ့တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် တိုင်းပြည်အတွင်းက ဒေသအတော်များများကို လျှပ်စစ်ဓါတ်အား အကန့်အသတ်နဲ့ ဖြန့်ချိသွားမယ်လို့ အစိုးရ လျှပ်စစ်အားကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပျက်စီးသွားတဲ့အထဲ တိုင်းပြည်အလယ်ပိုင်းက လျှပ်စစ်ဖြန့်ချိရေးဆိုင်ရာ စက်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ Ukrenergo ကုမ္ပဏီက ပြောပါတယ်။ အခုလို ကန့်သတ်ရတာဟာ လျှပ်စစ်မီး ဖြန့်ချိနိုင်ရေးနဲ့သုံးလိုမှု ဝန်အားမမျှ ဖြစ်မှာကို ဟန့်တားဖို့နဲ့ ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ပြင်ဆင်နိုင်ဖို့တို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွင်း လျှပ်စစ်မီးဖြန့်ချိရေး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် လျှပ်စစ်ဝန်ထမ်းတွေကို သမ္မတ Volodymyr Zelenskyy က ဂုဏ်ပြု ပြောကြားချိန်မှာပဲ ယူကရိန်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့နေရာတွေ တိုက်ခိုက်ခံခဲ့ရတာပါ။

ဒီအတောအတွင်း Belarus နိုင်ငံဘက်ကနေ တိုက်ခိုက်တာတွေ ရှိလာမှာစိုးတဲ့အတွက် နယ်စပ်မှာ ယူကရိန်းတပ်ဖွဲ့အင်အားတွေ တိုးမြှင့် ချထားတယ်လို့ ယူကရိန်းစစ်တပ် တာဝန်ရှိသူက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ ရန်သူဘက်က တိုက်ခိုက်ရေးတပ်ဖွဲ့တွေ Belarus နိုင်ငံအတွင်းမှာ ရှိမနေပေမယ့် ပြင်ဆင်မှုတွေ ရှိနေတယ်ဆိုတာကိုသိထားတဲ့အတွက် သူတို့ဘက်က ကြိုတင် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ယူကရိန်းစစ်တပ် တာဝန်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG