သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလုံခြုံရေးနဲ့ တရားရေးအကြီးအကဲတွေ ရာထူးကဖယ်ရှားခံရ 

ရာထူးကဖယ်ရှားခံရတဲ့ ယူကရိန်း အမျိုးသားလုံခြုံရေးဌာနအကြီးအကဲ (SBU)
ရာထူးကဖယ်ရှားခံရတဲ့ ယူကရိန်း အမျိုးသားလုံခြုံရေးဌာနအကြီးအကဲ (SBU)

[[Zawgyi/Unicode]]

ယူကရိန်းသမ္မတ Volodymyr Zelenskyy က လုံခြုံရေးဌာနအကြီးအကဲနဲ့ အစိုးရအမှုလိုက် ရှေ့နေချုပ်တို့ကို တနင်္ဂနွေနေ့က ရာထူးကဖယ်ရှားလိုက်ပါတယ်။ အခုရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ထောက်လှမ်းရေးဌာနနဲ့ တရားစွဲဆိုရေးဌာနထဲက ဝန်ထမ်းဟောင်း အများအပြား ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ခုလိုအရေးယူရတာဖြစ်တယ်လို့ သမ္မတ Zelenskyy ကပြောပါတယ်။

“ နိုင်ငံတော် အမျိုးသားလုံခြုံရေး အခြေခံအုတ်မြစ်တွေကို ဆန့်ကျင်ကျူးလွန်တဲ့ အမှုတွေနဲ့ ယူကရိန်းလုံခြုံရေး တာဝန်ရှိသူတွေနဲ့ ရုရှား ထောက်လှမ်းရေးကြား ဆက်သွယ်မှု မှတ်တမ်းတွေကြောင့် သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်စရာရှိလာကြောင်း၊ ဒီ မေးခွန်းတွေအတွက် သင့်လျော်တဲ့ တုန်ပြန်ချက်ပေးရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အကြီးအကဲ ၂ ယောက်ကို ရာထူး က ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြောင်း ယူကရိန်း သမ္မတက ပြောသွားတာပါ။

လုံခြုံရေးဌာနနဲ့ အစိုးရအမှုလိုက်ဌာန ၂ ခုက ဝန်ထမ်းပေါင်း ၆၅၀ ကျော်ကိုလည်း ရုရှားနဲ့ ပူးပေါင်းမှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ တရားစွဲထားတယ်လို့ သမ္မတ Zelenskyy ကပြောပါတယ်။

ဖြုတ်ချလိုက်တဲ့ လုံခြုံရေးဌာနအကြီးအကဲ Ivan Bakanov ဟာ သမ္မတနဲ့ ကလေးဘဝကတည်းက သူငယ်ချင်းဖြစ်သလို စီးပွါးရေးလုပ်ငန်း ဖက်စပ်လုပ် ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အစိုးရအမှုလိုက် ရှေ့နေချုပ် Iryna Venediktova ဟာ စစ်ရာဇဝတ်မှုူတွေကို စုံစမ်းစစ်ဆေးရာမှာ ကူညီခဲ့သူဖြစ်ပါတယ်။ သူ့ နေရာမှာ ဒုတိယ အကြီးအကဲကို သမ္မတက ရာထူးတိုးမြှင့် ခန့်ထားလိုက်ပါတယ်။

ဒီ အချိန်မှာပဲ ရုရှားစစ်တပ်ဟာ ယူကရိန်းတောင်ပိုင်းက သင်္ဘောကျင်းတွေ ရှိတဲ့ Mykolaiv မြို့ ကို ဒုံးကျည်တွေ နဲ့ ဆက်လက် တိုက်ခိုက်နေပါတယ်။ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတခုလုံးကို ဖြတ်တောက်ဖို့ ရုရှားက ကြေညာထားပြီး ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလို ဖြတ်တောက်နိုင်ခဲ့ရင် ယူကရိန်းရဲ့ စီးပွါးရေးနဲ့ ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။

ယူကရိန်းလုံခြုံရေးနဲ့ တရားရေးအကြီးအကဲတွေ ရာထူးကဖယ်ရှားခံရ.wav
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







​
XS
SM
MD
LG