သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေဘးဒုကၡသည္ေတြ စားနပ္ရိကၡာ အခက္အခဲႀကဳံ


ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား (ယခင္မွတ္တမ္းဓါတ္ပုံ/ -MP Oung Thaung Shway)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္အတြင္း စစ္ေဘး ဒုကၡသည္ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြရဲ႕ ခရီးသြား လာေရးနဲ႔ စားနပ္ရိကၡာ ေထာက္ပံ့မႈေတြကို စစ္ေကာင္စီက ကန႔္သတ္ ထားတယ္လို႔ အကူအညီေပးေရးအဖြဲ႕ေတြ႕ ေျပာပါတယ္။ အကန႔္အသတ္ေတြၾကား စစ္ေဘးဒုကၡသည္စခန္း ေတြမွာ စားနပ္ရိကၡာျပတ္လတ္တာေတြ ရင္ဆိုင္ေနရတယ္လို႔လည္း စစ္ေဘးဒုကၡသည္ ေတြက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့ သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနတဲ့ အေျခအေနေၾကာင့္ ဒုကၡသည္ေတြကို ကူညီေနတဲ့ ရခိုင္လူမႈေရးအဖြဲ႕ေတြရဲ႕ ခရီးသြားလာခြင့္နဲ႔ အကန႔္အသတ္ေတြ ရင္ဆိုင္ေနရတာပါ။ ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္းတာဝန္ရွိသူတဦးျဖစ္တဲ့ ကိုေက်ာက္ခ်ိဳင္က ေျပာပါတယ္။

“ သူတို႔ကန႔္သတ္ထားတာေတြက အမ်ားႀကီးပဲ။ ဒီရခိုင္ေျမာက္ပိုင္းမွာဆိုရင္ တ႐ြာနဲ႔တ႐ြာ တနယ္နဲ႔တနယ္သြားတဲ့အခါ သေဘၤာေတြမွာ စားနပ္ရိကၡာမတင္ရတာေတြရွိတယ္။ ကယ္ဆယ္ေရးဘက္မွာလည္း ေတာ္ေတာ္ခက္တယ္။ စားနပ္ရိကၡာေတြ မတင္ရဘူး၊ အဲေတာ့ စားနပ္ရိကၡာေတြ မေရာက္ဘူး။ အဲလို အခက္အခဲေတြ ရွိတယ္ဗ်ာ။ စစ္ေဘးဒုကၡသည္ေတြအတြက္ကို တင္ဖို႔ခက္ေနတာဗ်ာ။ က်ေနာ္တို႔က စစ္ေဘးေရွာင္ကယ္ဆယ္ေရးေပးဖို႔ဆိုတာနဲ႔ကို သူတို႔က အဖ်က္ အေမွာက္လုပ္ခ်င္ေနတာဗ်ာ။”

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း စစ္ေတြၿမိဳ႕နယ္အတြင္း စစ္ေဘးဒုကၡသည္ကူညီေရးအတြက္ အလႉေငြေကာက္ေနတဲ့ ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္အဖြဲ႕ကို အလႉေငြ မေကာက္ခံဖို႔ စစ္ေကာင္စီက ေခၚယူသတိေပးထားတယ္လို႔ ကိုေက်ာက္ခ်ိဳင္က VOA ကို အခုလို ေျပာပါတယ္။

“ စစ္ေဘးေရွာင္ေတြကို ေပးဖို႔အတြက္ အလႉခံတဲ့အပိုင္းမွာတင္ အခင္အခဲကစေနၿပီဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ အစိုးရက က်ေနာ္တို႔ကို စစ္ေဘးဒုကၡသည္ေတြအတြက္ အလႉခံခြင့္ကို ပိတ္ပင္ထားတယ္ဗ်ာ။ အလႉမခံရဘူး၊ အလႉခံရင္ တရားစြဲခံရမယ္၊ လူေတြကို ဖမ္းမယ္၊ က်ေနာ္တို႔ အသင္းအဖြဲ႕က ကားေတြကိုလည္း သိမ္းမယ္ ဆိုၿပီးေတာ့ ေျပာထားတာလည္းရွိတယ္ဗ်ာ။”

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းကစလို႔ ရခိုင္ျပည္နယ္အတြင္းမွာ ဒုကၡသည္ေတြကို ကူညီကယ္ဆယ္ ေထာက္ပံ့ေပးေနတဲ့ ႏိုင္ငံတကာအဖြဲ႕(INGO)၊ NGO ေတြနဲ႔ ျပည္တြင္း အဖြဲ႕အစည္းေတြရဲ႕ ခရီးသြားလာခြင့္ေတြနဲ႔ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ကန႔္သတ္ခ်က္ေတြ တိုးလာတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

ဒီလို ကန႔္သတ္ခ်က္ေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ က်န္ရွိေနေသးတဲ့ စစ္ေဘးဒုကၡ သည္စခန္းေတြမွာ စားနပ္ရိကၡာျပတ္လပ္တာေနပါတယ္။

