သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ၈၀ ေက်ာ္ ႏုတ္ထြက္စာတင္


 (ဓာတ္ပံု-ပုဏၰားကၽြန္းၿမိဳ႕နယ္ သတင္းထုတ္ျပန္ေရး)

[[Zawgyi/Unicode]]

ရခိုင္ေျမာက္ပိုင္း ပုဏၰားကြၽန္းၿမိဳ႕နယ္က စစ္ေကာင္စီခန႔္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ၈၀ ေက်ာ္ တာဝန္က ႏုတ္ထြက္စာ တင္ထားတယ္လို႔ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။ ပုဏၰားကြၽန္းၿမိဳ႕နယ္ ဆင္အင္းႀကီးေက်း႐ြာမွာ ေက်း႐ြာသားေတြ အစုအၿပဳံလိုက္ သတ္ျဖတ္ခံရတဲ့အတြက္ ေက်း႐ြာလုံၿခဳံေရး အကာအကြယ္မေပးႏိုင္တဲ့အျပင္ သူတို႔ကိုယ္တိုင္ရဲ႕လုံၿခဳံေရးကိုလည္း စိုးရိမ္တာေၾကာင့္ အခုလို ႏုတ္ထြက္စာတင္ရတာ ျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးမႉးတဦးကေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

AA ရခိုင္တပ္နဲ႔ ျမန္မာစစ္ေကာင္စီအၾကား အပစ္ရပ္စဲမႈ မျဖစ္ခင္ေလးမွာပဲ ပုဏၰားကြၽန္းၿမိဳ႕နယ္ ဆင္အင္းႀကီးေက်း႐ြာမွာ ေက်း႐ြာသားေတြ အစုအၿပဳံလိုက္သတ္ျဖတ္ခံရပါတယ္။ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က ဆင္အင္းႀကီးေက်း႐ြာအနီးမွာ တိုက္ပြဲျဖစ္ၿပီး ဆင္အင္းႀကီး ေက်း႐ြာထဲကို စစ္ေကာင္စီတပ္က ညပိုင္းဝင္ေရာက္ခဲ့ၿပီး ေနာက္ေန႔ မနက္ပိုင္းမွာေတာ့ ေက်း႐ြာသား ၁၁ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေဒသခံေတြ ေတြ႕ခဲ့ၾကရပါတယ္။ ဒီလိုမ်ိဳးအေျခအေနေၾကာင့္ ေက်း႐ြာသားေတြကို အကာအကြယ္ မေပးႏိုင္သလို သူတို႔ကိုယ္တိုင္ရဲ႕လုံၿခဳံေရးကိုပါ စိတ္မခ်တာေၾကာင့္ တာဝန္ကေန ႏုတ္ထြက္တာျဖစ္တယ္လို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ အခုက်ေနာ္တို႔ အုပ္ခ်ဳပ္ေရးမႉးလုပ္ေနရတာ အဓိပၺာယ္မရွိဘူး။ ျပည္သူေတြကို က်ေနာ္တို႔ လုံးဝ အကာအကြယ္မေပးႏိုင္ဘူး။ ၿပီးေတာ့ က်ေနာ္တို႔ ေက်း႐ြာလုံၿခဳံမႈ ျပည္သူေတြမေျပာနဲ႔ က်ေနာ္တို႔ ကိုယ္တိုင္က လုံၿခဳံမႈမရွိဘူး၊ စစ္ေကာင္စီက လာၿပီဆိုရင္ က်ေနာ္တို႔ ထြက္ေျပးရတယ္-အကုန္လုံး၊ သူတို႔က ႐ြာေတြကိုလာရင္ လုပ္ခ်င္သလို လုပ္သြားတယ္။ ဆင္အင္းႀကီးေက်း႐ြာမွာဆိုရင္လည္း အစုလိုက္အၿပဳံလိုက္ အကုန္လုံး အသတ္ခံရတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ ေရွ႕ကိုဆက္ရင္လည္း ဆက္သြားလို႔ အဆင္မေျပဘူး၊ ဒါေၾကာင့္ ႏုတ္ထြက္တာ ျဖစ္ပါတယ္။”

ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ စစ္ေကာင္စီခန႔္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ၉၅ ဦးအထိရွိၿပီး လက္ရွိအခ်ိန္ ထိ ႏုတ္ထြက္စာတင္ထားသူ ၈၀ ေက်ာ္အထိ ရွိေနတယ္လို႔လည္း အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။ အုပ္ခ်ဳပ္ေရးမႉးေတြဟာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ႏုတ္ထြက္စာတင္ထားၾကတာျဖစ္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြဘက္က ဘာမွတုံ႔ျပန္ေျပာဆိုတာ မရွိေသးဘူးလို႔ ႏုတ္ထြက္စာတင္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

“ႏုတ္ထြက္တာကေတာ့ စာတင္ထားတာေလာက္ပဲရွိပါေသးတယ္။ ေလာေလာဆယ္က ကိုယ့္ သေဘာနဲ႔ကိုယ္ အၿပီးပိုင္ႏုတ္ထြက္တယ္လို႔ေတာ့ ေျပာၾကတာပါပဲ။ ဒါေပမဲ့ အစိုးရဘက္ကေတာ့ ဘာမွ တုံ႔ျပန္မႈေတာ့ မရွိေသးပါဘူး။ ႏုတ္ထြက္ခြင့္မေပးရင္လည္း က်ေနာ္တို႔က ဘာမွမလုပ္ဘဲ ေနေတာ့မယ္။”

ရခိုင္ျပည္နယ္မွာရွိတဲ့အုပ္ခ်ဳပ္ေရးမႉးေတြဟာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA ႏွစ္ ဘက္စလုံးနဲ႔ အဆင္ေျပေအာင္ ဆက္ဆံေနရတာ ျဖစ္သလို ျပႆနာတခုခုျဖစ္လာရင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြအတြက္ အာမခံခ်က္ တစုံတရာမရွိဘူးလို႔လည္း ေျပာပါတယ္။

“ ဒီက အုပ္ခ်ဳပ္ေရးမႉးတေယာက္ရဲ႕ စိန္ေခၚမႈေတြကေတာ့ အမ်ားႀကီးပါပဲ။ တိုက္ပြဲနယ္ေျမျဖစ္တဲ့ အတြက္ က်ေနာ္တို႔ကေတာ့ ၾကားေနေပါ့။ ဟိုဘက္က လာရင္လည္း အဆင္ေျပေအာင္လုပ္ေပးရတယ္။ အစိုးရဘက္ကလာရင္လည္း အဆင္ေျပေအာင္လုပ္ေပးရတယ္ ဆိုေတာ့ အခက္အခဲေပါင္းစုံရွိတာေပါ့- ဒီၾကားထဲမွာ။”

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ၂ လအတြင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ဆက္စပ္ တယ္ဆိုတဲ့ သံသယနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြအပါအဝင္ ရခိုင္ေဒသခံ ၃၀၀ ေက်ာ္ကို စစ္ေကာင္စီဘက္ကဖမ္းဆီးခဲ့ၿပီး အဲဒီထဲက ၁၀၀ ေက်ာ္ေလာက္သာ ျပန္လႊတ္ေပးေသးတယ္လို႔ AA ဘက္က ေျပာထားပါတယ္။ လက္ရွိမွာေတာ့ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ႏႈတ္ကတိနဲ႔ အပစ္ရပ္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရခိုင်မြောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော် နုတ်ထွက်စာတင်

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော် တာဝန်က နုတ်ထွက်စာ တင်ထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှာ ကျေးရွာသားတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့အတွက် ကျေးရွာလုံခြုံရေး အကာအကွယ်မပေးနိုင်တဲ့အပြင် သူတို့ကိုယ်တိုင်ရဲ့လုံခြုံရေးကိုလည်း စိုးရိမ်တာကြောင့် အခုလို နုတ်ထွက်စာတင်ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

