သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AA အဖြဲ႕ရဲ႕ ရခိုင္ျပည္နယ္ အုပ္ခ်ဳပ္ေရး စစ္ေကာင္စီ ေႏွာင့္ယွက္ေန (AA ေျပာခြင့္ရ)


ဒီကေန႔အြန္လိုင္းသတင္းစာရွင္းလင္းပြဲလုပ္တဲ့ ရခိုင္ လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခ (ၾသဂုတ္လ ၁၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနတဲ့ ဒီကာလအတြင္း ႏွစ္ဘက္ထိပ္တိုက္ေတြ႔ ပစ္ခတ္မႈေတြ ေန႔တိုင္းနီးပါးရွိေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ေျပာပါတယ္။ ဒါ့အျပင္ AA အဖြဲ႔ကလုပ္ေနတဲ့ တရားစီရင္ေရးလုပ္ငန္းေတြကိုလည္း စစ္ေကာင္စီဘက္က နည္းမ်ိဳးစုံနဲ႔ ေႏွာင့္ယွက္ေနတာေၾကာင့္ ထိခိုက္မႈေတြရွိေနတယ္လို႔ ရခိုင္ လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ေန႔တိုင္းနီးပါး AA အဖြဲ႕နဲ႔ စစ္ေကာင္စီအၾကား ႏွစ္ဘက္ ပစ္ခတ္မႈေတြရွိေနၿပီး စစ္ေရးတင္းမာေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ Online သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

“အခုလက္ရွိလည္း ေမာင္ေတာေျမာက္ပိုင္းနဲ႔ ပလက္ဝၿမိဳ႕နယ္မွာတိုက္ပြဲေတြ ေတာက္ ေလွ်ာက္ျဖစ္လို႔ရွိတယ္၊ ဒီေန႔လည္း ျဖစ္လို႔ဆိုရင္ ရွိႏိုင္တယ္၊ ေလာေလာဆယ္ေတာ့ တိုက္ပြဲငယ္ေတြ ေတာက္ေလွ်ာက္ျဖစ္ေနတယ္ဆိုတာကို ေျပာခ်င္ပါတယ္။”

ဒါ့အျပင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ရခိုင္ျပည္နယ္အတြင္းမွာ အခြန္ေကာက္ခံတာေတြ၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးလုပ္ငန္းေတြကို ၿပီးခဲ့တဲ့ ႏွစ္ေတြကစၿပီးေတာ့ တရား႐ုံးေတြ ဖြင့္လွစ္ၿပီးေတာ့ လုပ္ေဆာင္ေနပါတယ္။ ရခိုင္ျပည္သူေတြအေနနဲ႔လည္း ျပႆာနာေတြျဖစ္ လာရင္ ရခိုင္လက္နက္ကိုင္ AA တရား႐ုံးေတြမွာ ေျဖရွင္းၾကေနၾကသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးကို ပိုၿပီးခိုင္မာေအာင္ တည္ေဆာက္လာေနတာေတြ႕ေနရပါတယ္။

စစ္ေကာင္စီဘက္က ဒီကိစၥကို ေစာေစာပိုင္းက ဘာမွ မေျပာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ နည္းမ်ိဳးစုံနဲ႔ ဝင္ေရာက္ေႏွာင့္ယွက္ေနတာေၾကာင့္ ထိခိုက္မႈနစ္နာမႈေတြ ရွိေနတယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ဗြီအိုေအရဲ႕ ေမးျမန္းတာကို ျပန္လည္ ေျဖဆိုပါတ္ယ။

“စစ္ေကာင္စီက က်ေနာ္တို႔ တရားဥပေဒစိုးမိုးေရးနဲ႔ တရားစီရင္ေရးအပိုင္းေတြကို ေႏွာင့္ယွက္ေနတဲ့အတြက္ေၾကာင့္ တရားစီရင္ေရးတခုလုံးကို ထိလိုက္နစ္နာမႈမရွိေပမယ့္ အတိုင္းအတာ တခုအထိေတာ့ ထိခိုက္နစ္နာမႈရွိပါတယ္။ အထူးသျဖင့္ က်ေနာ္တို႔ တပ္အင္အား ျဖန႔္ က်က္မႈ အားနည္းေနတဲ့ ေနရာေတြမွာ စကစဘက္က နယ္ေျမစိုးမိုးမႈ ပိုရွိတဲ့ေနရာေတြမွာ သူတို႔ေတြရဲ႕ ေႏွာင့္ယွက္မႈေၾကာင့္ တရားစီရင္ေရး ဆုံးျဖတ္ရတဲ့အပိုင္းမွာ ေႏွာင့္ေႏွးၾကန႔္ၾကာတာေတြ ျဖစ္ေစပါတယ္။”