စစ္ေဘးဒုကၡသည္ ၃,၀၀၀ ေက်ာ္ေနထိုင္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေညာင္ေခ်ာင္းစစ္ေဘး ဒုကၡသည္စခန္းမွာဆိုရင္လည္း စားနပ္ရိကၡာ ေထာက္ပံ့သူေတြ မရွိေတာ့ဘူးလို႔ စခန္းတာဝန္ခံ ဦးသန္းေအးက ေျပာပါတယ္။

“ က်ေနာ္တို႔ ေညာင္ေခ်ာင္း IDP စခန္းကေတာ့ ရခိုင္ျပည္နယ္ထဲမွာ အႀကီးဆုံး ဒုကၡသည္စခန္းထဲမွာ ပါတယ္။ ဒါေပမယ့္လည္း အလႉရွင္ေတြ တေယာက္မွ မေရာက္ဘူး။ အဖြဲ႕အစည္းေတြကလည္း မေရာက္ဘူး၊ ၂၀၂၁ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အတြင္း ဘာအလႉရွင္မွ ေညာင္ေခ်ာင္း စစ္ေဘးဒုကၡသည္စခန္းကို လာေရာက္လႉတာမရွိဘူးခင္ဗ်ာ။”

အရင္က စစ္ေဘးဒုကၡသည္စခန္းေတြမွာ စစ္ေကာင္စီရဲ႕ေဘးစီမံဌာနက ဆန္နဲ႔ ရိကၡာတခ်ိဳ႕ လစဥ္ေထာက္ပံ့သလို ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP က လည္း ဒုကၡသည္တဦးကို တလအတြက္ က်ပ္ ၁၈,၀၀၀ စီေထာက္ပံံ့ေပးခဲ့ပါတယ္။ လက္ရွိမွာေတာ့ WFP ရဲ႕ ေထာက္ပံ့ေငြတခုသာ ပုံမွန္ရရွိေတာ့တယ္လို႔ ေညာင္ေခ်ာင္း စစ္ေဘးဒုကၡသည္စခန္း တာဝန္ခံ ဦးသန္းေအးက ေျပာပါတယ္။

“ သဘာဝေဘးစီမံခ႐ိုင္ ဦးစီးမႉးကို ေမးၾကည့္တဲ့အခါ ဘာေျပာလဲဆိုေတာ့ အထက္က ေထာက္ပံ့မႈအစီအစဥ္မရွိလို႔ ရိကၡာမေပးေတာ့တာလို႔ ဖုန္းနဲ႔ ေျပာတာေတာ့ ရွိတယ္ ခင္ဗ်ာ။ WFP ကေတာ့ လစဥ္ လူတေယာက္ကို ၁၈,၀၀၀ စီေထာက္ပံ့တယ္။ တလအတြက္ေပါ့။ သူတို႔က လစဥ္ေထာက္ပံ့တယ္။ ပ်က္ကြက္တာေတာ့မရွိဘူး။”

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနေသးတဲ့ စစ္ေဘးဒုကၡသည္ဦးေရ ၅ ေသာင္းနီးပါး ရွိေနပါေသးတယ္။ ဒါ့အျပင္ ဒီလအတြင္းမွာပဲ ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံတေထာင္နီးပါး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ ေနပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေတာ့ စစ္ေကာင္စီဖက္က ပိတ္ပင္တားဆီးတာေတြေၾကာင့္ အခက္အခဲႀကဳံေတြ႕ေနရင္ အကူအညီေပးေရးအဖြဲ႕ေတြအေနနဲ႔ သူတို႔ ကို ဆက္သြယ္ၿပီး ေဆာင္႐ြက္ႏိုင္တယ္လို႔လည္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။

ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြကို ကန႔္သတ္ထားတာေတြအျပင္ ရခိုင္ျပည္နယ္အတြင္း စားနပ္ရိကၡာသယ္ယူခြင့္ကို ကန႔္သတ္ထားတာနဲ႔ပတ္သက္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ စစ္ေကာင္စီေျပာခြင့္ရသူေတြအပါအဝင္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းတစုံတရာေျဖဆိုခဲ့ျခင္း မရွိပါဘူးခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲကြုံ

ရခိုင်ပြည်နယ်အတွင်း စစ်ဘေး ဒုက္ခသည်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွား လာရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို စစ်ကောင်စီက ကန့်သတ် ထားတယ်လို့ အကူအညီပေးရေးအဖွဲ့တွေ့ ပြောပါတယ်။ အကန့်အသတ်တွေကြား စစ်ဘေးဒုက္ခသည်စခန်း တွေမှာ စားနပ်ရိက္ခာပြတ်လတ်တာတွေ ရင်ဆိုင်နေရတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ဒုက္ခသည်တွေကို ကူညီနေတဲ့ ရခိုင်လူမှုရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်နဲ့ အကန့်အသတ်တွေ ရင်ဆိုင်နေရတာပါ။ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျောက်ချိုင်က ပြောပါတယ်။