AA ရခိုင်တပ်နဲ့ မြန်မာစစ်ကောင်စီအကြား အပစ်ရပ်စဲမှု မဖြစ်ခင်လေးမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှာ ကျေးရွာသားတွေ အစုအပြုံလိုက်သတ်ဖြတ်ခံရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ဆင်အင်းကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ဆင်အင်းကြီး ကျေးရွာထဲကို စစ်ကောင်စီတပ်က ညပိုင်းဝင်ရောက်ခဲ့ပြီး နောက်နေ့ မနက်ပိုင်းမှာတော့ ကျေးရွာသား ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ခဲ့ကြရပါတယ်။ ဒီလိုမျိုးအခြေအနေကြောင့် ကျေးရွာသားတွေကို အကာအကွယ် မပေးနိုင်သလို သူတို့ကိုယ်တိုင်ရဲ့လုံခြုံရေးကိုပါ စိတ်မချတာကြောင့် တာဝန်ကနေ နုတ်ထွက်တာဖြစ်တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ဗွီအိုအေကို ပြောပါတယ်။

“ အခုကျနော်တို့ အုပ်ချုပ်ရေးမှူးလုပ်နေရတာ အဓိပ္ဗာယ်မရှိဘူး။ ပြည်သူတွေကို ကျနော်တို့ လုံးဝ အကာအကွယ်မပေးနိုင်ဘူး။ ပြီးတော့ ကျနော်တို့ ကျေးရွာလုံခြုံမှု ပြည်သူတွေမပြောနဲ့ ကျနော်တို့ ကိုယ်တိုင်က လုံခြုံမှုမရှိဘူး၊ စစ်ကောင်စီက လာပြီဆိုရင် ကျနော်တို့ ထွက်ပြေးရတယ်-အကုန်လုံး၊ သူတို့က ရွာတွေကိုလာရင် လုပ်ချင်သလို လုပ်သွားတယ်။ ဆင်အင်းကြီးကျေးရွာမှာဆိုရင်လည်း အစုလိုက်အပြုံလိုက် အကုန်လုံး အသတ်ခံရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ရှေ့ကိုဆက်ရင်လည်း ဆက်သွားလို့ အဆင်မပြေဘူး၊ ဒါကြောင့် နုတ်ထွက်တာ ဖြစ်ပါတယ်။”

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉၅ ဦးအထိရှိပြီး လက်ရှိအချိန် ထိ နုတ်ထွက်စာတင်ထားသူ ၈၀ ကျော်အထိ ရှိနေတယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ထားကြတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဘာမှတုံ့ပြန်ပြောဆိုတာ မရှိသေးဘူးလို့ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“နုတ်ထွက်တာကတော့ စာတင်ထားတာလောက်ပဲရှိပါသေးတယ်။ လောလောဆယ်က ကိုယ့် သဘောနဲ့ကိုယ် အပြီးပိုင်နုတ်ထွက်တယ်လို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ အစိုးရဘက်ကတော့ ဘာမှ တုံ့ပြန်မှုတော့ မရှိသေးပါဘူး။ နုတ်ထွက်ခွင့်မပေးရင်လည်း ကျနော်တို့က ဘာမှမလုပ်ဘဲ နေတော့မယ်။”

ရခိုင်ပြည်နယ်မှာရှိတဲ့အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA နှစ် ဘက်စလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနေရတာ ဖြစ်သလို ပြဿနာတခုခုဖြစ်လာရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် အာမခံချက် တစုံတရာမရှိဘူးလို့လည်း ပြောပါတယ်။

“ ဒီက အုပ်ချုပ်ရေးမှူးတယောက်ရဲ့ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ တိုက်ပွဲနယ်မြေဖြစ်တဲ့ အတွက် ကျနော်တို့ကတော့ ကြားနေပေါ့။ ဟိုဘက်က လာရင်လည်း အဆင်ပြေအောင်လုပ်ပေးရတယ်။ အစိုးရဘက်ကလာရင်လည်း အဆင်ပြေအောင်လုပ်ပေးရတယ် ဆိုတော့ အခက်အခဲပေါင်းစုံရှိတာပေါ့- ဒီကြားထဲမှာ။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ၂ လအတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ် တယ်ဆိုတဲ့ သံသယနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ရခိုင်ဒေသခံ ၃၀၀ ကျော်ကို စစ်ကောင်စီဘက်ကဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၀၀ ကျော်လောက်သာ ပြန်လွှတ်ပေးသေးတယ်လို့ AA ဘက်က ပြောထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နှုတ်ကတိနဲ့ အပစ်ရပ်ထားကြပါတယ်။

XS
SM
MD
LG