သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို အီးယူအဖြဲ႔ဝင္ႏိုင္ငံေလာင္းအျဖစ္ ဥေရာပပါလီမန္ မဲခြဲ အတည္ျပဳ


ဥေရာပေကာင္စီဥကၠ႒ Charles michel


[[Zawgyi/Unicode]]

ယူကရိန္းကို EU ဥေရာပသမဂၢအဖြဲ႔ဝင္ျဖစ္လာေရး ကနဦးအဆင့္ အဖြဲ႔ဝင္ႏိုင္ငံေလာင္းအျဖစ္ ေထာက္ခံ အတည္ျပဳေပးလိုက္ၾကပါတယ္။ ဒါဟာ ဥေရာပေကာင္စီ ထိပ္သီးပြဲမတိုင္ခင္ ဥေရာပလႊတ္ေတာ္ (EP) ဘက္က တခဲနက္ မဲခြဲ အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။

ဥေရာပေခါင္းေဆာင္အားလံုးအေနနဲ႔လည္း ဒီေန႔ ေန႔လယ္ထိပ္သီးပြဲမွာ မဆိုင္းမတြ ဆက္ေထာက္ခံေပးဖို႔ သမိုင္းဝင္တာဝန္ရွိတယ္လို႔ အခု လႊတ္ေတာ္ဆံုးျဖတ္ ခ်က္ထဲ ေတာင္းဆိုထားၿပီး ဥေရာပေကာင္စီ အႀကီးအကဲကလည္း အဲဒီလို ဆုံးျဖတ္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုပါတယ္။

ဥေရာပေကာင္စီ ဥကၠ႒ Charles Michel က ဥေရာပေခါင္းေဆာင္ေတြ အားလံုးအေနနဲ႔လည္း ယူကရိန္းအတြက္ အခုလို ဆက္ဆံုးျဖတ္ေပးဖို႔ ယံုၾကည္မူ ရွိထားၿပီးပါၿပီလို႔ ဒီေန႔ပဲ ေျပာလိုက္ပါတယ္။ ဒီ ေနာက္ဆံုး ဥေရာပေကာင္စီ အစည္းအေဝးအတြက္ေရာ၊ ဥေရာပလႊတ္ေတာ္အတြက္ပါ ႀကိျပင္ေပးရတဲ့ EC ဥေရာပေကာ္မရွင္ရဲ႕ အႀကီးအကဲ Ursula von der Leyen ကလည္း ယူကရိန္းကို ကိုယ္တိုင္သြားခဲ့ၿပီး အခုလို ေထာက္ခံမႈေပးဖို႔ ၿပီးခဲ့တဲ့အပတ္ကပဲ အခိုင္အမာ ေထာက္ခံခဲ့ပါေသးတယ္။

ဥေရာပေကာ္မရွင္အေနနဲ႔ ႐ုရွားက်ဴးေက်ာ္စစ္အၿပီး အခုလို ယူကရိန္းကို လက္ခံေရး တက္သုတ္႐ိုက္ လုပ္ေပးတာအျပင္ ယူကရိန္းရဲ႕အိမ္နီးခ်င္း Moldova ႏိုင္ငံကိုလည္း အလားတူရဖို႔ ၿပီးခဲ့တဲ့အပတ္ကပဲ ေထာက္ခံခ်က္ေပးထားပါတယ္။ ဒါ့အျပင္ ဥေရာပလႊတ္ေတာ္ကလည္း Georgia ကိုပါ အဖြဲ႔ဝင္ကိုယ္စားလွယ္ေလာင္းအျဖစ္ တပါတည္း ဆံုးျဖတ္ေပးလိုက္ပါတယ္။

႐ုရွားက်ဳးေက်ာ္စစ္ကို ဆက္ၾကံၾ့ကံ့ခံေနရတဲ့ ယူကရိန္းအေနနဲ႔လည္း ဒီ EU အဖြဲ႔ဝင္အဆင့္ရဖို႔ အေလးထားၿပီး သမၼတ Volodymyr Zelenskyy ကိုယ္တိုင္ ဥေရာပေခါင္းေဆာင္ေတြကို ဖုန္းဆက္ စည္းရံုးထားတယ္လို႔ ညစဥ္ ႏိုင္ငံကိုေျပာတဲ့ ဗီဒီယိုမိန္႔ခြန္းမွာ ထည့္ေျပာခဲ့ပါတယ္။

ဒီ EU အဖြဲ႔ဝင္ ကိုယ္စားလွယ္ေလာင္းအဆင့္ဟာ လက္ရွိ အဖြဲ႔ဝင္ ၂၇ ႏိုင္ငံပါတဲ့ EU အဖြဲ႔ဝင္ျဖစ္ေရး ပထမအဆင့္ျဖစ္ၿပီး ႏွစ္တခ်ိဳ႕ကေန ဆယ္စုႏွစ္တခုအထိၾကာေလ့ရွိကာ ဒီမိုကေရစီစံႏႈန္းေတြအပါအဝင္ ႏိုင္ငံေရး စီးပြားေရး သတ္မွတ္ခ်က္စံေတြ ျပည့္မီဖို႔လိုအပ္ပါတယ္။