“ သူတို့ကန့်သတ်ထားတာတွေက အများကြီးပဲ။ ဒီရခိုင်မြောက်ပိုင်းမှာဆိုရင် တရွာနဲ့တရွာ တနယ်နဲ့တနယ်သွားတဲ့အခါ သင်္ဘောတွေမှာ စားနပ်ရိက္ခာမတင်ရတာတွေရှိတယ်။ ကယ်ဆယ်ရေးဘက်မှာလည်း တော်တော်ခက်တယ်။ စားနပ်ရိက္ခာတွေ မတင်ရဘူး၊ အဲတော့ စားနပ်ရိက္ခာတွေ မရောက်ဘူး။ အဲလို အခက်အခဲတွေ ရှိတယ်ဗျာ။ စစ်ဘေးဒုက္ခသည်တွေအတွက်ကို တင်ဖို့ခက်နေတာဗျာ။ ကျနော်တို့က စစ်ဘေးရှောင်ကယ်ဆယ်ရေးပေးဖို့ဆိုတာနဲ့ကို သူတို့က အဖျက် အမှောက်လုပ်ချင်နေတာဗျာ။”

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေမြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်ကူညီရေးအတွက် အလှူငွေကောက်နေတဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်အဖွဲ့ကို အလှူငွေ မကောက်ခံဖို့ စစ်ကောင်စီက ခေါ်ယူသတိပေးထားတယ်လို့ ကိုကျောက်ချိုင်က VOA ကို အခုလို ပြောပါတယ်။

“ စစ်ဘေးရှောင်တွေကို ပေးဖို့အတွက် အလှူခံတဲ့အပိုင်းမှာတင် အခင်အခဲကစနေပြီဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ကျနော်တို့ကို စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံခွင့်ကို ပိတ်ပင်ထားတယ်ဗျာ။ အလှူမခံရဘူး၊ အလှူခံရင် တရားစွဲခံရမယ်၊ လူတွေကို ဖမ်းမယ်၊ ကျနော်တို့ အသင်းအဖွဲ့က ကားတွေကိုလည်း သိမ်းမယ် ဆိုပြီးတော့ ပြောထားတာလည်းရှိတယ်ဗျာ။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့(INGO)၊ NGO တွေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေ တိုးလာတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီလို ကန့်သတ်ချက်တွေကြောင့် ရခိုင်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ဘေးဒုက္ခ သည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တာနေပါတယ်။

စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော်နေထိုင်တဲ့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေး ဒုက္ခသည်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့သူတွေ မရှိတော့ဘူးလို့ စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။

“ ကျနော်တို့ ညောင်ချောင်း IDP စခန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ ပါတယ်။ ဒါပေမယ့်လည်း အလှူရှင်တွေ တယောက်မှ မရောက်ဘူး။ အဖွဲ့အစည်းတွေကလည်း မရောက်ဘူး၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဘာအလှူရှင်မှ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို လာရောက်လှူတာမရှိဘူးခင်ဗျာ။”

အရင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ဘေးစီမံဌာနက ဆန်နဲ့ ရိက္ခာတချို့ လစဉ်ထောက်ပံ့သလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လည်း ဒုက္ခသည်တဦးကို တလအတွက် ကျပ် ၁၈,၀၀၀ စီထောက်ပံံ့ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ WFP ရဲ့ ထောက်ပံ့ငွေတခုသာ ပုံမှန်ရရှိတော့တယ်လို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။

“ သဘာဝဘေးစီမံခရိုင် ဦးစီးမှူးကို မေးကြည့်တဲ့အခါ ဘာပြောလဲဆိုတော့ အထက်က ထောက်ပံ့မှုအစီအစဉ်မရှိလို့ ရိက္ခာမပေးတော့တာလို့ ဖုန်းနဲ့ ပြောတာတော့ ရှိတယ် ခင်ဗျာ။ WFP ကတော့ လစဉ် လူတယောက်ကို ၁၈,၀၀၀ စီထောက်ပံ့တယ်။ တလအတွက်ပေါ့။ သူတို့က လစဉ်ထောက်ပံ့တယ်။ ပျက်ကွက်တာတော့မရှိဘူး။”

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသေးတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၅ သောင်းနီးပါး ရှိနေပါသေးတယ်။ ဒါ့အပြင် ဒီလအတွင်းမှာပဲ ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ စစ်ကောင်စီဖက်က ပိတ်ပင်တားဆီးတာတွေကြောင့် အခက်အခဲကြုံတွေ့နေရင် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ သူတို့ ကို ဆက်သွယ်ပြီး ဆောင်ရွက်နိုင်တယ်လို့လည်း မနေ့က ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကန့်သတ်ထားတာတွေအပြင် ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူတွေအပါအဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းတစုံတရာဖြေဆိုခဲ့ခြင်း မရှိပါဘူးခင်ဗျား။

XS
SM
MD
LG