[[Zawgyi/Unicode]]
႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈကို ခုခံေနရတဲ့ ယူကရိန္းႏိုင္ငံကို အားေပး ေထာက္ခံမႈ ျပသတဲ့အေနနဲ႔ ျပင္သစ္သမၼတ Emmanuel Macron ၊ ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Olaf Scholz ၊ အီတလီ၀န္ႀကီးခ်ဳပ္ Mario Draghi နဲ႔ Romanian သမၼတ Klaus Iohannis (ကေလာက္စ္ ယိုဟန္းနစ္) တို႔ ယူကရိန္းႏိုင္ငံကို ဒီေန႔ သြားေရာက္ပါတယ္။
ဥေရာပေခါင္းေဆာင္ေတြကို ယူကရိန္းသမၼတ Volodymyr Zelenskiy က Kyiv ၿမိဳ႕ေတာ္မွာ ႀကိဳဆိုခဲ့ပါတယ္။ အေစာပိုင္းကလည္း ႐ုရွားတပ္ေတြ စစ္ပြဲအစက သိမ္းပိုက္ခဲ့တဲ့ Irpin ၿမိဳ႕ကို ေခါင္းေဆာင္ေတြ သြားေရာက္ ေလ့လာခဲ့ပါတယ္။ Irpin ၿမိဳ႕မွာ ႐ုရွားတပ္ေတြ စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့ပံုရတဲ့ လကၡဏာေတြေတြ႕ရတယ္လို႔ ျပင္သစ္သမၼတ Macron က ေျပာၾကားခဲ့ပါတယ္။
႐ုရွားစစ္တပ္ေတြ ဝင္ေရာက္တဲ့ ၿမိဳ႕ေတြမွာ အစုလိုက္ အျပံဳလိုက္သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့ၿပီး Irpin ၿမိဳ႕မွာ စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့တဲ့ ပထမသဲလြန္စေတြ ေတြ႕ရွိရတယ္လို႔ ျပင္သစ္သမၼတက ေျပာၾကားခဲ့ပါတယ္။ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ျခင္း ရွိမရွိ စံုစမ္းမႈေတြမွာလည္း ျပင္သစ္ႏိုင္ငံက ကူညီေဆာင္ရြက္ေပးေနတယ္လို႔ သူကေျပာပါတယ္။
႐ုရွားေတြဟာ လူ႔အသက္ေတြကိုု အေလးမထားဘဲ အရက္စက္ဆံုးလုပ္ရပ္ေတြနဲ႔ စစ္ပြဲကိုဆင္ႏြဲေနတယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz ကလည္း Irpin ၿမိဳ႕မွာ ေျပာခဲ့ပါတယ္။
EU ဥေရာပသမဂၢအဖဲြ႕ဝင္ေလာင္းအျဖစ္ ယူကရိန္းႏိုင္ငံကို လက္ခံမခံ ေရွ႕သီတင္းပတ္ထဲမွာ EU ေခါင္းေဆာင္ေတြ ဆံုးျဖတ္ၾကဖို႔ ရွိေနခ်ိန္မွာ ခုလို ျပင္သစ္၊ အီတလီနဲ႔ ဂ်ာမနီႏိုင္ငံေခါင္းေဆာင္ေတြ ယူကရိန္းႏိ္ုင္ငံကို သြားေရာက္တာျဖစ္ပါတယ္။ ယူကရိန္းအတြက္ စစ္ေရး အကူအညီေတြ တိုးႁမွင့္ေပးဖို႔ ကိစၥနဲ႔ပတ္သက္လို႔ NATO မဟာမိတ္အဖြဲ႔ ကာကြယ္ေရး၀န္ႀကီးေတြလည္း Belgium ႏိုင္ငံ Brussels ၿမိဳ႕ေတာ္မွာ ဒုတိယေျမာက္ေန႔အျဖစ္ ဒီေန႔ စည္းေ၀းခဲ့ၾကပါတယ္။
ဥေရာပနဲ႔ အာတိတ္သမုဒၵရာရပ္ဝန္းေဒသမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အႀကီးမားဆံုး လံုျခံဳေရးဆိုင္ရာ ၿခိမ္းေျခာက္မႈနဲ႔ ၾကံဳေနရတာေၾကာင့္ ကာကြယ္ေရးဆိုင္ရာ ေဆာင္ရြက္မႈေတြ ပိုမို ခိုင္မာ အားေကာင္းေအာင္ လုပ္သြားဖို႔လိုတယ္လို႔ NATO အဖဲြ႕အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ေျပာၾကားခဲ့ပါတယ္။
=========
[[Unicode]]
ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ရိုမေးနီးယားခေါင်းဆောင်တွေ ယူကရိန်းကိုသွား
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံကို အားပေး ထောက်ခံမှု ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ Emmanuel Macron ၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ၊ အီတလီဝန်ကြီးချုပ် Mario Draghi နဲ့ Romanian သမ္မတ Klaus Iohannis (ကလောက်စ် ယိုဟန်းနစ်) တို့ ယူကရိန်းနိုင်ငံကို ဒီနေ့ သွားရောက်ပါတယ်။
ဥရောပခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ Volodymyr Zelenskiy က Kyiv မြို့တော်မှာ ကြိုဆိုခဲ့ပါတယ်။ အစောပိုင်းကလည်း ရုရှားတပ်တွေ စစ်ပွဲအစက သိမ်းပိုက်ခဲ့တဲ့ Irpin မြို့ကို ခေါင်းဆောင်တွေ သွားရောက် လေ့လာခဲ့ပါတယ်။ Irpin မြို့မှာ ရုရှားတပ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ပုံရတဲ့ လက္ခဏာတွေတွေ့ရတယ်လို့ ပြင်သစ်သမ္မတ Macron က ပြောကြားခဲ့ပါတယ်။
ရုရှားစစ်တပ်တွေ ဝင်ရောက်တဲ့ မြို့တွေမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး Irpin မြို့မှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ပထမသဲလွန်စတွေ တွေ့ရှိရတယ်လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းမှုတွေမှာလည်း ပြင်သစ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတယ်လို့ သူကပြောပါတယ်။
ရုရှားတွေဟာ လူ့အသက်တွေကို အလေးမထားဘဲ အရက်စက်ဆုံးလုပ်ရပ်တွေနဲ့ စစ်ပွဲကိုဆင်နွဲနေတယ်လို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း Irpin မြို့မှာ ပြောခဲ့ပါတယ်။
EU ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းအဖြစ် ယူကရိန်းနိုင်ငံကို လက်ခံမခံ ရှေ့သီတင်းပတ်ထဲမှာ EU ခေါင်းဆောင်တွေ ဆုံးဖြတ်ကြဖို့ ရှိနေချိန်မှာ ခုလို ပြင်သစ်၊ အီတလီနဲ့ ဂျာမနီနိုင်ငံခေါင်းဆောင်တွေ ယူကရိန်းနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ ယူကရိန်းအတွက် စစ်ရေး အကူအညီတွေ တိုးမြှင့်ပေးဖို့ ကိစ္စနဲ့ပတ်သက်လို့ NATO မဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေလည်း Belgium နိုင်ငံ Brussels မြို့တော်မှာ ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ စည်းဝေးခဲ့ကြပါတယ်။
ဥရောပနဲ့ အာတိတ်သမုဒ္ဒရာရပ်ဝန်းဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ ကြုံနေရတာကြောင့် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေ ပိုမို ခိုင်မာ အားကောင်းအောင် လုပ်သွားဖို့လိုတယ်လို့ NATO အဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့ပါတယ်။
=========