သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

EU အဖဲြ႕ဝင္ေလာင္းသတ္မွတ္ဖို႔ ဥေရာပေကာ္မရွင္အၾကံျပဳ


EU flag

[[Zawgyi/Unicode]]

ယူကရိန္းကို ဥေရာပသမဂၢ အီးယူအဖြဲ႔ထဲမွာ ပထမအဆင့္ အဖြဲ႔ဝင္ေလာင္းအျဖစ္ လက္ခံဖို႔ ကိစၥ ဥေရာပေကာင္စီကို ဥေရာပေကာ္မရွင္က ဒီကေန႔ အၾကံျပဳလိုက္ပါတယ္။

ပထမအခ်က္ကေတာ့ ယူကရိန္းအေနနဲ႔ ဥေရာပသမဂၢရဲ႕ စံတန္ဖိုးေတြနဲ႔အညီ ေဆာင္ရြက္ႏိုင္ဖို႔နဲ႔ ဒုတိယတခ်က္က ယူကရိန္းကို ဥေရာပသမဂၢထဲက ပထမအဆင့္ အဖြဲ႔ဝင္ေလာင္းအဆင့္ ေပးဖို႔ကို ဥေရာပေကာ္မရွင္က အၾကံျပဳပါတယ္။ ဒီကေနတဆင့္ ယူကရိန္းအေနနဲ႔ တျခားအေရးပါတဲ့အဆင့္ ျပင္ဆင္မႈေတြ ဆက္လုပ္ရမယ္ဆိုတာကိုလည္း နားလည္ေၾကာင္း ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leven က ေျပာသြားတာပါ။

႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ယူကရိန္းဘက္ကေန ေထာက္ခံအားေပးမႈ ျပတဲ့အေနနဲ႔ EU ေခါင္းေဆာင္ ၄ ေယာက္ျဖစ္တဲ့ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ႐ိုေမးနီးယား ေခါင္းေဆာင္ေတြ ယူကရိန္းကို သြြားရာက္ၿပီး တရက္အၾကာမွာ ခုလို အၾကံျပဳလိုက္တာပါ။ ဒီအၾကံျပဳခ်က္ကို ေရွ႕သီတင္းပတ္ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရက္ဆဲလ္ၿမိဳ႕မွာ က်င္းပမယ့္ အီးယူ ထိပ္သီးေဆြးေႏြးပြဲမွာ ဆက္လက္ ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ေၾကာင့္ ယူကရိန္းကို EU အဖဲြ႕ဝင္ေလာင္းအျဖစ္သတ္မွတ္ဖို႔ အေျခအေနေတြ ျမန္ျမန္ဆန္ဆႏ္ုျဖစ္လာခဲ့တာပါ။ တကယ္တမ္း အဖဲြ႕ဝင္ျဖစ္လာဖို႔ကေတာ့ အဆင့္ဆင့္ေဆာင္ရြက္ရမွာေတြရွိတဲ့အတြက္ ႏွစ္နဲ႔ခ်ီ ၾကာႏိုင္ပါတယ္။ Moldova ႏိုင္ငံကိုလည္း အီးယူအဖြဲ႕ ပထမအဆင့္အဖြဲ႔ဝင္ေလာင္းအျဖစ္ အီးယူေကာ္မရွင္က အၾကံျပဳထားပါတယ္။ EU အဖြဲ႕ထဲဝင္ဖို႔ မတ္လတုန္းက ေလွ်ာက္ထားတဲ့ Georgia ႏိုင္ငံကို ပထမအဆင့္အဖြဲ႔ဝင္ေလာင္းအျဖစ္ လက္ခံမခံကို ေဆြးေႏြးဖို႔ ေနာက္တခါ စည္းေဝးၾကဦးမယ့္အေၾကာင္းလည္း EU ဥကၠ႒ Ursula von der Leven က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]


EU အဖွဲ့ဝင်လောင်းသတ်မှတ်ဖို့ ဥရောပကော်မရှင်အကြံပြု


ယူကရိန်းကို ဥရောပသမဂ္ဂ အီးယူအဖွဲ့ထဲမှာ ပထမအဆင့် အဖွဲ့ဝင်လောင်းအဖြစ် လက်ခံဖို့ ကိစ္စ ဥရောပကောင်စီကို ဥရောပကော်မရှင်က ဒီကနေ့ အကြံပြုလိုက်ပါတယ်။

ပထမအချက်ကတော့ ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂရဲ့ စံတန်ဖိုးတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့နဲ့ ဒုတိယတချက်က ယူကရိန်းကို ဥရောပသမဂ္ဂထဲက ပထမအဆင့် အဖွဲ့ဝင်လောင်းအဆင့် ပေးဖို့ကို ဥရောပကော်မရှင်က အကြံပြုပါတယ်။ ဒီကနေတဆင့် ယူကရိန်းအနေနဲ့ တခြားအရေးပါတဲ့အဆင့် ပြင်ဆင်မှုတွေ ဆက်လုပ်ရမယ်ဆိုတာကိုလည်း နားလည်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leven က ပြောသွားတာပါ။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းဘက်ကနေ ထောက်ခံအားပေးမှု ပြတဲ့အနေနဲ့ EU ခေါင်းဆောင် ၄ ယောက်ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ရိုမေးနီးယား ခေါင်းဆောင်တွေ ယူကရိန်းကို သွားရာက်ပြီး တရက်အကြာမှာ ခုလို အကြံပြုလိုက်တာပါ။ ဒီအကြံပြုချက်ကို ရှေ့သီတင်းပတ် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ကျင်းပမယ့် အီးယူ ထိပ်သီးဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းကို EU အဖွဲ့ဝင်လောင်းအဖြစ်သတ်မှတ်ဖို့ အခြေအနေတွေ မြန်မြန်ဆန်ဆန်ုဖြစ်လာခဲ့တာပါ။ တကယ်တမ်း အဖွဲ့ဝင်ဖြစ်လာဖို့ကတော့ အဆင့်ဆင့်ဆောင်ရွက်ရမှာတွေရှိတဲ့အတွက် နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ Moldova နိုင်ငံကိုလည်း အီးယူအဖွဲ့ ပထမအဆင့်အဖွဲ့ဝင်လောင်းအဖြစ် အီးယူကော်မရှင်က အကြံပြုထားပါတယ်။ EU အဖွဲ့ထဲဝင်ဖို့ မတ်လတုန်းက လျှောက်ထားတဲ့ Georgia နိုင်ငံကို ပထမအဆင့်အဖွဲ့ဝင်လောင်းအဖြစ် လက်ခံမခံကို ဆွေးနွေးဖို့ နောက်တခါ စည်းဝေးကြဦးမယ့်အကြောင်းလည်း EU ဥက္ကဋ္ဌ Ursula von der Leven က ပြောပါတယ်။

===============

XS
SM
MD
LG