ဒါ့အျပင္ စစ္ေကာင္စီနဲ႔ AA အဖြဲ႔တို႔ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္မွာ ကုန္စည္စီးဆင္းမႈေတြကို စစ္ေကာင္စီက ကန႔္သတ္တာေတြ၊ ေဒသခံျပည္သူေတြရဲ႕ ခရီးသြားလာမႈေတြ ကန႔္သတ္ တားျမစ္တာေတြ ရွိေနသလို ေဒသခံျပည္သူေတြကို မၾကာခန ဖမ္းဆီး စစ္ေဆးေနတာေတြလည္းရွိေနပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ ရွိေနတဲ့ စစ္ေကာင္စီအဖြဲ႕ဝင္ ဝန္ႀကီးေတြ အပါအဝင္ စစ္ေကာင္စီနဲ႔ ပူးေပါင္းသူေတြကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ သတိေပးေစာင့္ၾကည့္ေနၿပီး လိုအပ္ရင္ လိုအပ္သလို ကိုင္တြယ္သြားဖို႔ရွိတယ္လို႔လည္း ရခိုင္လက္နက္ ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

“က်ေနာ္တို႔ ေစာင့္ၾကည့္ေနတယ္။ အထူးသျဖင့္ စစ္ေကာင္စီနဲ႔ေပါင္းၿပီးေတာ့ စီးပြားရွာေနတဲ့ သူေတြ၊ အထူးသျဖင့္ ရခိုင္ျပည္နယ္ အစိုးရထဲမွာရွိေနတဲ့ ဝန္ႀကီးေတြ အဲဒါေတြကို က်ေနာ္တို႔ အထပ္ထပ္ သတိေပးေျပာၾကားထားၿပီးျဖစ္ပါတယ္။ ဆိုေတာ့ ရခိုင္ျပည္သူေတြ လုံၿခဳံေရးနဲ႔ ရခိုင္ျပည္သူေတြ တိုးတက္မႈကို ေႏွာင့္ယွက္ဖ်က္စီးေနတဲ့သူေတြ အထူးသျဖင့္ ရကၡိတ လမ္းစဥ္ ကို အေႏွာင့္အယွက္ေပးေနတဲ့လူေတြကို က်ေနာ္တို႔ လိုအပ္ရင္ လိုအပ္သလိုကိုင္တြယ္ေဆာင္႐ြက္သြားမွာျဖစ္တယ္။”

လက္ရွိရခိုင္ျပည္နယ္မွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား တဘက္နဲ႔ တဘက္ အျပန္အလွန္ဖမ္းဆီးမႈေတြ ရွိေနၿပီး AA အဖြဲ႔ဘက္က စစ္ေကာင္စီနဲ႔ ဆက္စပ္သူေတြ၊ စစ္ေကာင္စီတပ္သားေတြကို ဖမ္းဆီးတာေတြရွိသလို စစ္ေကာင္စီဘက္ကလည္း AA နဲ႔ ဆက္ႏြယ္ပတ္သက္တဲ့ ရခိုင္ေဒသခံေတြကို စစ္ေဆးဖမ္းဆီးတာေတြ ရွိေနပါတယ္။ ဇူလိုင္လအတြင္း ေမာင္ေတာ ေျမာက္ပိုင္းမွာျဖစ္ပြားခဲ့တဲ့တိုက္ပြဲမွာ စစ္ေကာင္စီ တပ္သား ၁၄ ဦးကို ဖမ္းဆီးမိတယ္ ဆိုၿပီး AA ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ႏွစ္ဘက္ စစ္ေရးတင္းမာမႈေတြ တိုးလာတာနဲ႔အမွ် ခရီးသြားလာခြင့္ေတြကို စစ္ေကာင္စီဘက္က ကန႔္သတ္ စစ္ေဆးတာေတြ ရွိေနၿပီး လုံၿခဳံေရးစိုးရိမ္ရတာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့ စစ္ေျပးဒုကၡသည္ေတြလည္း ရခိုင္ ေျမာက္ ပိုင္းမွာ ၇ ေသာင္း နီးပါးရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေး စစ်ကောင်စီ နှောင့်ယှက်နေ (AA ပြောခွင့်ရ)

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ ဒီကာလအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့ ပစ်ခတ်မှုတွေ နေ့တိုင်းနီးပါးရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ပြောပါတယ်။ ဒါ့အပြင် AA အဖွဲ့ကလုပ်နေတဲ့ တရားစီရင်ရေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီဘက်က နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာကြောင့် ထိခိုက်မှုတွေရှိနေတယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေ့တိုင်းနီးပါး AA အဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဘက် ပစ်ခတ်မှုတွေရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ Online သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“အခုလက်ရှိလည်း မောင်တောမြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်မှာတိုက်ပွဲတွေ တောက် လျှောက်ဖြစ်လို့ရှိတယ်၊ ဒီနေ့လည်း ဖြစ်လို့ဆိုရင် ရှိနိုင်တယ်၊ လောလောဆယ်တော့ တိုက်ပွဲငယ်တွေ တောက်လျှောက်ဖြစ်နေတယ်ဆိုတာကို ပြောချင်ပါတယ်။”