EU ဌာနခ်ဳပ္ရွိရာ ဘယ္လ္ဂ်ီယံႏိုင္ငံ Brussel ၿမိဳ.မွာဒီေန႔လည္စမဲ့ အခု ဥေရာပေခါင္းေဆာင္ေတြ ၂ ရက္ၾကာ ထိပ္သီး အစည္းအေဝးမွာ ႐ုရွားက်ဳးေက်ာ္စစ္ေၾကာင့္ ကမာၻ႔အစားအေသာက္လံုျခံဳမႈအေပၚ သက္ေရာက္မူအျပင္ ယူကရိန္းကို စီးပြားေရး၊ စစ္ေရး၊ လူသားခ်င္းစာနေရး အကူအညီေပးဖို႔ပါ ေဆြးေႏြးဖို႔ ျပင္ထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ယူကရိန်းကို EU ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရေး ကနဦးအဆင့် အဖွဲ့ဝင်နိုင်ငံလောင်းအဖြစ် ထောက်ခံ အတည်ပြုပေးလိုက်ကြပါတယ်။ ဒါဟာ ဥရောပကောင်စီ ထိပ်သီးပွဲမတိုင်ခင် ဥရောပလွှတ်တော် (EP) ဘက်က တခဲနက် မဲခွဲ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်အားလုံးအနေနဲ့လည်း ဒီနေ့ နေ့လယ်ထိပ်သီးပွဲမှာ မဆိုင်းမတွ ဆက်ထောက်ခံပေးဖို့ သမိုင်းဝင်တာဝန်ရှိတယ်လို့ အခု လွှတ်တော်ဆုံးဖြတ် ချက်ထဲ တောင်းဆိုထားပြီး ဥရောပကောင်စီ အကြီးအကဲကလည်း အဲဒီလို ဆုံးဖြတ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ဥရောပခေါင်းဆောင်တွေ အားလုံးအနေနဲ့လည်း ယူကရိန်းအတွက် အခုလို ဆက်ဆုံးဖြတ်ပေးဖို့ ယုံကြည်မူ ရှိထားပြီးပါပြီလို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဒီ နောက်ဆုံး ဥရောပကောင်စီ အစည်းအဝေးအတွက်ရော၊ ဥရောပလွှတ်တော်အတွက်ပါ ကြိပြင်ပေးရတဲ့ EC ဥရောပကော်မရှင်ရဲ့ အကြီးအကဲ Ursula von der Leyen ကလည်း ယူကရိန်းကို ကိုယ်တိုင်သွားခဲ့ပြီး အခုလို ထောက်ခံမှုပေးဖို့ ပြီးခဲ့တဲ့အပတ်ကပဲ အခိုင်အမာ ထောက်ခံခဲ့ပါသေးတယ်။

ဥရောပကော်မရှင်အနေနဲ့ ရုရှားကျူးကျော်စစ်အပြီး အခုလို ယူကရိန်းကို လက်ခံရေး တက်သုတ်ရိုက် လုပ်ပေးတာအပြင် ယူကရိန်းရဲ့အိမ်နီးချင်း Moldova နိုင်ငံကိုလည်း အလားတူရဖို့ ပြီးခဲ့တဲ့အပတ်ကပဲ ထောက်ခံချက်ပေးထားပါတယ်။ ဒါ့အပြင် ဥရောပလွှတ်တော်ကလည်း Georgia ကိုပါ အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းအဖြစ် တပါတည်း ဆုံးဖြတ်ပေးလိုက်ပါတယ်။

ရုရှားကျုးကျော်စစ်ကို ဆက်ကြံြ့ကံ့ခံနေရတဲ့ ယူကရိန်းအနေနဲ့လည်း ဒီ EU အဖွဲ့ဝင်အဆင့်ရဖို့ အလေးထားပြီး သမ္မတ Volodymyr Zelenskyy ကိုယ်တိုင် ဥရောပခေါင်းဆောင်တွေကို ဖုန်းဆက် စည်းရုံးထားတယ်လို့ ညစဉ် နိုင်ငံကိုပြောတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

ဒီ EU အဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဆင့်ဟာ လက်ရှိ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ EU အဖွဲ့ဝင်ဖြစ်ရေး ပထမအဆင့်ဖြစ်ပြီး နှစ်တချို့ကနေ ဆယ်စုနှစ်တခုအထိကြာလေ့ရှိကာ ဒီမိုကရေစီစံနှုန်းတွေအပါအဝင် နိုင်ငံရေး စီးပွားရေး သတ်မှတ်ချက်စံတွေ ပြည့်မီဖို့လိုအပ်ပါတယ်။

EU ဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ Brussel မြို.မှာဒီနေ့လည်စမဲ့ အခု ဥရောပခေါင်းဆောင်တွေ ၂ ရက်ကြာ ထိပ်သီး အစည်းအဝေးမှာ ရုရှားကျုးကျော်စစ်ကြောင့် ကမ္ဘာ့အစားအသောက်လုံခြုံမှုအပေါ် သက်ရောက်မူအပြင် ယူကရိန်းကို စီးပွားရေး၊ စစ်ရေး၊ လူသားချင်းစာနရေး အကူအညီပေးဖို့ပါ ဆွေးနွေးဖို့ ပြင်ထားပါတယ် ခင်ဗျာ။

============

XS
SM
MD
LG