သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ - ေမာင္ေတာက ျပန္ေပးဆြဲခံပညာေရးဝန္ထမ္းႏွစ္ဦး လြတ္ေျမာက္ 


ရခုိင္ျပည္နယ္ပညာေရးမႉ̔႐ံုး။ (ဓာတ္ပံု-ရခုိင္ျပည္နယ္ပညာေရးမႉး႐ံုး FB)


[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ျပန္ေပးဆြဲခံထားရတဲ့ ပညာေရးဝန္ထမ္းႏွစ္ ဦးကို ဒီကေန႔ ဇြန္လ ၂၃ ရက္ မနက္ပိုင္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇာခ႐ိုင္၊ ၿခံေခ်ာင္းေက်း႐ြာအနီးမွာ ျပန္လႊတ္ေပးလိုက္ပါၿပီ။ လြတ္ေျမာက္လာသူ ပညာေရး ဝန္ထမ္းႏွစ္ဦးကို ဘဂၤလားေဒ့ရွ္အစိုးရက စစ္ေဆးေမးျမန္းဖို႔ ေခၚေဆာင္ထားၿပီး ျမန္မာႏိုင္ငံကို ျပန္လည္လႊဲေျပာင္းေပးဖို႔ရွိတယ္လို႔ ကယ္ဆယ္ေရးဦးေဆာင္သူက VOA ကိုေျပာပါတယ္။ ဒီအေၾကာင္းအျပည့္စုံ ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇြန္လ ၁၆ ရက္ေန႔က ျပန္ေပးဆြဲ ခံထားရတဲ့ ပညာေရးဝန္ထမ္းႏွစ္ဦးကို ဒီကေန႔ မနက္ပိုင္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇာခ႐ိုင္၊ ၿခံေခ်ာင္းေက်း႐ြာ အနီးမွာ ျပန္ေပးသမားေတြက လႊတ္ေပးခဲ့တာ ျဖစ္တယ္လို႔ ျပန္လြတ္လာသူႏွစ္ဦးနဲ႔ အဆက္အသြယ္ရတဲ့ နံ႔သာေတာင္ဆရာေတာ္ ေဒါက္တာဘဒၵႏၲစရဏက VOA ကို အတည္ျပဳပါတယ္။

လက္ရွိမွာေတာ့ ျပန္လြတ္လာတဲ့ ပညာေရးဝန္ထမ္းႏွစ္ဦးကို စစ္ေဆးေမးျမန္းစရာရွိတယ္ဆိုၿပီး ဘဂၤလားေဒ့ရွ္အစိုးရက ထိန္းသိမ္းထားတယ္လို႔ ဆရာေတာ္က အခုလို မိန႔္ပါတယ္။

“သိရသေလာက္ကေတာ့ ျပန္လြတ္လာတဲ့ ဆရာနဲ႔ဆရာမကို ဘဂၤလားေဒ့ရွ္ အစိုးရကစစ္ေဆးေမးျမန္းစရာရွိတယ္ဆိုၿပီးေတာ့ ေခၚသြားတယ္။ ျမန္မာအစိုးရဘက္ကိုေတာ့ လႊဲေပးမယ္ေပါ့ေနာ္။ အဲေလာက္ပဲ သိရေသးတယ္။ က်န္တဲ့ဟာ ဘာမွမသိရ ေသးဘူး ဟုတ္။ ”

ျပန္းေပးဆြဲ ခံထားရတဲ့ ပညာေရးဝန္ထမ္းႏွစ္ဦး ျပန္လည္း လြတ္ေျမာက္ေရးအတြက္ ျပန္ေပးသမားေတြေတာင္းတဲ့ ေငြေတြကို မိသားစုဝင္ေတြက လႊဲေပးၿပီးေနာက္ပိုင္းမွာ အခုလို ျပန္လႊတ္ေပးလိုက္တာျဖစ္ပါတယ္။ ဒါေပမယ့္ ပညာေရးဝန္ထမ္းႏွစ္ ဦးကို ျပန္ေပးဆြဲခဲ့တဲ့သူေတြဟာ ဘယ္သူလဲဆိုတာ သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ အခုထိ ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသးပါဘူး။

ျပန္လြတ္လာတဲ့ ပညာေရးဝန္ထမ္းႏွစ္ဦးကိစၥနဲ႔ ပတ္သက္ၿပီး အေသးစိတ္သိရဖို႔ မိသားစုဝင္ေတြ အပါဝင္ ပညာေရးတာဝန္ရွိသူနဲ႔ ရခိုင္ျပည္နယ္ စစ္ေကာင္စီေျပာခြင့္ရသူကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားခ်က္မရရွိေသးပါဘူး ခင္ဗ်ား။

#ရခုိင္ျပည္နယ္ပညာေရးဝန္ထမ္းႏွစ္ဦး #ျပန္ေပးဆြဲ #ေမာင္ေတာၿမိဳ႕နယ္ #ဗီြအိုေအ

============

ရခိုင် - မောင်တောက ပြန်ပေးဆွဲခံပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်
[Unicode]]

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ် ဦးကို ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာခရိုင်၊ ခြံချောင်းကျေးရွာအနီးမှာ ပြန်လွှတ်ပေးလိုက်ပါပြီ။ လွတ်မြောက်လာသူ ပညာရေး ဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်ထားပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးဖို့ရှိတယ်လို့ ကယ်ဆယ်ရေးဦးဆောင်သူက VOA ကိုပြောပါတယ်။ ဒီအကြောင်းအပြည့်စုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပြန်ပေးဆွဲ ခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာခရိုင်၊ ခြံချောင်းကျေးရွာ အနီးမှာ ပြန်ပေးသမားတွေက လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြန်လွတ်လာသူနှစ်ဦးနဲ့ အဆက်အသွယ်ရတဲ့ နံ့သာတောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစရဏက VOA ကို အတည်ပြုပါတယ်။

လက်ရှိမှာတော့ ပြန်လွတ်လာတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ထိန်းသိမ်းထားတယ်လို့ ဆရာတော်က အခုလို မိန့်ပါတယ်။

“သိရသလောက်ကတော့ ပြန်လွတ်လာတဲ့ ဆရာနဲ့ဆရာမကို ဘင်္ဂလားဒေ့ရှ် အစိုးရကစစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ မြန်မာအစိုးရဘက်ကိုတော့ လွှဲပေးမယ်ပေါ့နော်။ အဲလောက်ပဲ သိရသေးတယ်။ ကျန်တဲ့ဟာ ဘာမှမသိရ သေးဘူး ဟုတ်။ ”

ပြန်းပေးဆွဲ ခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်လည်း လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေတောင်းတဲ့ ငွေတွေကို မိသားစုဝင်တွေက လွှဲပေးပြီးနောက်ပိုင်းမှာ အခုလို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ပညာရေးဝန်ထမ်းနှစ် ဦးကို ပြန်ပေးဆွဲခဲ့တဲ့သူတွေဟာ ဘယ်သူလဲဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုထိ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

ပြန်လွတ်လာတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ မိသားစုဝင်တွေ အပါဝင် ပညာရေးတာဝန်ရှိသူနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားချက်မရရှိသေးပါဘူး ခင်ဗျား။

#ရခိုင်ပြည်နယ်ပညာရေးဝန်ထမ်းနှစ်ဦး #ပြန်ပေးဆွဲ #မောင်တောမြို့နယ် #ဗွီအိုအေ

============

XS
SM
MD
LG