ဒါ့အပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခွန်ကောက်ခံတာတွေ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ နှစ်တွေကစပြီးတော့ တရားရုံးတွေ ဖွင့်လှစ်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ပြဿာနာတွေဖြစ် လာရင် ရခိုင်လက်နက်ကိုင် AA တရားရုံးတွေမှာ ဖြေရှင်းကြနေကြသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကို ပိုပြီးခိုင်မာအောင် တည်ဆောက်လာနေတာတွေ့နေရပါတယ်။

စစ်ကောင်စီဘက်က ဒီကိစ္စကို စောစောပိုင်းက ဘာမှ မပြောခဲ့ပေမယ့် နောက်ပိုင်းမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်နှောင့်ယှက်နေတာကြောင့် ထိခိုက်မှုနစ်နာမှုတွေ ရှိနေတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေရဲ့ မေးမြန်းတာကို ပြန်လည် ဖြေဆိုပါတ်ယ။

“စစ်ကောင်စီက ကျနော်တို့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးအပိုင်းတွေကို နှောင့်ယှက်နေတဲ့အတွက်ကြောင့် တရားစီရင်ရေးတခုလုံးကို ထိလိုက်နစ်နာမှုမရှိပေမယ့် အတိုင်းအတာ တခုအထိတော့ ထိခိုက်နစ်နာမှုရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ တပ်အင်အား ဖြန့် ကျက်မှု အားနည်းနေတဲ့ နေရာတွေမှာ စကစဘက်က နယ်မြေစိုးမိုးမှု ပိုရှိတဲ့နေရာတွေမှာ သူတို့တွေရဲ့ နှောင့်ယှက်မှုကြောင့် တရားစီရင်ရေး ဆုံးဖြတ်ရတဲ့အပိုင်းမှာ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်စေပါတယ်။”

ဒါ့အပြင် စစ်ကောင်စီနဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်မှာ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ကန့်သတ်တာတွေ၊ ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာမှုတွေ ကန့်သတ် တားမြစ်တာတွေ ရှိနေသလို ဒေသခံပြည်သူတွေကို မကြာခန ဖမ်းဆီး စစ်ဆေးနေတာတွေလည်းရှိနေပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေ အပါအဝင် စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ သတိပေးစောင့်ကြည့်နေပြီး လိုအပ်ရင် လိုအပ်သလို ကိုင်တွယ်သွားဖို့ရှိတယ်လို့လည်း ရခိုင်လက်နက် ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ကျနော်တို့ စောင့်ကြည့်နေတယ်။ အထူးသဖြင့် စစ်ကောင်စီနဲ့ပေါင်းပြီးတော့ စီးပွားရှာနေတဲ့ သူတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ် အစိုးရထဲမှာရှိနေတဲ့ ဝန်ကြီးတွေ အဲဒါတွေကို ကျနော်တို့ အထပ်ထပ် သတိပေးပြောကြားထားပြီးဖြစ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်သူတွေ လုံခြုံရေးနဲ့ ရခိုင်ပြည်သူတွေ တိုးတက်မှုကို နှောင့်ယှက်ဖျက်စီးနေတဲ့သူတွေ အထူးသဖြင့် ရက္ခိတ လမ်းစဉ် ကို အနှောင့်အယှက်ပေးနေတဲ့လူတွေကို ကျနော်တို့ လိုအပ်ရင် လိုအပ်သလိုကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တဘက်နဲ့ တဘက် အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိနေပြီး AA အဖွဲ့ဘက်က စစ်ကောင်စီနဲ့ ဆက်စပ်သူတွေ၊ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးတာတွေရှိသလို စစ်ကောင်စီဘက်ကလည်း AA နဲ့ ဆက်နွယ်ပတ်သက်တဲ့ ရခိုင်ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပါတယ်။ ဇူလိုင်လအတွင်း မောင်တော မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၁၄ ဦးကို ဖမ်းဆီးမိတယ် ဆိုပြီး AA ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဘက် စစ်ရေးတင်းမာမှုတွေ တိုးလာတာနဲ့အမျှ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီဘက်က ကန့်သတ် စစ်ဆေးတာတွေ ရှိနေပြီး လုံခြုံရေးစိုးရိမ်ရတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ရခိုင် မြောက် ပိုင်းမှာ ၇ သောင်း နီးပါးရှိနေပါတယ်။

XS
SM
MD
LG